ဆောင်းပါးများ

အနာဂတ်ပန်းများ ပွင့်လန်းစေဖို့

လူ့သက်တမ်းတစ်ခုမှာ လူငယ်ဘဝဆိုတာ တစ်ကြိမ်တစ်ခါပဲရပါတယ်။ လူ့သက်တမ်းကို အရွယ်သုံးပါးနဲ့ ပိုင်းခြားရင် လူငယ်ဆိုတာ ပထမအရွယ်ပါ။ လူငယ်ဘဝမှာ ပညာတွေသင်နိုင်သမျှ သင်ယူရပါမယ်။ စာသင်ပြီး အတန်းတွေအောင်မြင်ရုံနဲ့လည်း မလုံလောက်ဘဲ စာတွေ့နဲ့လက်တွေ့ပေါင်းပြီး လူမှုဆက်ဆံရေး အပါအဝင် ဘဝနေနည်းတွေ နိုင်ငံနဲ့လူမျိုးကို ချစ်တဲ့စိတ်တွေ

သွေးရည်ကြည်ကုထုံးနှင့် COVID-19 ရောဂါ

အမေရိကန်နိုင်ငံ Food and Drug Administration(FDA)က COVID-19 ရောဂါဖြစ်ပွားနေချိန်မှာ  EUA Emergency Use Authorization for inve-stigational convalescent plasma therapy သွေးရည်ကြည်ကုထုံးနဲ့ ကုသနိုင်ကြောင်း   ခွင့်ပြုပေးထားပါတယ်။

အာဖဂန်၌ အယ်လ်ကိုင်ဒါတို့ အမြစ်ပြတ်သွားပြီဟုယုံကြည်နေသည့် အမေရိကန်

ကမ္ဘာပေါ်၌ စစ်ဘေးဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် နံပါတ်တစ်နေရာ၌ ရှိနေသည့်နိုင်ငံမှာ အာဖဂန်နစ္စတန်ဖြစ်သည်။ ၂၀၀၁ ခုနှစ် အာဖဂန်သို့ အမေရိကန်တို့ စတင်ကျူးကျော်ချိန်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းစစ်သက်တမ်း ၁၉ နှစ်တာကာလမျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း အာဖဂန်၌  အကောင်းဆုံးတည်ငြိမ်မှုများ မရှိခဲ့ပေ။ အမေရိကန်၏ ထောက်ပံ့မှုများ အမြဲမပြတ်ရှိနေပြီး တာလီဘန်တို့၏ ထိုးစစ်များကလည်း အမေရိကန်တို့ ချေမှုန်းနေသည့်ကြားမှပင် မြင့်တက်လာနေပြန်သည်။

တတိယမြောက် COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းလာသည့် ရုရှား

ရုရှားနိုင်ငံသည် COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည့် တတိယမြောက် ကာကွယ်ဆေး တစ်မျိုးကို ဆက်လက်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် ရုရှားကျန်းမာရေး အာဏာပိုင် အဖွဲ့သည် တတိယမြောက် ပြည်တွင်းဖြစ်ကာကွယ် ဆေးထုတ်လုပ်မှုနှင့် ပတ်သက်၍ သုတေသနလုပ်ငန်း များ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့လုပ်ဆောင်နေသည့် သုတေသနရလဒ်များကို ဒီဇင်ဘာလ လယ်ခန့်တွင် ထုတ်ပြန်နိုင်ရန် မျှော်မှန်းလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီး မီခေးမူရက်ကိုက အောက်တို ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

လောက၏ဖန်တီးရှင်အစစ်

ဘဝအမျိုးမျိုးနှင့် လောကအမျိုးမျိုးကို ဖန်တီးပေးနေသူမှာ “စိတ်” သာလျှင်ဖြစ်၏။ လောကနှင့် သတ္တဝါ တို့ကို ဖန်တီးနိုင်သည့် အနန္တတန်ခိုးရှင်၊ ဖန်တီးရှင်ဆိုသည်မရှိပေ။ တကယ်ရှိသော အခြေခံအကျဆုံး တရားများမှာ “စိတ်စေတသိက်၊ ပရမတ်ရုပ်” တရားသာရှိ၏။ စိတ်နှင့် စေတသိက်တို့ကို ပေါင်းပြီး နာမ်ဟု ခေါ်သည်။ ဒြပ်နှင့်စွမ်းအင်တို့ကို ပေါင်းစပ်ပြီး ရုပ်ဟုခေါ်သည်။ ထို့ကြောင့် နာမ်ရုပ်နှစ်ပါးသာရှိ၏။ ထိုနာမ် ရုပ်နှစ်ပါးသည် ခဏမစဲဖြစ်ပြီး ပျက်နေကြ၏။ မတည်မြဲကြ။ ထိုနာမ်ရုပ်တို့ကို ပေါင်းစုပြီး ပြုပြင်စီရင် ထားသော သက်ရှိသက်မဲ့ အရာအားလုံးသည် မတည်မြဲကြပေ။ ခဏမစဲလျင်မြန်စွာဖြစ်ပြီး ပျက်နေကြ၏။ တိပိဋကဓရအဘိဓဇမဟာရ

ငါးစားခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ(ငါးသလဲထိုး)

“ငါးသန်သေးနုပ်၊ ရေလုံပြုတ်ကို၊ တစ်လုတ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုး နပ်ပဟဲ့”(စလေဦးပုည၏ ရေသည်ပြဇာတ်မှ)

စာရေးသူတို့ငယ်စဉ်က နယ်မြို့ကလေးတစ်မြို့ဖြစ်သော တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် နေထိုင်ခဲ့သည်။ ထိုမြို့တွင် ချောင်းငယ်တစ်ခုဖြတ်၍ စီးဆင်းလျက်ရှိသည်။ မိုးရာသီတွင် ပဲခူးရိုးမမှ စီးဆင်းလာသော တောင်ကျချောင်းဖြစ်သဖြင့် အလွန်ရေစီးသန်သည်။