SJ WorldNews - шаблон joomla Авто

ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

Tuesday, 12 December 2017 09:59 font size decrease font size decrease font size increase font size increase font size

နေပြည်တော်  ဒီဇင်ဘာ  ၁၁

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ဝဏ္ဏဒီပရပ်ကွက် လောကပါလဓမ္မာရုံ၌ အသက်ကိုးလမှငါးနှစ်အထိ ကလေးငယ်များနှင့် ကျောင်းပြင်ပ  အသက် ၅ နှစ်မှ ၁၅ နှစ်အထိ ကလေးငယ်များကို   ပြည်သူအခြေပြု ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ဆောင်ရွက်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှသူနာပြု အဆင့်-၁  ဒေါ်မိုးမိုးခိုင်က ဂျပန်ဦးနှောက်ရောင် ရောဂါသည်   ခြင်မှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း၊ ကလေးငယ်များတွင် ပိုအဖြစ်များကြောင်း၊   ပျောက်ကင်းအောင် ကုသနိုင်သော    ဆေးမရှိသေးကြောင်း၊ ကာကွယ်ဆေးသာ ရှိကြောင်း တို့ကို ရှင်းလင်း ပြောကြားသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်သူနာပြုအဆင့်-၁   ဒေါ်မိုးမိုးခိုင်၊ ဆရာမဒေါ်သိင်္ဂီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးပြီး ကလေးဦးရေ ၂၅ဝ ခန့်ကို   ကာကွယ်ဆေး ထိုးနှံပေးကြောင်း သိရသည်။

Read 366 times Last modified on Tuesday, 12 December 2017 10:01