ဆောင်းပါးများ

အရမ်းမဲ့ မသုံးသင့်သော တိုင်းရင်းဆေးများ

မည်သည့်ဆေးဝါးမဆို ဘေးဥပဒ်နှင့် မကင်းပါ။ အနောက်တိုင်း ဆေးဝါးများတွင် ကောင်းကျိုးနှင့် ယှဉ်တွဲ၍ မလိုလားအပ်သော ဘေးဥပဒ်များ ရှိကြောင်း လူအတော်များများ သိပြီးဖြစ်ကြသည်။ ဥပမာအားဖြင့် အကိုက်အခဲပျောက်ဆေးများ သုံးစွဲခြင်းလွန်ကဲလျှင်  အစာအိမ်သွေးကြောများ ပေါက်တတ်ကြောင်းကို ဆေးပညာရှင်များက အမြဲသတိပေး နေကြသည်။

တိုင်းရင်းဆေးဝါးများသည်လည်း ထိုကဲ့သို့ ကောင်းကျိုးနှင့်ယှဉ်တွဲ၍ မလိုလားအပ်သော ဘေးဥပဒ်များ ရှိကြောင်းကိုမူ သိသူအလွန် နည်းပါးလှသည်။ မြန်မာဆေးပဲ  ဘာမှအန္တရာယ် မရှိပါဘူးဟု  ပြောကြကာ ထင်သလိုစားသုံးကြ၊ ထင်သလိုကြော်ငြာ ရောင်းချတတ်ကြသည်။

COVID-19 ရောဂါကာကွယ်ဆေးနှင့် မြန်မာနိုင်ငံအတွင်း အမြန်ဆုံး ထိုးနှံနိုင်ရေး အလားအလာ

COVID-19 ကပ်ရောဂါသည် ယနေ့ကမ္ဘာပေါ်တွင် လူပေါင်းသန်း ၆ဝ ကျော်ဖြစ်ပွားခဲ့ပြီး  ယခုထိတိုင် ကူးစက်နှုန်း မြင့်မားလျက်ရှိသည်။ သေဆုံးသူများမှာလည်း တစ်ကမ္ဘာလုံး ၁၆ သိန်းကျော်အထိ ရောက်ရှိလာခဲ့သည်။  မြန်မာနိုင်ငံတွင်လည်း ယနေ့အထိ ကူးစက်ခံရသူပေါင်းမှာ  တစ်သိန်းကျော် ရှိလာကာ သေဆုံးသူ ဦးရေမှာလည်း ၂ဝဝဝ ကျော်ထိ မြင့်တက်လာခဲ့သည်။

ပြန်လည် အသက်ဝင်လာမည့် ၂၀၁၅ ပဲရစ်သဘောတူညီချက်

ဒီဇင်ဘာ ၁၃ ရက်က ကမ္ဘာ့နိုင်ငံပေါင်း ၇၀  ကျော်  ပဲရစ်သဘောတူညီချက်ဟု လူသိများသည့်    ကုလသမဂ္ဂ   ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံ   (COP21) ငါးနှစ်ပြည့် အထိမ်းအမှတ်    အွန်လိုင်း ညီလာခံ ကျင်းပခဲ့ကြပြီး  ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုကို  အားကောင်းကောင်းဖြင့် တိုက်ဖျက်နိုင်ရန်ဖြစ်သည်။

သမိုင်းဂုဏ်အပြည့် ဥပဓိနှင့် သံမဏိမော်ကွန်း

ခရစ်နှစ် ၂ဝ၂ဝ ပြည့်နှစ်။

လ အားဖြင့် ဒီဇင်ဘာလဖြစ်သည်။ ဒီဇင်ဘာလ ဆိုတော့...သည်နှစ်၏ နောက်ဆုံးလ၊ ဆောင်းဥတု ကာလပေါ့။ ဆောင်းရာသီဥတု၏ အထိအတွေ့၊ အပွေ့အဖက်မှာ ချမ်းချမ်းမြေ့မြေ့၊ အေးအေးစိမ့်စိမ့်ပြီးတော့ ကိုယ်စားပြု သင်္ကေတမှာ ငွေနှင်းမြူနှင့် သဇင်ပန်း၊ ဆိုလိုသည်က ဖြူစင်ခြင်းနှင့် မွှေးမြခြင်းဖြစ်သည်။

ယင်းရုပ်ပုံလွှာ အခင်းအကျင်းများသည်  ပုံမှန်သဘောသဘာဝ အစဉ်အလာ အလှတရားများပင်၊ တကယ်တော့ အေးချမ်းမှုနှင့်  သန့်ရှင်းစင်ကြယ်မှုတို့မှာ ဆောင်း၏နိမိတ်၊ ဆောင်းပုံရိပ်နှင့် ဆောင်း၏ အဝန်းအဝိုင်းအတွင်း ခံစားရသော ရသများပင်တည်း။

အမျိုးသားရေးအမြင် ကျမ်းစာပေအသွင်

မြန်မာမှုတွင် စာပေကျမ်းဂန်ဆိုသည့် ဝေါဟာရကို အတော်ပင်ယဉ်ပါးပြီးဖြစ်သည်ဟု  ယူဆပေသည်။

စာတတ်ပေတတ်ရော စာပေနှင့်ကျွမ်းဝင်မှု မရှိသူများပါ ဖြစ်လေသည်။ ဂုဏ်သိက္ခာရှိခြင်း၊ တန်ဖိုးကြီးမားခြင်း သဘောဖြင့်   အလေးထား သုံးစွဲခြင်းမျိုးဖြစ်သည်။

အနီရောင်အသားများမှ ပေးသော နာမကျန်းမှု

ကျွန်မတို့သည် သက်ရှည်ကျန်းမာဖို့ အစာအာဟာရများ မှီဝဲသုံးဆောင်ကြရသည်။ အစာအာဟာရများ မှီဝဲသုံးဆောင်ခြင်းဆိုရာတွင် အသားငါး၊ ဟင်းသီးဟင်းရွက်များ၊ အစေ့အဆန်များ၊ မုန့်ပဲသရေစာများကို မျှတစွာ သုံးဆောင်ကြရသည်။ ယခုနှစ်များ အတွင်းတွင်မူ မြန်မာနိုင်ငံတွင် အသားစားသုံးမှုနှုန်းသည် မြင့်တက်လျက်ရှိသည်ကို လေ့လာမှုများအရ သိရသည်။

ဂျိုးဘိုင်ဒင်လက်ထက် အဆုံးသတ်သွားနိုင်သည့် အမေရိကန်-တရုတ်ကုန်သွယ်ရေးစစ်ပွဲ

အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ သမ္မတဒေါ်နယ်ထရမ့် လက်ထက်တွင် အဆိုးရွားဆုံးအနေအထားသို့ ရောက်ရှိပြီး ကုန်သွယ်ရေးစစ်ပွဲအသွင်ဆောင်ခဲ့သော်လည်း ဂျိုးဘိုင်ဒင်လက်ထက် နှစ်နိုင်ငံဆက်ဆံရေး အလားအလာများ အကောင်းဘက်ကို ဦးတည်လာသည်။

မြန်မာ့ယဉ်ကျေးမှုကို ဖော်ပြနေသော မြန်မာတို့၏မူပိုင် ကရဝိက်ဖောင်တော်

ကရဝိက်သည် ငှက်အမျိုးအစားဝင်ဖြစ်သည်ဟု ရှေးပညာရှင်များ၏ ဆိုစကားအရ မှတ်သားခဲ့ရပြီး မြန်မာအဘိဓာန်အကျဉ်းချုပ်၌လည်း  ငှက်တစ်မျိုးဟုပင် ဆိုထားသည်။

အမေရိကန်သမ္မတအပြောင်းအလဲနှင့် အီရန်မှထွက်ပေါ်လာနိုင်သည့်တိုက်ခိုက်မှု

အရှေ့အလယ်ပိုင်းဒေသတွင် တပ်ဖြန့်ထားသည့် အမေရိကန်တပ်ဖွဲ့များသည် ၎င်းတို့အပေါ် ကျရောက်လာ နိုင်သည့် စစ်ရေးတိုက်ခိုက်မှုများကို ကာကွယ်နိုင်ရေးအတွက်  တပ်လှန့်ထားလျက်ရှိသည်။  

ဒေါ်နယ်ထရမ့်၏ အမေရိကန်သမ္မတအဖြစ် ထမ်းဆောင်သော နောက်ဆုံးနေ့ရက်များအတွင်း  အရှေ့အလယ် ပိုင်းဒေသရှိ အမေရိကန်တပ်များအပေါ် တိုက်ခိုက်ရန် အီရန်က ပြင်ဆင်လျက်ရှိသည်ဟု သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်တပ်များက လုံခြုံရေးကို တိုးမြှင့်ချထားပြီး တပ်လှန့်ထားခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်(၃)

ဤဆောင်းပါးကို ဖော်ပြရန်ကျန်ရှိသော ရန်ကုန်တက္ကသိုလ်မှ အခြေခံသိပ္ပံပညာ ထူးချွန်ဆုရ ရောင်းရင်း များနှင့် အစပြုလိုပါသည်။

သိပ္ပံချွန်များ

ကျွန်တော်တို့ရရှိခဲ့ကြသော အခြေခံ သိပ္ပံပညာချွန်ဆုကို ၁၉၆၉ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပါသည်။ ထိုစဉ်က  ပညာရေးဝန်ကြီးမှာ ဒေါက်တာညီညီဖြစ်၏။ ပညာရေးဝန်ကြီး သာယာဝတီဘက်သွားသည့် ခရီးစဉ်တွင် အထက်တန်းကျောင်းကို သွားရောက်စစ်ဆေးစဉ် သင်္ချာအလွန်ထူးချွန်သော ကျောင်းသားငယ်တစ်ဦးကို တွေ့ရှိရာမှ ဤစီမံကိန်းအစပြုသည်ဟု ကြားသိရသည်။