ဆောင်းပါးများ

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်(၃)

ဤဆောင်းပါးကို ဖော်ပြရန်ကျန်ရှိသော ရန်ကုန်တက္ကသိုလ်မှ အခြေခံသိပ္ပံပညာ ထူးချွန်ဆုရ ရောင်းရင်း များနှင့် အစပြုလိုပါသည်။

သိပ္ပံချွန်များ

ကျွန်တော်တို့ရရှိခဲ့ကြသော အခြေခံ သိပ္ပံပညာချွန်ဆုကို ၁၉၆၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ်က  ပညာရေးဝန်ကြီးမှာ ဒေါက်တာညီညီဖြစ်၏။ ပညာရေးဝန်ကြီး သာယာဝတီဘက်သွားသည့် ခရီးစဉ်တွင် အထက်တန်းကျောင်းကို သွားရောက်စစ်ဆေးစဉ် သင်္ချာအလွန်ထူးချွန်သော ကျောင်းသားငယ်တစ်ဦးကို တွေ့ရှိရာမှ ဤစီမံကိန်းအစပြုသည်ဟု ကြားသိရသည်။

ဆောင်းရာသီ ရေချိုးမကြောက်သင့်

ရှေးလူကြီးများက ရေချိုးချိန်ကို နွေ ကိုး၊ မိုး တစ်ဆယ်၊ ဆောင်း ဆယ့်တစ်လို့ ဆိုကြတယ်။ ဒါကြောင့်   ဆောင်းရာသီမှာ နံနက် ၁၁ နာရီတွင် ရေချိုးခြင်းက သင့်လျော်ပါတယ်။ ချမ်းအေး၍ ရေချိုးရခက်နေပါက   ဦးစွာသွားတိုက်ပါ၊ ပြီးမှ ရေချိုးပါ။

နာတာရှည် အဆုတ်ပွ လေပြွန် ကျဉ်းရောဂါ သတိပြုကာကွယ်ကုသပါ

နာတာရှည်အဆုတ်ပွ လေပြွန် ကျဉ်းရောဂါ (Chronic  Obstructive Airway  Disease) သည် လူတို့ ၏ အဆုတ်၊ လေပြွန် များတွင် အမြဲရောင်ရမ်းနေစေကာ လေဝင်လေထွက် လမ်းကြောင်းတို့  ကျဉ်းသွားခြင်းကြောင့်  ဖြစ်ရ သော ပြဿနာဖြစ်သည်။

နာတာရှည် အဆုတ်ရောဂါတစ်မျိုး  ဖြစ်သည်။  တဖြည်းဖြည်း ရောဂါဆိုးရွားနိုင်သည်။ အားလုံး သိထားကြသော ပန်းနာရင်ကျပ်ရောဂါနှင့် မတူကွဲပြားသည်။ ရင်ကျပ်ရောဂါသည် ဓာတ်မတည့်သော အကြောင်းအရာ တစ်ခုကြောင့် ချက်ချင်း အဆုတ် လေပြွန် များ တစ်ခဏအတွင်း ကျဉ်းမြောင်းလာမှုကြောင့်  ရောဂါဝေဒနာ ခံစားရ သည်။ ရင်ကျပ် ရောဂါနှင့် တူသလိုလိုနှင့် ကွဲပြားသည်။

ဂျိုးဘိုင်ဒင်လက်ထက် နျူကလီးယား သဘောတူစာချုပ်ထဲ ပြန်ဝင်လာရန် မျှော်လင့်နေသည့်အီရန်

ဒုတိယကမ္ဘာစစ်ကို နျူကလီးယားလက်နက်ဖြင့် အဆုံးသတ်ပြီးကတည်းက  ကမ္ဘာပေါ်ရှိ လူသားတို့ အလိုချင်ဆုံး နည်းပညာက နျူကလီးယားနည်းပညာ ဖြစ်လာသည်။ ကမ္ဘာဖျက်လက်နက်အဖြစ် အသုံးပြုနိုင်သကဲ့သို့  သန့်ရှင်းစွမ်းအင်အရင်းအမြစ် အဖြစ်လည်း အသုံးပြုနိုင်သည်။ ထို့ကြောင့် ၁၉၆၀ ပြည့်နှစ် ကျော်က  နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံကြီးများပေါ

အမျိုးသားပညာရေး သမိုင်း မှတ်တိုင်မှသည် ရာပြည့်အမျိုးသားနေ့ ဆီသို့

နှစ်တစ်ရာတွင် ကြုံတောင့်ကြုံခဲ   ကြုံရသည့် အမျိုးသားနေ့သည်ကား အမျိုးသားရေး   နိုးကြား ထက်သန်မှု သည် တိုင်းပြည်နှင့် လူမျိုးအတွက် အဘယ်မျှ အရေးပါသည်ကို  နိုင်ငံ၏အတိတ်စာမျက်နှာများက  ဖော်ကျူး ဂုဏ်ပြုနေမည်ဖြစ်သည်။ အောက်မြန်မာပြည်ကို နယ်ချဲ့တို့သိမ်းပြီး သုံးနှစ်ခန့်အကြာ ၁၈၅၅ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျောင်းသားလေး၊ ငါးယောက်မျှဖြင့် ထူထောင်ခဲ့သော အစိုးရအလယ်တန်းကျောင်း ရှိ၏။ ၁၈၆ဝ ပြည့်နှစ် မတ်လတွင် ကျောင်းသား ၆၈ဦးအထိ တိုးတက်ခဲ့သော်လည်း နောက်နှစ်နှစ်တွင် ကျောင်းသားနည်းပါး၍ ခေတ္တပိတ်လိုက်ရ၏။ ၁၈၇၂  ခုနှစ်တွင် အထက်တန်းကျောင်းဖြစ်လာခဲ့သော်လည်း နောက်သုံးနှစ်ကြာမှ အဋ္ဌမတန်း ကို စတင်ဖွင

COVID-19 ရောဂါကာလအလွန် ကမ္ဘာ့စီးပွားရေးနာလန်ထူမှုနှင့် လူမှုဘဝဘေးကင်းလုံခြုံရေးအလားအလာ

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာ အရေးပါတဲ့ အစည်းအဝေးကြီးသုံးခု  ကျင်းပခဲ့ တာတွေ့ရပါတယ်။  အဲဒီအစည်းအဝေး ကြီးသုံးခုကတော့  (၁၂)  ကြိမ်မြောက် BRICS ထိပ်သီးဆွေးနွေးပွဲ၊ (၁၅) ကြိမ် မြောက် G-20 ထိပ်သီးဆွေးနွေးပွဲနဲ့ (၂၇) ကြိမ်မြောက်   အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းမှုဆိုင်ရာ   ဆွေးနွေးပွဲတွေပဲဖြစ် ပါတယ်။ အဆိုပါ ထိပ်သီး

အရေးကြီးပြီ သွေးစည်းကြစို့ (၁၉၇၁ခုနှစ်၊ အမျိုးသားစာပေဆုရ ၀တ္ထုရှည်)

ယမန်နေ့မှအဆက်

ယခုအထိ အစွမ်းကုန်လုပ်နိုင်သည်မှာ ရော်ဘာအရုပ်၊ ရော်ဘာဖိနပ်သာဖြစ်သည်။ သည်းကြိုးခဏခဏ ပြတ်သည့် ရော်ဘာဖိနပ်၊  ဂျပန်ဖိနပ်ကိုခြေဖျားပင်မမီသည့် ရော်ဘာဖိနပ်။   စင်ရော်တိုင်းတွင်  ခေတ်မီ မော်တော် ကားတာယာ စက်ရုံကြီးများ ဆောက်လိုက် ရလျှင် နိုင်ငံခြားငွေမည်မျှသက်သာမည်နည်း။

လမ်းဘေး အစားအစာနှင့် သတိပြု စရာ

လမ်းဘေးအစားအစာမရှောင်နိုင်သေးတဲ့ လူ့အဖွဲ့အစည်းမှာ အစားအသောက်က ဖြစ်ပွားတဲ့၊ ကူးစက် နိုင်တဲ့ ရောဂါ များ အသင့်စောင့်ကြို နေမှာပဲဖြစ်တယ်။

ဘယ်စားသောက်ဆိုင်ကမှ အင်အော်ဂဲနစ်၊ အော်ဂဲနစ် ရွေးမနေပါဘူး။ အသားလတ်ဆတ်သလား။ ခေါက်ဆွဲ ဖတ်၊ မုန့်ဟင်းခါးဖတ် ဖော်မလင်သုံးသလား။ ဓာတု ဆိုးဆေးနဲ့၊ အရောအနှောကင်းသလား။ အကြော်ခံဆီ၊ ပြည့်ဝဆီ သုံးသလား။ မပြည့်ဝဆီသုံးသလား ဘယ်သူမှ စစ်ဆေးပေးနေတာမျိုးမရှိသလို၊ သန့်ရှင်းစင်ကြယ်မှု၊ ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး (Hygiene) တို့ အာမခံချက်မရှိဘဲ ကြုံသလို ချက်ပြုတ်ထားတာ များပါတယ်။

ဗြိတိန် ဘာကြောင့်လိပ်ခဲတည်းလည်း ဖြစ်နေရတာလဲ

ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဥရောပသမဂ္ဂမှ ဗြိတိန်တရားဝင်ခွဲထွက်ရေး၊ မထွက်ရေး ဆွေးနွေးပွဲနောက်တစ်ခု ကျင်းပခဲ့ပြန်ပြီဖြစ်သည်။ သို့သော် နှစ်ရက်တာရလဒ်များက ထင်သလောက်မကောင်းခဲ့ဘဲ    ယခင်အတိုင်းပင် လိပ်ခဲတည်းလည်း အခြေအနေတွင် ရပ်တန့်ခဲ့ပြန်သည်။