SJ WorldNews - шаблон joomla Авто

စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီး၌ တိုးချဲ့လေးထပ် လူနာဆောင်သစ် ဖွင့်လှစ်

Tuesday, 26 November 2019 09:02 font size decrease font size decrease font size increase font size increase font size

စစ်တွေ  နိုဝင်ဘာ  ၂၅

ရခိုင်ပြည်နယ် စစ်တွေမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီး၌ တိုးချဲ့လေးထပ် လူနာဆောင်သစ် ဖွင့်ပွဲကို နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းတွင် အဆိုပါ လူနာဆောင်ရှေ့၌ ကျင်းပသည်။

ရှေးဦးစွာ    ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

ဆက်လက်၍ စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး ဆေးရုံအုပ်ကြီး ဒေါက်တာမိုးမြင့်ဝင်းက တိုးချဲ့လေးထပ် လူနာဆောင်သစ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စစ်တွေဆေးရုံကြီးကို ၂၀၁၅ ခုနှစ်က ခုတင် ၅၀၀ ဆံ့   ဆေးရုံအဖြစ် ဖွဲ့စည်းပုံ တိုးမြှင့်ခဲ့သော်လည်း အသုံးပြုနိုင်မှုမှာ ခုတင် ၃၅၀ သာရှိခဲ့သည်။ ယခုအခါ ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုရန်ပုံငွေကျပ် ၃၃၄၀ ဒသမ ၃၂ သန်းဖြင့် တိုးချဲ့လေးထပ်လူနာဆောင်သစ်ကို ဆောက်လုပ် ဖွင့်လှစ်နိုင်ခဲ့ရာ ခုတင် ၂၀၀ ခန့် ထပ်မံတိုးချဲ့နိုင်မည်ဖြစ်ပြီး ဖျားနာလူနာကုသဆောင်၊ မျက်စိလူနာကုသဆောင်နှင့် အထူးကုပြင်ပ လူနာဌာနတို့ကို ယခုတိုးချဲ့ လူနာဆောင်၌ ပြောင်းရွှေ့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

Read 113 times Last modified on Tuesday, 26 November 2019 09:03