SJ WorldNews - шаблон joomla Авто

စံမညီဆေးဝါးများ ရောင်းချမှု မရှိစေရေး စစ်ဆေး

Monday, 27 January 2020 10:04 font size decrease font size decrease font size increase font size increase font size

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့တွင် စံမညီဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ ကန့်သတ်ထိန်းချုပ် ဆေးဝါးများ လိုင်စင်မဲ့ဆေးဝါး ရောင်းချမှုမရှိစေရေး အတွက် ဇန်န၀ါရီ ၂၅ ရက် နံနက်ပိုင်းက သက်ဆိုင်ရာ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် ဇမိရတနာမြို့မဈေး ဆေးဝါးအရောင်းဆိုင်များနှင့် မြို့ပေါ်ရှိ ဆေးဝါးအရောင်းဆိုင်များမှ တာဝန်ရှိသူများကို ကျန်းမာရေးနှင့် မညီညွတ်သော ဆေးဝါးများ မရောင်းချစေရေး၊ အန္တရာယ်ဖြစ်စေသော သက်တမ်းလွန် ဆေးဝါးများ စွန့်ပစ်ဖျက်ဆီးပြီး  ရောင်းချမှုမပြုစေရေး၊ ကန့်သတ်ဆေးဝါး၊ ထိန်းချုပ်ဆေးဝါးများ၊ စံမညီသည့်ဆေးဝါးများ  ၀ယ်ယူရောင်းချခြင်း မပြုလုပ်ရန်၊ စပ်ဆေးများ ရောင်းချခြင်း မပြုလုပ်ရန် နှင့် ပိုးသတ်ဆေး များအား မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး၏ ခွင့်ပြုချက်ရမှသာလျှင်  ၀ယ်ယူရောင်းချခြင်းပြုလုပ်ရန် ဆေးဝါးအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်များနှင့် ရောင်းချသူများအားအများပြည်သူများ ကျန်းမာရေး အန္တရာယ် မဖြစ်ပေါ်စေရေး အတွက်  အသိပညာပေး ဆွေးနွေးသည်။

ယင်းနောက် ဆေးဝါးများ စနစ်တကျ သိုလှောင်ထားရှိခြင်း ရှိ၊ မရှိနှင့် ကျန်းမာရေး ဦးစီးဌာနမှသတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက်မှု ရှိ၊မရှိ အခြေအနေများကို စစ်ဆေးကြောင်း သိရသည်။      

Read 121 times Last modified on Monday, 27 January 2020 10:06