သမားကောင်းဇာနည် အောင်စစ်သည်များ ထွင်းထားကျောက်ထက် ကမ္ပည်းတင်စေ
ဥတုသုံးလီတွင် နွေရာသီပါရှိခြင်း မရှိတော့ဘဲ မိုးနှင့်ဆောင်းရာသီ နှစ်မျိုးသာရှိသော နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မိုးသားများကဝေ့ဝဲ အုံ့မှိုင်းကာ တအုံတမ ရွာချလျက်ရှိသည်။ မိုးရေတို့ဖြင့် လိမ်းကျံနေသော မြေနီသားများသည်လည်း တစ်ဆယ့်နှစ်ရာသီ စေးထန်းနေ၏။ စေးထန်းနေသော မြေနီသားများသည် ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နာဂဒေသရှိ ဒေသခံပြည်သူများ၏ ကျန်းမာရေး မြှင့်တင်ပေးရန်အတွက် ဆရာဝန် လိုအပ်ချက်ရှိသော ဆေးရုံများတွင် မိမိသဘော ဆန္ဒအလျောက် လာရောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုသည့် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ၏ ခြေလှမ်းတိုင်းတွင် အလုံးအထွေး တွဲခိုနေလျက်ရှိသည်။ သူတို့သည် မိုးရေကိုလည်း မ