နိုင်ငံတကာသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရမ်ခန်း  ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

 

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း အီမရမ်ခန်း  ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

 

    ပါကစ္စတန်တရားရုံးတစ်ခုက ဝန်ကြီးချုပ်ဟောင်း အီမရမ်ခန်းကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း ၎င်း၏  PTI ပါတီမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း အီမရမ်ခန်းသည် နိုင်ငံတော်လျှို့ဝှက်ချက်များကို ပေါက်ကြားစေမှုအတွက် ယခုကဲ့သို့ ထောင်ဒဏ်ချမှတ်ခံရခြင်း ဖြစ်သည်။

ထရမ့်အနေဖြင့် ပူတင်နှင့် သဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ဖွယ် ရှိဟုဆို

 

ထရမ့်အနေဖြင့် ပူတင်နှင့် သဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ဖွယ် ရှိဟုဆို

 

    အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့်သာ အနိုင်ရလာပါက ပူတင်နှင့် သဘောတူညီချက် ရရှိအောင် ဆောင်ရွက်နိုင်ဖွယ် ရှိသောကြောင့် ဖြစ်လာနိုင်သော ပြောင်းလဲမှုများအတွက်  ကြိုတင်ပြင်ဆင်ထားရန် ချက်သမ္မတနိုင်ငံ သမ္မတ ပက်တရူပါဗယ်က သတိပေးထားသည်။

နယူးဇီလန်က အလှကုန် ပစ္စည်းများတွင် ထာဝရဓာတုပစ္စည်းများ အသုံးပြုမှုကို တားမြစ်

 

နယူးဇီလန်က အလှကုန် ပစ္စည်းများတွင် ထာဝရဓာတုပစ္စည်းများ အသုံးပြုမှုကို တားမြစ်

 

    နယူးဇီလန်နိုင်ငံက အလှကုန်ပစ္စည်းများတွင် ထာဝရဓာတုပစ္စည်းများ အသုံးပြုမှုကို တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဓာတုပစ္စည်းများ အသုံးပြုမှု တားမြစ်ချက်သည် ၂၀၂၆ ခုနှစ်အကုန်မှစ၍   အသက်ဝင်မည်ဖြစ်ပြီး   ထိုသို့လုပ်ဆောင်ခြင်းသည် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၌ နီပါးဗိုင်းရပ်ကြောင့် ယခုနှစ်အတွင်း ပထမဆုံး သေဆုံးမှုရှိလာ

 

ဘင်္ဂလားဒေ့ရှ်၌ နီပါးဗိုင်းရပ်ကြောင့် ယခုနှစ်အတွင်း ပထမဆုံး သေဆုံးမှုရှိလာ

 

    ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ဦးနှောက်ကို ပျက်စီးစေသည့် နီပါးဗိုင်းရပ်ကြောင့် ယခုနှစ်အတွင်းပထမဆုံးလူသေဆုံးမှု ရှိလာကြောင်း တာဝန်ရှိသူများက ထုတ်ပြန်သည်။ အမျိုးသားတစ်ဦးက အမှည့်လွံစွန်ပလွံသီး ဖျော်ရည်ကို သောက်ပြီးနောက်  သေဆုံးသွားခြင်းဖြစ်သည်။

အိန္ဒိယရေတပ်က ဆိုမာလီ ပင်လယ်ဓားပြများလက်မှ ရေယာဉ်နှစ်စင်းကို ကယ်ဆယ်လိုက်နိုင်

 

အိန္ဒိယရေတပ်က ဆိုမာလီ ပင်လယ်ဓားပြများလက်မှ ရေယာဉ်နှစ်စင်းကို ကယ်ဆယ်လိုက်နိုင်

 

    အိန္ဒိယရေတပ်က ဆိုမာလီပင်လယ်ဓားပြတို့၏ ဖမ်းဆီးခြင်းခံရသော အီရန်နိုင်ငံမှ ငါးဖမ်းရေယာဉ် နှစ်စင်းကို ကယ်ဆယ်လိုက်နိုင်ကြောင်း အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၃၀ ရက်တွင် ထုတ်ပြန်သည်။

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ အနိမ့်ပျံဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်

 

မြောက်ကိုရီးယားက ရေငုပ်သင်္ဘောမှ အနိမ့်ပျံဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာ ပြုလုပ်နိုင်

 

    မြောက်ကိုရီးယားနိုင်ငံက ရေငုပ်သင်္ဘောမှ အနိမ့်ပျံဒုံးကျည်  စမ်းသပ်ပစ်လွှတ်မှုကို အောင်မြင်စွာ ပြုလုပ်လိုက်နိုင်ကြောင်း KCNA သတင်းဌာနက ဇန်နဝါရီလ ၂၉ ရက်တွင် ဖော်ပြထားသည်။

အဆိုပါဒုံးကျည်သည် နှစ်နာရီခန့်ပျံသန်းပြီးနောက် သတ်မှတ်ထားသည့်ပစ်မှတ်ကို အောင်မြင်စွာ ထိမှန်သွားကြောင်း KCNA သတင်းဌာနက ဖော်ပြထားသည်ကို တွေ့ရသည်။

အမေရိကန်၏ အကြွေးက နိုင်ငံ၏ စီးပွားရေးကို ဖျက်ဆီးမည်ဟုဆို

 

အမေရိကန်၏ အကြွေးက နိုင်ငံ၏ စီးပွားရေးကို ဖျက်ဆီးမည်ဟုဆို

 

    အမေရိကန်နိုင်ငံက တစ်နှစ်ထက်တစ်နှစ် တင်ရှိသည့် ကြွေးမြီသည် တစ်စထက်တစ်စများပြားလာလျက်ရှိပြီး  ထိုအကြွေးများသည်  နိုင်ငံ၏စီးပွားရေးကို ဖျက်ဆီးလိမ့်မည်ဖြစ်ကြောင်း JPMorgan မှစီအီးအို ဂျေမီဒိုင်မွန်ကပြောသည်။

အိန္ဒိယက မြို့ပေါင်း ၃၀ ကို တောင်းရမ်းစားသောက်သူ ကင်းစင် နယ်မြေများအဖြစ် ဖန်တီးမည်

 

အိန္ဒိယက မြို့ပေါင်း ၃၀ ကို တောင်းရမ်းစားသောက်သူ ကင်းစင် နယ်မြေများအဖြစ် ဖန်တီးမည်

 

    အိန္ဒိယအစိုးရက မြို့ပေါင်း ၃၀ ကို တောင်းရမ်းစားသောက်သူ ကင်းစင်နယ်မြေ များအဖြစ် ဖန်တီးသွားမည်ဖြစ်ကြောင်း ပြည်တွင်းသတင်းဌာန တစ်ခုက ဇန်နဝါရီလ ၂၉ ရက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ တောင်းရမ်းစားသောက်သူ ကင်းစင်ရေး စီမံကိန်းအတွက် ပြန်လည်ထူထောင်ရေး အစီအစဉ်တစ်ခုကိုလည်း အကောင်အထည်ဖော်သွားမည်ဖြစ်သည်။

ခိုးထုတ်လာသည့်ဒီဇယ်များကို သယ်ဆောင်လာသော သင်္ဘောတစ်စင်းအား အီရန်ဖမ်းဆီး

 

ခိုးထုတ်လာသည့်ဒီဇယ်များကို သယ်ဆောင်လာသော သင်္ဘောတစ်စင်းအား အီရန်ဖမ်းဆီး

 

    ခိုးထုတ်လာသည့်ဒီဇယ်များကို   သယ်ဆောင်လာသည့် ပြည်ပနိုင်ငံမှ သင်္ဘောတစ်စင်းကို  အီရန်အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့က ဇန်နဝါရီလ ၂၈ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း Tasnim သတင်းအေဂျင်စီက ထုတ်ပြန်သည်။

ပါကစ္စတန်တွင် အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ် ၂၅၀ ကျော် သေဆုံး

 

ပါကစ္စတန်တွင် အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ် ၂၅၀ ကျော် သေဆုံး

 

    ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်မှစ၍      ယခုအချိန်အထိ အဆုတ်ရောင်ရောဂါကြောင့် ကလေးသူငယ် ၂၅၀ ကျော်  သေဆုံးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ကျန်းမာရေး ဌာနက  ဇန်နဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ  ရောဂါဖြစ်ပွားမှုကြောင့် ပန်ဂျပ်ပြည်နယ် အတွင်း၌မှာပင် ဇန်နဝါရီလ ၂၈ ရက်၌ ကလေးသူငယ် ၁၈ ဦးသေဆုံးခဲ့ကြောင်း  ပြည်နယ်ကျန်းမာရေး ဌာနက ထုတ်ပြန်သည့်   ကြေညာချက်တွင်ဖော်ပြသည်။