အားကစား

မြန်မာဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ရွေးချယ် 

မြန်မာဘောလုံး အကယ်ဒမီများအတွက် ကျောင်းသားသစ်များ ရွေးချယ် 

နေပြည်တော်  မေ  ၁၂

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တည်ထောင်ဖွင့်လှစ်ထားသည့်  အမျိုးသားဘောလုံးအကယ်ဒမီ(ရန်ကုန်၊ မန္တလေး၊ ပုသိမ်)တို့အတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ကျောင်းသားသစ်များ ရွေးချယ်ခြင်းကို မေ ၅ ရက်မှ စတင်ကျင်းပလျက်ရှိသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ တတိယအသုတ် ဆက်လက်ထွက်ခွာ

ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့နှင့် အခြားဆက်စပ်မြို့များတွင် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ကျင်းပမည့်    (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ရန် မြန်မာအားကစားအဖွဲ့ တတိယ အသုတ်သည်   ယမန်နေ့ည ၈ နာရီက  ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာ့လေကြောင်းစင်းလုံးငှား လေယာဉ်ဖြင့် ထွက်ခွာရာ ရန်ကုန်မြို့တော် စည်ပင်သာယ

(၃၁) ကြိမ်မြောက် ဆီးဂိမ်းအားကစားပွဲတော်ကြီးကို ခမ်းနားသိုက်မြိုက်စွာ ဖွင့်လှစ်

နေပြည်တော်  မေ ၁၂

လာမည့်ဘောလုံးရာသီတွင်လည်း ဝက်စ်ဟမ်းအသင်း၌သာ ဆက်ရှိနေမည် ဖြစ်ကြောင်း ကွင်းလယ်ကစားသမား ဒီကလန်ရိုဒ်ပြော

လာမည့်နွေရာသီ  ကစားသမားအပြောင်းအရွှေ့ ကာလတွင်   ပရီးမီးယားလိဂ်ထိပ်တန်း အသင်းကြီးများက   ခေါ်ယူဖွယ်ရှိနေသည့်   ဝက်စ်ဟမ်းအသင်း ကွင်းလယ်ကစားသမား   ဒီကလန်ရိုဒ်က  လာမည့် ဘောလုံး ရာသီတွင်လည်း အသင်း၌သာ ဆက်ရှိနေမည် ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ရီးယဲလ်မက်ဒရစ် အသင်းက ချယ်လ်ဆီး အသင်းမှ ရူဒီဂါကို ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆို ခေါ်ယူပြီး ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးတွင် အတည်ပြု ကြေညာမည်

ရီးယဲလ်မက်ဒရစ်အသင်းက ချယ်လ်ဆီးအသင်းမှ ဗဟိုခံစစ်ကစားသမား ရူဒီဂါကို အလွတ်ပြောင်းရွှေ့ ကြေးဖြင့်ခေါ်ယူနိုင်ပြီး     ဆေးစစ်မှုအောင်မြင်ခဲ့ရာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးတွင် အတည်ပြုကြေညာမည် ဖြစ်ကြောင်း သိရသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်  နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့်  နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့် အလံလွှင့်တင်ခြင်း အခမ်းအနား ကျင်းပ

ဗီယက်နမ်နိုင်ငံ၌  မေ ၁၂ ရက်မှ ၂၃ ရက်အထိ (၃၁)ကြိမ်မြောက် အရှေ့တောင် အာရှအားကစား ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များအား ကြိုဆိုဂုဏ်ပြုပွဲနှင့်   အလံလွှင့်တင်ခြင်း အခမ်းအနားကို  မေ ၁၁ ရက်  နံနက်ပိုင်းတွင်  ဗီယက်နမ်နိုင်ငံ  ဟနွိုင်းမြို့ရှိ  My Dinh National Stadium  ၌ ကျင်းပသည်။

မြန်မာပိုက်ကျော်ခြင်း အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

မြန်မာပိုက်ကျော်ခြင်း အသင်း ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာပိုက်ကျော်ခြင်း   လက်ရွေးစင် အမျိုးသားနှင့် အမျိုးသမီး အသင်းတို့သည် မေ ၁၁ ရက် နံနက်ပိုင်းတွင်    ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ  ဗီယက်နမ်နိုင်ငံသို့   ထွက်ခွာသွားကြောင်း  သိရသည်။

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံက အားကစားနည်း ၃၂ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

(၃၁)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် အင်ဒိုနီးရှားနိုင်ငံက အားကစားနည်း ၃၂ မျိုး ဝင်ရောက်ယှဉ်ပြိုင်မည်

အင်ဒိုနီးရှားသည် မေ ၁၂ ရက်မှ ၂၃ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ကျင်းပမည့် (၃၁)ကြိမ်မြောက်  အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်  အားကစားနည်း၃၂ မျိုး  ဝင်ရောက်ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ပြီးပြိုင်ပွဲတွင်  ဆုတံဆိပ်စာရင်းထိပ်ဆုံး လေးနေရာတွင် ရရှိနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။

မြန်မာအမျိုးသမီးအသင်းက အုပ်စုအဖွင့်ပွဲတွင် လာအိုကို ဂိုးပြတ်အနိုင်ရ

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ  အမျိုးသမီးဘောလုံးပွဲစဉ်အုပ်စု(ခ )ပြိုင်ပွဲများကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ကျင်းပရာ  မေ  ၁၀  ရက် ည  ၆  နာရီခွဲတွင်  ထိုင်းအသင်းနှင့် စင်ကာပူအသင်းတို့က လည်းကောင်း၊  ည ၉ နာရီတွင် မြန်မာအသင်းနှင့် လာအိုအသင်းတို့ကလည်းကောင်း   အသီးသီး ယှဉ်ပြိုင်ကစားကြသည်။

စင်ကာပူအတွက် ပထမဆုံးဆုတံဆိပ်ကို ဒိုင်ဗင်အားကစားက ရယူပေး

(၃၁)ကြိမ်မြောက် ဆီးဂိမ်းတွင် စင်ကာပူ နိုင်ငံအတွက် ပထမဆုံးဆုတံဆိပ်ကို ဒိုင်ဗင်အားကစားက ရယူပေးလိုက်နိုင်ကြောင်း သိရသည်။