SJ WorldNews - шаблон joomla Авто

နေပြည်တော်  ဧပြီ  ၂၂

နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ်    မင်္ဂလာဒီပရပ်ကွက်၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး အတွက် အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၈ နာရီခွဲတွင် ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ရွှေရွှေနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ တာဝန်ရှိသူများ ပူးပေါင်း၍ အဖွဲ့ခုနစ်ဖွဲ့ ခွဲကာ ပုဗ္ဗသီရိမြို့နယ် မင်္ဂလာဒီပရပ်ကွက် အတွင်းရှိ နေအိမ်များတွင် နေ့စဉ်သုံးရေကန်များ၊ ရေပုံးများ၊ ရေတိုင်ကီများ၊ ကားတာယာဟောင်းများနှင့်  ဘုရားပန်းအိုးတို့၌   အဘိတ်ဆေးများ ခတ်ပေးကြ သည်။

ထို့ပြင်  အိမ်ထောင်စုဝင်များကိုလည်း ခြင်ကြောင့် ဖြစ်တတ်သည့် ရောဂါများအကြောင်း၊ အချိန်မရွေးဖြစ်တတ်သော သွေးလွန်တုပ်ကွေး ရောဂါ   ကြိုတင်ကာကွယ်မှုများ အကြောင်းကို အသိပညာပေး ပြောကြားကြောင်း သိရသည်။

Page 59 of 93