SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 106

မူးယစ်ဆေးဝါး ဖြတ်တောက်နိုင်မည့် ဆေးကိုပြည်တွင်း၌ ပထမဆုံးအကြိမ် ထုတ်လုပ်မည်

Monday, 25 September 2017 09:38 font size decrease font size decrease font size increase font size increase font size

မူးယစ်ဆေး စွဲနေသူများအတွက် ဆေးသုံးစွဲမှုလျှော့ချကာ ဖြတ်တောက်နိုင်မည့် မူးယစ်ဆေးဖြတ်ဆေးကို ယခုဘဏ္ဍာ နှစ်အတွင်း ပြည်တွင်း၌ ပထမဆုံးအကြိမ်အဖြစ် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးကိုကိုလွင်ထံမှ သိရသည်။

မူးယစ်ဆေး ဖြတ်တောက်နိုင်သည့် ယခင်က ပြည်ပနိုင်ငံများမှ မှာယူအသုံးပြုခြင်း ဖြစ်ကာ ယခုအခါ မြန်မာပြည်တွင်း ၌ပထမဆုံးအနေဖြင့် စက်မှုဝန်ကြီးဌာန အောက်ရှိ BPI ဆေးဝါးစက်ရုံက ထုတ်လုပ်သွားမည်ဖြစ်ပြီး အဆိုပါ မူးယစ် ဆေးစွဲဖြတ်တောက်ဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ တောင်းဆိုချက်ဖြင့် ထုတ်လုပ်ခြင်းဖြစ်၍ ဆေး သောက်သုံးသူများ အနေဖြင့် မူးယစ်ဆေးသုံးစွဲမှုကို လျှော့ချလာရာမှ နောက်ပိုင်းတွင် မူးယစ်ဆေးစွဲမှုကို ပြတ် တောက်သွားစေမည် ဖြစ်ကြောင်း သိရသည်။

''ဒီနှစ်ထဲမှာ မူးယစ်ဆေးစွဲဖြတ်တောက်ဆေး METHADOME အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက အမှာစာ ဘီလီယံ ၂ဝ ဖိုးလောက်ရှိပါတယ်။ ဒီလိုဆေးကို အရင်က ပြည်ပက မှာရတယ်။ အခုမဝယ်ရတော့ ဘူးဆို တော့ ပြည်တွင်းငွေကုန်ကျမှု သက်သာသွားတာပေါ့။ ဆေးက အရည်အ မျိုးအစားပါ။ ဒီဆေးထုတ်လုပ်ပြီးတာနဲ့ ကျန်း မာရေးနဲ့ အားကစား ဝန်ကြီးဌာနကို ရောင်းမှာပါ''ဟု ၎င်းက ဆက်လက်ပြောသည်။ အဆိုပါ ဆေးထုတ်လုပ်ရန် ကုန်ကြမ်းများကို ပြည်ပမှဝယ်လျက်ရှိပြီး အဓိကအားဖြင့် အိန္ဒိယနိုင်ငံမှ ဝယ်ယူရကြောင်း၊ တရုတ်နှင့် ဂျာမနီတို့မှလည်း ဝယ်ယူရကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြွေဆိပ်ဖြေဆေး အပါအဝင် မူးယစ်နွယ်ဝင်ဆေး ဝါးများအားလုံး ထုတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း၊ လက်ရှိတွင် BPI ဆေးဝါးစက်ရုံမှ ထုတ်လုပ်ထားသည့် ကင်ဆာ ဝေဒနာရှင်များအတွက် ဆေးနှင့် HIV ကာကွယ်ဆေး တို့ကို FDA ထောက်ခံချက် လျှောက်ထား ဆဲဖြစ်ပြီး ယခုနှစ် အတွင်း ထုတ်လုပ်ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။

Read 423 times Last modified on Monday, 25 September 2017 11:37