SJ WorldNews - шаблон joomla Авто

ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ရာသီတုပ်ကွေး ရောဂါ ဖြစ်ပွားမှုနှင့် ပတ်သက်၍ သတင်း ထုတ်ပြန်

Wednesday, 16 August 2017 09:35 font size decrease font size decrease font size increase font size increase font size

နေပြည်တော်     သြဂုတ်     ၁၅

ရာသီတုပ်ကွေးရောဂါ(Seasonal Influenza A(H1N1)pdm2009) စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကိုကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကဆက်လက်ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၄ ရက် မွန်းလွဲ ၂ နာရီမှ

သြဂုတ် ၁၅ ရက် မွန်းလွဲ ၂ နာရီအထိ သံသယလူနာ ၁၉ ဦးအား ဓာတ်ခွဲစမ်း သပ်စစ်ဆေးမှုတွင် H1N1  ပိုးတွေ့လူနာခုနစ်ဦး တွေ့ရှိခဲ့ပြီး ၂ဝ၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်မှ ယနေ့မွန်းလွဲ ၂ နာရီအထိ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ရာသီတုပ်ကွေး ရောဂါ (Seasonal Influenza A(H1N1) pdm2009) ဖြစ်ပွားမှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်သည်-

  H1N1  ပိုးတွေ့ရှိသော်လည်း   ရာသီတုပ်ကွေးရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးကြောင့် သေဆုံးခြင်းမဟုတ်ဘဲ အခြားရောဂါအခံများကြောင့် ယနေ့အထိ သေဆုံးသူ စုစုပေါင်း ၁၈ ဦးရှိသည်။ ယနေ့မွန်းလွဲ ၂ နာရီအထိ  အထူးကုဆေးရုံကြီး(ဝေဘာဂီ)တွင် H1N1ပိုးတွေ့ အတွင်းလူနာခြောက်ဦး၊ အခြားတိုင်းဒေသကြီး/ပြည်နယ်ဆေးရုံကြီးများတွင် H1N1 ပိုးတွေ့ အတွင်းလူနာ ၅၁ ဦး စုစုပေါင်း ၅၇ ဦး ဆက်လက်ဆေးဝါး ကုသမှုခံယူ လျက်ရှိပြီး  အများစုမှာ သက်သာလျက် ရှိကြောင်း သိရသည်။ 

Read 642 times Last modified on Sunday, 20 August 2017 19:06