နှင်းငွေ့ဝေဝေ အောင်လံမွေ့မွေ့ ပန်းများပွင့်သောနေ့
တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲ ဂုဏ်ပြုဆောင်းပါး
ရွှေဝါရောင်နုနု နေကြာရိုင်းများ စီစီရီရီဖူးပွင့်နေသော ပန်းမြို့တော်ပြင်ဦးလွင်၏ ဆောင်းနံနက်ခင်းဟူသည်က ကျွန်ုပ်၏ ရင်တွင်း၌စွဲထင်ကျန်ရစ်နေသည့် ပန်းချီကား တစ်ချပ်နှယ်ပင်ဖြစ်သည်။ မရောက်ဖူးကြ ရင်သာနေမည် ပြင်ဦးလွင်မြို့ဟူသည့် အမည်ကိုတော့ မြန်မာနိုင်ငံသားတိုင်း လိုလိုသိထားကြ၏။ ထိုအချက်က အခြား မြို့များ နှင့်မတူ တစ်မူထူးခြားသည့် ပြင်ဦးလွင်မြို့၏ ဝိသေသထူးတစ်ရပ်ပင် ဖြစ်သည်။
![](http://myawady.net.mm/sites/default/files/styles/medium/public/viber_image_2020-12-07_19-43-13_1.jpg?itok=bU4NXeXg)