အဝေးထိန်းစက်သေနတ်ဖြင့် လုပ်ကြံခံလိုက်ရသည့် အီရန်နျူကလီးယားပညာရှင်
ကမ္ဘာပေါ်၌ ရေနံပေါကြွယ်ဝမှုနှင့်အတူ စစ်ပွဲများကို ယူဆောင်လာသည့် နေရာမှာ အရှေ့အလယ်ပိုင်း ဒေသဖြစ်ပြီး ယင်းဒေသ၌ စစ်ပွဲတစ်ခုမဟုတ်တစ်ခု အမြဲရှိနေသည်။ ဆွန်နီနှင့် ရှီးယိုက်ဘာသာရေးရန်ဘက် အင်အားကြီးနှစ်နိုင်ငံ၏ မကျေနပ်မှုများက ဒေသတွင်းရှိ တူရာတူရာ အုပ်စုများသို့ စစ်လက်နက်များ ပံ့ပိုးပေးကြရင်း စစ်ပွဲများ ပိုမိုပြင်းထန်လာသဖြင့် အရှေ့အလယ်ပိုင်းဒေသ၌ ဆက်ဆံရေး တင်းမာမှုများ လျော့ကျသွားမည့် အခြေအနေမရှိပေ။
![](http://myawady.net.mm/sites/default/files/styles/medium/public/olp12.jpg?itok=GuYvMcGB)