နိုင်ငံတကာသတင်း

လာအိုနိုင်ငံ၌ H5N1  ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ

 

လာအိုနိုင်ငံ၌ H5N1  ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ

 

    လာအိုနိုင်ငံ ဗီယန်ကျင်းမြို့ ရှေသာနီ အရပ်ရှိ ဈေးတစ်ခု၌ H5N1 ကြက်ငှက် တုပ်ကွေးရောဂါပိုးကို ရှာဖွေတွေ့ရှိကြောင်း မွေးမြူရေးနှင့်ရေလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါဈေးမှရယူထားသော ကြက်နမူနာ ၆၅ ခုအနက် ၃၀ တွင်  H5N1 ကြက်ငှက် တုပ်ကွေးရောဂါပိုးတွေ့ရှိကြောင်း စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီးဌာနက အတည်ပြု ထားသည်ဟု လာအိုအမျိုးသား အသံလွှင့် ဌာနက ဖေဖော်ဝါရီလ ၅ ရက်တွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ထိုး

 

တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျတို့က ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု စာချုပ်ကို လက်မှတ်ထိုး

 

    တောင်ကိုရီးယားနှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့က ကာကွယ်ရေးကဏ္ဍတွင် ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရေးအတွက် သဘောတူစာချုပ်ကို လက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

အမေရိကန်က အီရန်ထောက်ပံ့ပေးထားသော စစ်သွေးကြွများကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်မည်

 

အမေရိကန်က အီရန်ထောက်ပံ့ပေးထားသော စစ်သွေးကြွများကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်မည်

 

    အမေရိကန်နိုင်ငံအနေဖြင့် အီရန်နိုင်ငံက ထောက်ပံ့ပေးထားသော အရှေ့အလယ် ပိုင်းဒေသရှိ စစ်သွေးကြွများကို တိုက်ခိုက်မှုများ ပိုမိုတိုးမြှင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း  အိမ်ဖြူတော်မှ ထိပ်တန်းတာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဂျိတ်ဆူလီဗန်ကပြောသည်။

ပါကစ္စတန်အတွက် သတင်းပေး လုပ်နေသူ သံရုံးဝန်ထမ်းတစ်ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့ဖမ်းဆီး

 

ပါကစ္စတန်အတွက် သတင်းပေး လုပ်နေသူ သံရုံးဝန်ထမ်းတစ်ဦးကို အိန္ဒိယ ရဲတပ်ဖွဲ့ဖမ်းဆီး

 

    အိန္ဒိယနိုင်ငံမြောက်ပိုင်း အွတ်တာပရာဒေ့ ပြည်နယ်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေး တပ်ဖွဲ့သည် ပါကစ္စတန် ထောက်လှမ်းရေး အတွက် သတင်းပေးလုပ်နေသူ သံရုံးဝန်ထမ်းတစ်ဦးကို  ဖမ်းဆီးလိုက်နိုင်ကြောင်း သိရသည်။

အီး-စီးကရက်၊ ရှီရှားတို့ကို လူငယ်များ ရှောင်ရှားကြရန် ဖိလစ်ပိုင် သတိပေး

 

အီး-စီးကရက်၊ ရှီရှားတို့ကို လူငယ်များ ရှောင်ရှားကြရန် ဖိလစ်ပိုင် သတိပေး

 

    အီး-စီးကရက်၊ ရှီရှားနှင့် အခြားသော အပူပေးရသည့် ဆေးလိပ်နှင့်ဆေးရွက်ကြီးဆိုင်ရာ ကုန်ပစ္စည်းများ (HTPs) ကို သုံးစွဲခြင်းသည် သုံးစွဲသူများ၏ ကျန်းမာရေးကို ဆိုးဝါးစွာ ပျက်စီးစေနိုင်သောကြောင့် လူငယ်များအနေဖြင့် ရှောင်ရှားကြရန် ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၄ ရက်တွင် သတိပေးချက် ထုတ်ပြန်လိုက်သည်။

အီရန်က ဂြိုဟ်တုလွှတ်တင်နိုင်မှု အမေရိကန်၏ ပိတ်ဆို့မှုများ အလုပ်မဖြစ်ကြောင်းကို ပြသနေ

 

အီရန်က ဂြိုဟ်တုလွှတ်တင်နိုင်မှု အမေရိကန်၏ ပိတ်ဆို့မှုများ အလုပ်မဖြစ်ကြောင်းကို ပြသနေ

 

    အီရန်နိုင်ငံက ဂြိုဟ်တုလွှတ်တင် လိုက်နိုင်မှုသည် အမေရိကန်က  အီရန်နိုင်ငံအပေါ် ချမှတ်ထားသော  ပိတ်ဆို့မှုများ အလုပ်မဖြစ်ကြောင်းကို ပြသနေကြောင်း အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီက ပြောသည်။

ယူကရိန်းနိုင်ငံသို့ပေးအပ်သည့် ယူရို ၅၀ ဘီလီယံမှာ လက်နက်ခဲယမ်းအတွက် မဟုတ်ဘဲ စီးပွားရေး အတွက်ဖြစ်ဟုဆို

 

ယူကရိန်းနိုင်ငံသို့ပေးအပ်သည့် ယူရို ၅၀ ဘီလီယံမှာ လက်နက်ခဲယမ်းအတွက် မဟုတ်ဘဲ စီးပွားရေး အတွက်ဖြစ်ဟုဆို

 

    ဥရောပသမဂ္ဂအဖွဲ့က ယူကရိန်းနိုင်ငံသို့ ပေးအပ်ရန် ဆုံးဖြတ်ခဲ့သည့် ယူရို ၅၀ ဘီလီယံ (ဒေါ်လာ ၅၄ ဘီလီယံ)သည် လက်နက်ခဲယမ်းများ အတွက် အသုံးပြုရန်  အတွက်မဟုတ်ဘဲ ယူကရိန်းစီးပွားရေးကို အထောက်အကူပြုစေရန် အတွက်သာ ရည်ရွယ်ကြောင်း  ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဗန်က ဖေဖော်ဝါရီလ ၂ ရက် တွင် ပြောသည်။

အမေရိကန်ရေတပ်က ၎င်းတို့၏ လေယာဉ်တင် သင်္ဘောသုံးစင်းကို ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ဖြန့်ကြက်

 

အမေရိကန်ရေတပ်က ၎င်းတို့၏ လေယာဉ်တင် သင်္ဘောသုံးစင်းကို ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ဖြန့်ကြက်

 

    အမေရိကန်ရေတပ်သည်  ၎င်းတို့၏ လေယာဉ်တင် သင်္ဘောများအနက် သုံးစင်းကို  ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းသို့ ဖြန့်ကြက်လိုက်ကြောင်း Nikkei Asia သတင်းစာက ဖေဖော်ဝါရီလ ၁ ရက်တွင် ဖော်ပြသည်။

အမေရိကန် F-16  အမျိုးအစား တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယား ကမ်းလွန်တွင်ပျက်ကျ

 

အမေရိကန် F-16  အမျိုးအစား တိုက်လေယာဉ်တစ်စင်း တောင်ကိုရီးယား ကမ်းလွန်တွင်ပျက်ကျ

 

    အမေရိကန်လေတပ်မှ F-16 အမျိုးအစား တိုက်လေယာဉ်တစ်စင်းသည် ဇန်နဝါရီလ ၃၁ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဂန်ဆန်ကမ်းလွန်ရှိ ရေပြင်အတွင်းသို့ ပျက်ကျသွားကြောင်း  အမေရိကန် စစ်ဘက်က အတည်ပြုသည်။

အီလွန်မက်၏ ကုမ္ပဏီက ဦးနှောက်ချစ်ပြားကို လူသားတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ထည့်သွင်း

 

အီလွန်မက်၏ ကုမ္ပဏီက ဦးနှောက်ချစ်ပြားကို လူသားတွင် ပထမဆုံးအကြိမ် အောင်မြင်စွာ ထည့်သွင်း

 

    အမေရိကန်သူဌေးကြီး အီလွန်မက်၏ ဇီဝနည်းပညာ ကုမ္ပဏီဖြစ်သော Neuralink ကုမ္ပဏီက ၎င်းတို့ဖန်တီးထားသော ဦးနှောက်ချစ်ပြားများအနက် တစ်ခုကို လူသားတွင်ပထမဆုံးအကြိမ် အောင်မြင်စွာ ထည့်သွင်းလိုက်နိုင်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီသည်   လူသားများအနေဖြင့် ဦးနှောက်မှ အတွေးဖြင့် အရာဝတ္ထုများကို ထိန်းချုပ်နိုင်စေမည့် နည်းပညာကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။