SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ဒဂုံ(အရှေ့ပိုင်း)မြို့နယ်၌ အထူးကု ဆရာဝန်ကြီးများ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

Monday, 18 September 2017 10:06 font size decrease font size decrease font size increase font size increase font size

ရန်ကုန် စက်တင်ဘာ ၁၇

ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ရှိ ပြည်သူများ၏ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းဖြစ်သော ဆေးဝါး ကု သခြင်းနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို

စက်တင်ဘာ ၁၆ ရက် နံနက် ၉ နာရီကမြို့နယ်ပြည်သူ့ဆေးရုံ၌ မြောက်ဥက္ကလာပဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးနှင့် အထူး ကုဆရာဝန်ကြီးများအဖွဲ့က လာရောက်၍ အခမဲ့ကုသပေးကြောင်း သိရသည်။

ရှေးဦးစွာ ဒဂုံ(အရှေ့ပိုင်း)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးရုံး လက်ထောက် ညွှန်ကြားရေးမှူး ဦးဇော်မင်းထိုက်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေကျော် က အ မှာစကားပြောကြားပြီး မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ အထူးကု ဆရာဝန် ကထိကဒေါက်တာဥမ္မာကျော်က ကိုယ်ဝန်ဆောင်ပြုစုစောင့်ရှောက်နည်းများကို အကျယ် တဝင့်ပြောကြား ၍ မြောက် ဥက္ကလာပအထူးကုဆေးရုံကြီးမှ ဒေါက်တာ ဆွေဇင်အောင်က သွေးလွန် တုပ်ကွေးရောဂါနှင့် ဝမ်းလျှောရောဂါတို့အကြောင်း အသိပညာပေးဟောပြောသည်။

အဆို ပါ ဆေးကုသရေးအဖွဲ့တွင်အထွေထွေသမားတော်၊ အရိုးအကြောအထူးကု၊ အရေပြား အထူး ကု၊ မျက်စိအထူးကု၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊နား၊ နှာခေါင်း၊ လည်ချောင်း အထူး ကုနှင့် တိုင်း ရင်းဆေးသမားတော်များပါဝင်ပြီးကျန်းမာရေးဆိုင်ရာများ စမ်းသပ်စစ်ဆေးပေးခြင်း၊ ရောဂါရှာဖွေခြင်းနှင့် ဆေးကုသခြင်းလုပ်ငန်းများကို ဒဂုံ(အရှေ့ပိုင်း)မြို့နယ်ရှိ ရပ်ကွက် ပေါင်း ၂၉ ရပ်ကွက်နှင့်ကျေးရွာသုံးရွာရှိ ပြည်သူများအား ကျန်းမာရေး စောင့် ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Read 592 times Last modified on Monday, 18 September 2017 10:13