SJ WorldNews - шаблон joomla Авто

တရုတ်နိုင်ငံ၌ နှစ်ရက်မြောက်အဖြစ် နိုဗယ်ကိုရိုနာဗိုင်းရပ်နောက်ထပ်ကူးစက်ခံရသူမရှိ

Saturday, 21 March 2020 12:21 font size decrease font size decrease font size increase font size increase font size

တရုတ်နိုင်ငံ၌ နှစ်ရက်မြောက်အဖြစ် နိုဗယ်ကိုရိုနာဗိုင်းရပ်   ကူးစက်ခံရသူမရှိ ကြောင်း တာဝန်ရှိသူများက မတ် ၂ဝ ရက် တွင်ထုတ်ပြန်သည်။

သို့သော် ပြည်ပမှပြန်လာသည့် နိုဗယ် ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူအရေအတွက် မှာမူ ၂၂၈ ဦးအထိ မြင့်တက်လာကြောင်း တာဝန်ရှိသူများ၏  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့်   တာဝန်ရှိသူများအနေဖြင့် တင်းကျပ်သော   ပြည်သူ့ကျန်းမာရေး လုပ်ထုံးလုပ်နည်းများကို ပိုမိုတင်းကျပ်စွာ ကိုင်တွယ်ရန်လိုအပ်လာကြောင်း     သိရ သည်။

ဥရောပနှင့် မြောက်အမေရိကဒေသတို့၌  အဆိုပါ ဗိုင်းရပ်ကူးစက်ပျံ့နှံ့နေစဉ် ပြည်ပ ရောက် တရုတ်နိုင်ငံသားများက နေရပ်နိုင်ငံ သို့ အပြေးအလွှား ပြန်လည် ဝင်ရောက်လာသည့်အတွက် တရုတ် တာဝန်ရှိသူများက ပြည်ပမှပြန်ဝင်လာသူများကို သတိဖြင့် စောင့်ကြည့်လျက်ရှိသည်။

တရုတ်ပြည်မကြီး၌ မတ် ၁၉ ရက်တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်   ကူးစက်ခံရသည့် ပြည်ပမှပြန်လာသူ ၃၉ ဦးရှိကြောင်း အမျိုး သားကျန်းမာရေးကော်မရှင်ကပြောသည်။

ဟောင်ကောင် အထူးဒေသအနီး ရှန်ကျန်း မြို့အပါအဝင် ရှန်ဟိုင်းနှင့်ကွမ်တုန်ကဲ့သို့ အဓိက ပို့ဆောင်ရေး နေရာများမှာ ဗိုင်းရပ် ကူးစက်ခံရသည့်  ပြည်ပမှနိုင်ငံသားများ အဓိက ဝင်ရောက်ရာနေရာများဖြစ်သည်။

ဗိုင်းရပ်ကူးစက်ခံရသည့်     ပြည်ပမှ ပြန်လာသူများမှာ မည်သည့်နိုင်ငံမှရောက်ရှိ လာသည်ကို  ကျန်းမာရေး ကော်မရှင်က မထုတ်ပြန်သော်လည်း အချို့မှာ ဗြိတိန်နှင့် အမေရိကန်တို့မှဖြစ်ကြောင်းသိရသည်။

 

Ref: The Straits Times

Read 142 times