ဇာခန်းဆီးနောက်ကွယ်က ကိုဗစ်အလှူ
COVID-19 ရောဂါပိုးဟာ ကျွန်မတို့ တိုင်းပြည် အပါအဝင် တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတာ တစ်နှစ်နီးနီးပြည့်တော့မှာပါ။ ဆေးလောကက ပညာရှင်များကလည်း ဒီပိုးဟာ နောက်ထပ်အနည်းဆုံး ခြောက်လလောက်တော့ ထပ်ပြီးဒုက္ခပေးနေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ပိုးတွေ့သူအရေအတွက်ဟာ ၆ ကုဋေကျော်ရှိပြီး ဒီရောဂါကြောင့် အသက်ဆုံးရှုံးသူ အရေအတွက်ဟာလည်း တစ်သန်းကျော်ရှိပါတယ်။ ချမ်းသာတဲ့ တိုင်းပြည်မှာလည်း ဖြစ်ကြတာ များပါတယ်။ အဖိတ်အစဉ်လည်း များပါတယ်။ ဆင်းရဲတဲ့ တိုင်းပြည်လည်း ဒီအတိုင်းပါပဲ။ ဘယ်လောက်များ ဒုက္ခပေးလိုက်တဲ့ ရောဂါပိုးလည်းလို့လေ။
![](http://myawady.net.mm/sites/default/files/styles/medium/public/Health%20article2_0.jpg?itok=V2LhPeKH)