ဆောင်းပါးများ

ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေး သဘောတူညီချက်နှင့် အနာဂတ်အာရှ-ပစိဖိတ်ဒေသတွင်း အလားအလာ

ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (The Regional Comprehensive  Economic Partnership-RCEP) ဟုခေါ်သည့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သော   ကုန်သွယ်ရေး သဘောတူညီချက်ကို မကြာမီက အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

အမှတ်တရများနှင့်ရန်ကုန်တက္ကသိုလ်

တက္ကသိုလ်ဆိုသည်မှာ ဘဝတစ်ခု၏ မှတ်တိုင်ဖြစ်ပါသည်။ တစ်နည်းဆိုသော် ဘဝတစ်ခုချင်းစီ၏ အထင်ကရ တည်နေရာဟုဆိုနိုင်ပါသည်။ လူလားမြောက်လာသော ဘဝထိုထိုသည် တက္ကသိုလ်အရိပ်ကို ခိုကြ၏။ ဝိဇ္ဇာ သိပ္ပ အတတ်တို့ကို ဆည်းပူးကြ၏။

တက္ကသိုလ်အဝန်းအဝိုင်းဝယ် ပျော်မွေ့ကြ၏။ ဤတွင် လူမှုဆက်ဆံရေး ကျယ်ဝန်းလာ၏။ ဘဝအမြင်နက်ရှိုင်း လာ၏။ တွေးခေါ်မှုတို့ ရင့်ကျက်လာသည်။ သဘာဝသည်နှစ်လိုစရာဟု ခံစားလာသည်။ အလှကို ရှာတွေ့ တတ်လာပြီ။ တော်တည့်မှန်ကန်မှု၌အားကျလာပြီ။ အပေါင်းအစုဝယ် နှစ်ထောင်းအားရရှိလေပြီ။ ထိုတည်း သော အကြောင်းတရားများကား ဘဝတစ်ခုချင်းစီအတွက် မေ့နိုင်ဖွယ်မရှိလေပြီ။

သင့်ကလေးခွေးကိုက်ခံရလျှင်

- ခွေးကိုက်ခံရတဲ့ ကလေးတွေကို   ဆရာတို့  မကြာခဏတွေ့ရပါသလား

- ဟုတ်ကဲ့၊ ခွေးကိုက်ခံရတဲ့ကလေးတွေကို    ဆေးရုံ၊   ဆေးခန်းတွေမှာ ကျွန်တော်တို့ မကြာခဏတွေ့ရှိ ကုသပေးရပါတယ်။

- ခွေးကိုက်ခံရရင် ဘယ်လိုအန္တရာယ်တွေ ရှိနိုင်ပါသလဲ

ကျွန်တော်၏တက္ကသိုလ်ပညာရေးနဲ့ ရန်ကုန်တက္ကသိုလ်

၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁ ရက်သည်  ရန်ကုန်တက်္ကသိုလ်  ရာပြည့်နေ့ဖြစ်သည်။    သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊  ရုပ်မြင်သံကြား အသီးသီးတို့က ရန်ကုန်တက်္ကသိုလ်နှင့် ပတ်သက်၍    ကဏ္ဍအမျိုးမျိုး၊ သမိုင်းကြောင်းဆိုင်ရာများ၊ သမိုင်းဝင်ပုဂ်္ဂိုလ် ကျောင်းသားဟောင်းကြီးများ အကြောင်း၊  ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခဲ့သည့် ကျောင်းသားဟောင်းကြီးများ၏ တက္ကသိုလ်ကျောင်းသား ဘဝခံစားမှုများနှင့်  အခြားပတ်သက်ဆက်နွှယ်မှု အမျိုးမျိုးတို့ကို  ဖော်ကျူးရေးသား ထုတ်လွှင့်ပြသလျက်ရှိသည်။ ကျွန်တော်သည်  ရုပ်မြင်သံကြားမှထုတ်လွှင့်သော   ရာပြည့်သဘင် အထိမ်းအမှတ်  ဂုဏ်ပြုဖျော်ဖြေပွဲနှင့် တွေ့ဆုံမေးမြန်းခြင်း အစီအစဉ်တို့ကို မလွတ်တမ်းကြည့်ရ

ဇာခန်းဆီးနောက်ကွယ်က ကိုဗစ်အလှူ

COVID-19 ရောဂါပိုးဟာ ကျွန်မတို့ တိုင်းပြည် အပါအဝင် တစ်ကမ္ဘာလုံးကို ဒုက္ခပေးနေတာ တစ်နှစ်နီးနီးပြည့်တော့မှာပါ။   ဆေးလောကက ပညာရှင်များကလည်း ဒီပိုးဟာ နောက်ထပ်အနည်းဆုံး ခြောက်လလောက်တော့ ထပ်ပြီးဒုက္ခပေးနေဦးမယ်လို့ ခန့်မှန်းထားကြပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်မှာ ကိုဗစ်ရောဂါ ပိုးတွေ့သူအရေအတွက်ဟာ   ၆  ကုဋေကျော်ရှိပြီး ဒီရောဂါကြောင့် အသက်ဆုံးရှုံးသူ အရေအတွက်ဟာလည်း တစ်သန်းကျော်ရှိပါတယ်။ ချမ်းသာတဲ့ တိုင်းပြည်မှာလည်း ဖြစ်ကြတာ များပါတယ်။ အဖိတ်အစဉ်လည်း များပါတယ်။ ဆင်းရဲတဲ့ တိုင်းပြည်လည်း ဒီအတိုင်းပါပဲ။ ဘယ်လောက်များ ဒုက္ခပေးလိုက်တဲ့ ရောဂါပိုးလည်းလို့လေ။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်(၂)

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုဆောင်းပါး

ဤဆောင်းပါးကို တောင်းပန်ခြင်းဖြင့် အစပြုလိုသည်။ ပထမဆောင်းပါးတွင် တို့တိတို့တိရေးသားရာမှ အာစရိယဆရာသခင်များကို   စုံစုံလင်လင်ဖော်ပြရန် လစ်ဟင်းသွားခဲ့မိပါသည်။

အာစရိယဆရာများ

ပထမနှစ်တွင် မြန်မာစာကို ဦးဟုန်ဝမ်က လည်းကောင်း၊ အင်္ဂလိပ်စာကို ဦးကျော်ဝင်းကလည်းကောင်း၊ သင်္ချာကို ဒေါ်သိန်းတင့်က လည်းကောင်း၊ ရူပဗေဒကို ဦးမြင့်ကြည်ကလည်းကောင်း၊ ဓာတုဗေဒကို ဒေါ်သန်းသန်းက လည်းကောင်း၊ ဘူမိဗေဒကို ဦးရွှေဝင်းကလည်းကောင်း   သင်ကြားပေးပါသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး

နှစ်ပေါင်းတစ်ရာ တက္ကသိုလ်နှင့် ရင်ထဲကမြန်မာစာနှစ်ပေါင်းတစ်ရာ ကြာညောင်းသော်လည်း ကမ္ဘာတည် သရွေ့ ဘယ်ခါမမေ့.....

                      (မောင်ပန်းမွှေး)

ဦးရှင်ကလေးနှင့် ရာဇဝင်ညွန့်

ရတနာပုံခေတ်၌ ထွက်ပေါ်ခဲ့သော ရာဇဝင်ကျမ်းများတွင် ထင်ရှားသည့် ရာဇဝင်ကျမ်းတစ်စောင်သည် အမှာတော်ရေး ဦးရှင်ကလေးပြုစုထားသော ရာဇဝင်ညွန့် ဖြစ်သည်။