SJ WorldNews - шаблон joomla Авто

သက်တမ်းလွန် စားသောက်ကုန်များ ရောင်းချခြင်းရှိ ၊ မရှိစစ်ဆေး

Wednesday, 19 February 2020 09:37 font size decrease font size decrease font size increase font size increase font size

စစ်ကိုင်းတိုင်းဒေသကြီး ၀န်းသိုမြို့နယ် ၀န်းသိုအခြေခံပညာ အထက်တန်း ကျောင်းဝင်းအတွင်း ရောင်းချနေသည့် ကျောင်းမုန့်ဆိုင်များတွင် သက်တမ်းလွန် အစားအသောက်များ ရောင်းချခြင်းရှိ၊  မရှိနှင့် မုန့်ဆိုင်များ သန့်ရှင်း သပ်ရပ်စွာ ရောင်းချခြင်းရှိ၊ မရှိတို့ကို ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းက တာဝန်ရှိသူများ  စစ်ဆေးကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံ ဒေါ်အမာကြည်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းခိုင်နှင့် ကျောင်းစားသုံးသူရေးရာ အဖွဲ့မှ ဆရာမများ ပူးပေါင်း၍ ကျောင်းမုန့်ဈေးဆိုင်များတွင် ဆေးလိပ်ပုံသဏ္ဌာန် စားသောက်ကုန်နှင့် ဆလင်းပိုက် ဆေးထိုးအပ်ပုံသဏ္ဌာန် အစားအသောက်များ၊ သက်တမ်းလွန်၊  မှိုတက် စားသောက်ကုန်များ ရောင်းချခြင်း ရှိ၊ မရှိ နှင့်  ကျောင်းမုန့်ဆိုင်များတွင်  သန့်ရှင်းသပ်ရပ်စွာ ရောင်းချခြင်း ရှိ၊  မရှိတို့ကို ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ တာဝန်ခံ  ဒေါ်အမာကြည်က အစားအသောက်များ ရောင်းချရာတွင် သက်တမ်းကုန်ဆုံးရက်စွဲ၊ ကုန်အမှတ်တံဆိပ်များ ပါရှိသည့် ပစ္စည်းများကိုသာ ၀ယ်ယူရောင်းချကြရန်နှင့် ၂၀၂၀ ပြည့်နှစ် မတ် ၁၆  ရက်မှစတင်၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြထားသော စားသောက်ကုန်များသာ ၀ယ်ယူရောင်းချခွင့် ပြုတော့မည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍     တာဝန်ရှိသူများက စားသုံးသူ   ကာကွယ်ပေးရေး အကြောင်း သိမှတ်ဖွယ်ရာ လက်ကမ်း စာစောင်များကို ကျောင်းမုန့်ဈေးသည်များအား ဖြန့်ဝေပေးကြောင်း   သိရသည်။

Read 185 times Last modified on Wednesday, 19 February 2020 09:39