SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

အိန္ဒိယ နိုင်ငံက H1N1 အတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ လှူဒါန်း

Tuesday, 22 August 2017 09:20 font size decrease font size decrease font size increase font size increase font size

နေပြည်တော်   သြဂုတ်  ၂၁

ယခုနှစ်အတွင်း အခြားကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံ အတွင်း၌လည်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009) ဖြစ်ပွားလျက်ရှိရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနအနေဖြင့် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများကို နိုင်ငံတကာမှ ကူညီလှူဒါန်းလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင်း ရာသီတုပ်ကွေးရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် အိန္ဒိယနိုင်ငံမှ ယနေ့အထိ လူ ၈၈ဝဝ စာရာ သီတုပ်ကွေးရောဂါ ကာကွယ်ဆေးများ၊ ရောဂါစမ်းသပ်သည့်ပစ္စည်း (Test Kit) အခု ၁ဝဝဝဝ၊ ရောဂါဆေးကုသသည့် Tamiflu ဆေးပြား ၅ဝဝဝဝနှင့် ဆေးအမှုန့်ဘူး ၁ဝဝဝ၊ N95 နှာခေါင်း စည်းအခု ၁၉၂ဝဝဝ တို့ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

အိန္ဒိယနိုင်ငံက ကူညီလှူဒါန်းထားသည့် ဆေးနှင့်ဆေးပစ္စည်းများကို ရာသီတုပ်ကွေး ရောဂါကာကွယ်ခြင်း၊ ရောဂါစမ်း သပ်စစ်ဆေးခြင်းနှင့် ဆေးကုသမှုပေးခြင်း စသည့်လုပ်ငန်းများ၌ အကျိုးရှိစွာ အသုံးပြုသွားမည် ဖြစ်ကြောင်း၊ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အကူအညီပေးရာ၌ အိန္ဒိယ သံရုံးမှ တစ်ဆင့် ပူးပေါင်းဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အိန္ဒိယနိုင်ငံ အနေဖြင့်လည်း လိုအပ်သည့် အကူအညီများအား ဆက်လက် ပေးအပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Read 479 times Last modified on Tuesday, 22 August 2017 09:35