အားကစား

ပီအက်စ်ဂျီအသင်းက ရောင်းချဖွယ်ရှိသည့် တိုက်စစ်မှူးနေမာကိုခေါ်ယူရန် ပြင်ဆင်နေသောအသင်းများတွင် ချယ်လ်ဆီးအသင်း လည်း ပါဝင်လာ

ပီအက်စ်ဂျီအသင်းက ရောင်းချဖွယ်ရှိသည့် တိုက်စစ်မှူးနေမာကိုခေါ်ယူရန် ပြင်ဆင်နေသောအသင်းများတွင် ချယ်လ်ဆီးအသင်း လည်း ပါဝင်လာ

လန်ဒန်၊ ဘောလုံး

ပီအက်စ်ဂျီအသင်းက ရောင်းချဖွယ်ရှိသည့် တိုက်စစ်မှူးနေမာကိုခေါ်ယူရန်   ပြင်ဆင်နေသော အသင်းများတွင် ချယ်လ်ဆီးအသင်း လည်း ပါဝင်လာကြောင်း သိရသည်။ ပီအက်စ်ဂျီအသင်းသည် အဓိကတိုက်စစ်မှူး အမ်ဘတ်ပီကို မြင့်မားသည့် လုပ်ခလစာ တစ်ရပ်ဖြင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုနိုင်ပြီးနောက်   နေမာကို ရောင်းချရန်ပြင်ဆင်လာခြင်းဖြစ်သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ ပြည်နယ်နှင့်တိုင်းဒေသကြီး ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား တက်ရောက် ကြည့်ရှုအားပေး

နေပြည်တော်  ဇွန်  ၁၀

မြန်မာ့ရိုးရာခြင်းလုံးအားကစားဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ ထူးချွန်ထက်မြက်သည့် မျိုးဆက် သစ်ရွက်ပုန်းသီး အားကစားသမားများပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရိုးရာ ခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် လီဗာပူးအသင်း သဘောတူညီမှု ရရှိထား

ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကို ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူရန် လီဗာပူးအသင်း သဘောတူညီမှု ရရှိထား

လီဗာပူးအသင်းသည် မန်ယူအသင်းက ခေါ်ယူရန် စီစဉ်နေသည့် ဘင်ဖီကာအသင်း တိုက်စစ်မှူး ဒါဝင်နူနက်စ်ကိုကလပ်စံချိန်တင် ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်သည့် ယူရို သန်း ၈၀ အပြင် အပိုဆုကြေး ယူရို သန်း  ၂၀  ဖြင့်ခေါ်ယူရန်   ဘင်ဖီကာအသင်းနှင့် သဘောတူညီမှု ရရှိထားကြောင်း သိရသည်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အာဆင်နယ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လူငယ်တောင်ပံ ကစားသမား ဆာကာရရှိ

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ အာဆင်နယ်အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို လူငယ်တောင်ပံ ကစားသမား ဆာကာရရှိ

၂၀၂၁-၂၀၂၂   ဘောလုံးရာသီ   အာဆင်နယ် အသင်း၏ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို  ဂိုးသမားရမ်ဒဲလ်နှင့် ကွင်းလယ်ကစားသမား အိုဒီဂတ်စ်တို့အား ကျော်ဖြတ်ပြီး လူငယ်တောင်ပံကစားသမား ဆာကာက ရရှိခဲ့ကြောင်း သိရသည်။

အာဆီယံချန်ပီယံရှစ် အမျိုးသားယူ-၁၉၊ ယူ-၁၆၊ အမျိုးသမီး ယူ-၁၈  ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

အာဆီယံချန်ပီယံရှစ် အမျိုးသားယူ-၁၉၊ ယူ-၁၆၊ အမျိုးသမီး ယူ-၁၈  ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲ ကျင်းပ

နေပြည်တော်  ဇွန်  ၉

 လာမည့်ဇူလိုင်လအတွင်း အင်ဒိုနီးရှားနိုင်ငံ၌  အိမ်ရှင်အဖြစ်လက်ခံ ကျင်းပမည့် အာဆီယံချန်ပီယံရှစ်  (AFF Cham-pionship 2022)) အမျိုးသား ယူ-၁၉၊ အမျိုးသားယူ-၁၆၊   အမျိုးသမီး ယူ-၁၈ ပြိုင်ပွဲများအတွက် အုပ်စုမဲခွဲပွဲကို ယနေ့ နေ့လယ်ပိုင်းတွင် ကျင်းပသည်။

မြို့နယ်ပေါင်းစုံအသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

၂၀၂၂ ခုနှစ် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား  မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်   ဆုပေးပွဲကို ဇွန် ၇ ရက်တွင်  မုံရွာမြို့ ပြည်သူ့အားကစားကွင်း အတွင်းရှိ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပကြောင်း သိရသည်။

လာမည့်ဘောလုံးရာသီတွင်လည်း ပီအက်စ်ဂျီအသင်း၌သာ ဆက်ရှိနေမည်ဖြစ်ကြောင်း တိုက်စစ်မှူး အိုင်ကာဒီပြော

ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး အိုင်ကာဒီက လာမည့်ဘောလုံးရာသီတွင် အသင်း၌သာ ဆက်လက်ကစားရန် ဆုံးဖြတ်ထားပြီး သွင်းဂိုးများလည်း သွင်းယူနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောကြားသည်။

ဘရာဇီးအသင်း၏ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသည့် ဂန္ထဝင်ကစားသမားကြီး ပီလီ၏စံချိန်ကို လိုက်မီရန် တိုက်စစ်မှူးနေမာ သုံးဂိုးသာလိုအပ်

ဘရာဇီးအသင်း တိုက်စစ်မှူး နေမာသည်  နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ကစားသည့် ဂျပန်အသင်းနှင့်  ဘရာဇီးအသင်းတို့ ပွဲစဉ်တွင်  အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူခဲ့ပြီးနောက် ဘရာဇီးအသင်း သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် ရပ်တည်နေသည့် ဂန္ထဝင်ကစားသမားကြီး ပီလီ ၏ စံချိန်ကိုလိုက်မီရန် သုံးဂိုးသာ လိုတော့ကြောင်း သိရသည်။

ပြင်သစ်အိုးပင်းဂရင်းဆလင်းတင်းနစ်ပြိုင်ပွဲဗိုလ်လုပွဲတွင် စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်က နော်ဝေတင်းနစ်ကစားသမား ကက်စပါရုဒ်ကို အနိုင်ရရှိပြီး (၁၄) ကြိမ်မြောက်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့

ပြင်သစ်အိုးပင်း ဂရင်းဆလင်း    တင်းနစ်ပြိုင်ပွဲ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ      ဗိုလ်လုပွဲအဖြစ် နော်ဝေတင်းနစ် ကစားသမား ကက်စပါရုဒ်နှင့် စပိန်တင်းနစ်ကစားသမား ရာဖေးနာဒယ်တို့ ယှဉ်ပြိုင်ကစားရာ ရာဖေးနာဒယ်က  အနိုင်ရရှိပြီးနောက် (၁၄) ကြိမ်မြောက်  ဂရင်ဆလင်းဆုဖလားကို   ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းအသင်းကို အနိုင်ရရှိပြီး ဝေးလ်အသင်း နှစ်ပေါင်း ၆၄ နှစ်အတွင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ(ဥရောပဇုန်) Play-off ဗိုလ်လုပွဲအဖြစ် ဝေးလ်အသင်းနှင် ယူကရိန်း အသင်းတို့  ယှဉ်ပြိုင်ကစားရာ  ဝေးလ်အသင်းက ၁ ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိပြီး   ခြေစစ်ပွဲအောင်မြင် ခဲ့ကာ  အသင်းသမိုင်း တစ်လျှောက် နှစ်ပေါင်း ၆၄ နှစ်အတွင်း  ပထမဆုံးအကြိမ်အဖြစ်  ကမ္ဘာ့ဖလား ဝင်ခွင့်ရရှိခဲ့ကြောင်း သိရသည်။