SJ WorldNews - шаблон joomla Авто

ဆေးလိပ်ငွေ့ ကင်းစင်သည့် ဆေးပညာဆိုင်ရာ တက္ကသိုလ်များ စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

Wednesday, 23 August 2017 08:40 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  သြဂုတ် ၂၂                                                                                                      

ဆေးလိပ်ကြောင့်ဖြစ်ပေါ်တတ်သည့် ဘေးအန္တရာယ်များကို ပိုမိုကာကွယ် တားဆီးနိုင်ရန် ရည်ရွယ် ကျင်းပသော ဆေးလိပ်ငွေ့ ကင်းစင်သည့် ဆေးပညာဆိုင်ရာ တက္ကသိုလ်များ

စွမ်းရည်မြှင့်တင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ဆေးတက္ကသိုလ် (၁) ရန်ကုန်၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ဆေးတက္ကသိုလ် ပါမောက္ခများ၊ ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ   တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ  ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး  ဦးနိုင်ငံလင်းက အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ပညာရှင်များက တစ်ဦးချင်း မိတ်ဆက်ကြသည်။ ယင်းနောက် ဆေးလိပ်ငွေ့ကင်းစင်သည့် ဆေးပညာဆိုင်ရာ တက္ကသိုလ်များမှ ပညာရှင်များက ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက်    အာဆီယံနိုင်ငံများ၌ ဆောင်ရွက်နေသည့်   အခြေအနေများနှင့် မြန်မာနိုင်ငံ၌ ဆောင်ရွက်နေသည့် အခြေနေများကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အဖွဲ့လိုက် ဆေးလိပ်ငွေ့ ကင်းစင်ရေးနှင့်  လုပ်ငန်း အကောင်အထည်ဖော်ရေး ဆွေးနွေးခဲ့ကြသည်။ ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုများကြောင့်  ခံတွင်း၊ လည်ချောင်း၊ အဆုတ်၊နှလုံး၊ ဦးနှောက်၊သွေးကြော၊ ခြေချောင်းနှင့် လက်ချောင်း စသည်တို့တွင် ကင်ဆာရောဂါ အပါအဝင် တခြားသောရောဂါများ ဖြစ်ပွားနေပြီး ဆေးရုံကြီးများ၌ ယခင်ကထက် ပိုမိုများပြားနေကြောင်းနှင့် ကျန်းမာရေး အသုံးစရိတ်ကို ပိုမိုသုံးစွဲနေရကြောင်း သိရသည်။ထို့ပြင် ကျောက်တံတားမြို့နယ်ကို ဆေးလိပ်ငွေ့ ကင်းစင်သည့်   မြို့နယ်အဖြစ်  နမူနာပြ ဆောင်ရွက်နေကြောင်းနှင့် ထိုမှတစ်ဆင့် တခြားမြို့နယ် အသီးသီးကို တိုးချဲ့ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 

Read 568 times Last modified on Wednesday, 23 August 2017 08:41