SJ WorldNews - шаблон joomla Авто

ရာသီတုပ်ကွေးရောဂါ (H1N1) စောင့်ကြည့် ကုသပေးမည့် ဆေးရုံခုနစ်ရုံ ထပ်မံတိုးချဲ့မည်

Monday, 15 July 2019 10:28 font size decrease font size decrease font size increase font size increase font size

မြန်မာနိုင်ငံအတွင်း ရာသီတုပ်ကွေးရောဂါ (H1N1) စောင့်ကြည့်ကုသပေးနိုင်မည့် ဆေးရုံရှစ်ရုံရှိပြီး ဆေးရုံခုနစ်ရုံ ထပ်မံတိုးချဲ့မည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနခွဲ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီး၏ ပြောကြားချက်အရ သိရသည်။

အဆိုပါရောဂါအတွက်  ဆေးရုံခုနစ်ရုံ ထပ်မံတိုးချဲ့မည်ဖြစ်သည့် အတွက် စုစုပေါင်း ဆေးရုံ  ၁၅  ရုံအထိ ရှိလာမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ချုပ် (WHO) မှတစ်ဆင့် ဝယ်ယူထားသော ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေး  အလုံးရေ ၇၂ဝဝ ကို  လက်ရှိတွင်   ကျန်းမာရေးဝန်ထမ်းများအား     ထိုးနှံပေးလျက်ရှိကြောင်း၊

ကာကွယ်ဆေး အလုံးရေ  ၂၄ဝဝဝဝ  ကို လူနာများအား စောင့်ရှောက်မှု ပေးနေသော ကျန်းမာရေး ဝန်ထမ်းများနှင့် ရောဂါဖြစ်နိုင်ခြေများသော လူများကို  လိုအပ်ချက်ပေါ် မူတည်၍ ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်အပါအဝင်   အဓိကကျသော နေရာများရှိ ဆေးရုံများ၌ စောင့်ကြည့်ကုသပေးခြင်း လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပြီး ရာသီတုပ်ကွေး ရောဂါနှင့် ပတ်သက်၍ စောင့်ကြည့်ကုသခြင်းဆိုင်ရာ လုပ်ငန်းများကို   ထိရောက်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ဒီရောဂါနဲ့ပတ်သက်လို့ စောင့်ကြည့်ကုသရာမှာ ဘယ်ဒေသမှာ အဖြစ်များနေတယ်၊ ရောဂါအခြေအနေက ကပ်အသွင်ဖြစ်နေလား၊ ကာကွယ်ရေး လုပ်ငန်းတွေရဲ့ ရလဒ်အခြေအနေတွေ၊ ရောဂါဖြစ်ပွားမှု နှုန်းထားတွေ ဒီလုပ်ငန်း စဉ်တွေလည်း ပါဝင်ပါတယ်။ ရောဂါအဖြစ်များတဲ့  ဒေသတွေအတွင်း အဓိကစောင့်ကြည့် ကုသတာတွေ ဆောင်ရွက်မယ်။ ကာကွယ်ဆေးတွေကို ကျန်းမာရေး ဝန်ထမ်းတွေသာမက သတ်မှတ်ချက်ပေါ် မူတည်ပြီး ထိုးနှံပေးနေပါတယ်။ စောင့်ကြည့်ကုသပေးမယ့် ဆေးရုံတွေ  ထပ်မံတိုးချဲ့ဖို့ မကြာမီဆောင်ရွက်မှာဖြစ်ပါတယ်'' ဟု ဒေါက်တာခင်ခင်ကြီး ကပြောသည်။

ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင်မိခင်များ၊  အသက်ခြောက်လမှ ငါးနှစ်အရွယ်ရှိသူများ၊ အသက် ၆၅ နှစ်နှင့်အထက်ရှိသူများ၊ နာတာရှည်ရောဂါ ရှိသူများနှင့်    ကျန်းမာရေးဝန်ထမ်းများ ထိုးနှံသင့်ကြောင်း သိရသည်။

Read 176 times Last modified on Monday, 15 July 2019 10:29