SJ WorldNews - шаблон joomla Авто

ခရိုင်ပြည်သူ့ ဆေးရုံကြီး၌ သွေးလိုအပ်နေသော လူနာများအတွက် သွေးပုလင်းများ လှူဒါန်း

Sunday, 21 June 2020 09:27 font size decrease font size decrease font size increase font size increase font size

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ မြင့်မြတ်သူစေတနာ သွေးလှူရှင်အသင်းမှ ပရဟိတသွေးလှူရှင် အသင်းဝင်များက ဇွန် ၂ဝ ရက်နံနက်ပိုင်းတွင်   ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီး၌  တက်ရောက် ဆေးကုသနေသော လူနာ ၁၁ ဦးအတွက် အရေးပေါ်သွေးလိုအပ်နေသော   လူနာများ အဆင်ပြေစွာ ဆေးဝါးကုသပေးနိုင်ရေး    သွေးများ သွားရောက် လှူဒါန်းပေးကြောင်း သိရသည်။

ထိုသို့သွေးများလှူဒါန်းပေးရာတွင် ညောင်ဦးမြို့ မြင့်မြတ်သူ စေတနာသွေးလှူရှင် အသင်းမှ ပရဟိတသွေးလှူရှင် အသင်းသားများက   ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အရေးပေါ်သွေး လိုအပ်နေသော  လူနာ ၁၁ ဦးအား  အချိန်နှင့်တစ်ပြေးညီ ဆေးဝါး ကုသနိုင်ရေးအတွက်  အေသွေးလေးလုံး၊  ဘီသွေးလေးလုံး၊ အိုသွေးငါးလုံး၊ အေဘီသွေး တစ်လုံး စုစုပေါင်း    သွေးပုလင်း ၁၄ လုံးကို  သွားရောက် လှူဒါန်းခြင်း ဖြစ်ကြောင်း အဖွဲ့ဝင် ဦးအောင်ငြိမ်းက ပြောသည်။

အဆိုပါပရဟိတ သွေးလှူရှင်အသင်းသား၊ အသင်းသူများ သွေးလှူဒါန်းနေမှုကို ညောင်ဦးခရိုင်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီး အာဟာရဖြည့်စွက်စာများ  ပြန်လည်ဝေငှ ပေးလျက်ရှိကြောင်း   သတင်းရရှိသည်။

 

Read 45 times Last modified on Sunday, 21 June 2020 09:28