ဆောင်းပါးများ

နှစ်ပေါင်း ၃၀ ကြာပိတ်ထားခဲ့သော နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ပြီး ဆက်ဆံရေးသစ် ထူထောင်လိုက် သည့် အီရတ်နှင့်ဆော်ဒီအာရေဗျ

အရှေ့အလယ်ပိုင်းဒေသ၌ နှစ်ပေါင်း၃၀ ကြာပိတ်ထားခဲ့သော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို အီရတ်နှင့် ဆော်ဒီအာရေဗျတို့  နောက်ဆုံးသဘောတူညီချက်ရပြီး ဖွင့်လှစ်လိုက်နိုင်ပြီဖြစ်သည်။ ဆော်ဒီအာ ရေဗျနှင့် အီရတ်တို့သည် ကုန်းမြေနယ်နိမိတ်ချင်း များစွာထိစပ်နေသော်လည်း  ရှီးယိုက်မွတ်စလင် အီရတ်နှင့် ဆွန်နီမွတ်စလင် ဆော်ဒီအာရေဗျတို့ကြား အပြန်အလှန်ယုံကြည်မှု တစ်ခုရရှိရန် ခက်ခဲသည်။

လေမဖြတ်အောင်အစားရှောင်

ကျန်းမာရေးကို လိုက်စားသူ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်သူ၊ ညအိပ်ရာဝင်ချိန်တွင် စောစောအိပ်လေ့ရှိပြီး နံနက်စောစောအိပ်ရာထကာ ၂ မိုင်ခန့်ရှိသော ကန်ကြီးတစ်ပတ်လမ်းလျှောက်လေ့ရှိသူ၊ ဥပဓိရုပ် ကြည်လင်ပြီး အသက်အရွယ်နှင့်မမျှ ဖျတ်လတ်သူတစ်ဦး ရုတ်တရက်လေဖြတ်သွားသည်ဟု ကြားသိရသောအခါ အံ့သြတုန်လှုပ်သွားသည်။

မျက်စိလှူကြ ချမ်းသာရ မြတ်လှများကုသိုလ်

ယနေ့ခေတ်ဆေးပညာရှင်များသည် အိုခြင်းနှင့် သေခြင်းတရားတို့ကို အနိုင်မယူ နိုင်ကြသော်လည်း နာခြင်း ကိစ္စကို ရင်ဆိုင်  အနိုင်ရရှိရန်  ကြိုးစားလျက်ရှိကြသည်။ ဖြစ်ပေါ်လာသည့်ရောဂါများကို တိုက်ဖျက်နိုင်ရန် ဆေးစွမ်းကောင်းများ၊ ကာကွယ် ဆေးများကို  ထုတ်လုပ်ကုသပေးနေကြပြီး  ခွဲစိတ်ကုသရန်လိုအပ်သည့် ရောဂါ ဝေဒနာများကိုလည်း ခွဲစိတ်ကုသပေးလျက် ရှိကြသည်။

Pfizer BioNTech နှင့် Moderna ကုမ္ပဏီတို့၏ ထိရောက်မှုရှိသော COVID-19 ရောဂါကာကွယ်ဆေးများ

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်မှု ၅၅ သန်းကျော်သွားခဲ့ပြီဖြစ်ပြီး ရောဂါကူးစက်မှုများကလည်း လျင်မြန်စွာ ပျံ့နှံ့နေဆဲဖြစ်သည်။

မြောက်အမေရိကနှင့် ဥရောပတို့၌ ရက်အနည်းငယ် ကူးစက်မှုလျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် နေ့စဉ်ကူးစက်မှုစာရင်းများက ယခုအချိန်ထိ လျော့ကျမသွားသေးဘဲ မြင့်တက်နေဆဲဖြစ်ကာ အမေရိကန် ဆိုလျှင် ရွေးကောက်ပွဲပြီးနောက် ကူးစက်မှု ၂၀ ရာခိုင်နှုန်းအထိ ချက်ချင်းမြင့်တက်ခဲ့သည်။

အတုအပစုံလင် ကမ္ဘာတစ်ခွင် ဘယ်လိုဖြေရှင်းကြမလဲ

အတုသည် အစစ်မဟုတ်ပေ။ မူလရှိပြီးသားအစစ်ကို တုပထားလျှင် အတုဟု လွယ်လွယ်မှတ်နိုင်ကြသည်။ ကုန်ပစ္စည်း ကြော်ငြာများတွင် အတုအပသတိပြုဟူသော စာတန်းထိုးကြော်ငြာသည်များကို လည်းတွေ့ရ သည်။ ကုန်ပစ္စည်းတစ်ခု၊ ဆေးဝါးအမျိုးအမည်တစ်မျိုး စသည့် မူလထုတ်လုပ်သော ပစ္စည်းအစစ်နာမည် ရလာလျှင်၊ ကောင်းသတင်းဖြင့် ကျော်စောလာလျှင် ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်နိုင်ခြင်းမရှိသူများက တုပပြု လုပ်တတ်သည်။

နေရာ

နေရာဆိုတာ  အမှန်တော့  ဝေါဟာရအားဖြင့် မဆန်းကြယ်လှပါဘူးရှင်။  ဒါပေမဲ့  ဒီစကားလုံးရဲ့ အသုံးအနှုန်းကတော့ ကျယ်ပြန့်လှပါတယ်။ တွေးတတ်ရင် ခံစားတတ်သလို နက်ရှိုင်းလှပါတယ်။ ဒီစကားလုံးနဲ့ ဆက်နွှယ်နေတာကတော့    စည်းကမ်းပါပဲရှင်။

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယို၏ နောက်ဆုံးဖြစ်လာမည့် ဥရောပနှင့် အရှေ့အလယ်ပိုင်းခုနစ်နိုင်ငံခရီးစဉ်

၂၀၁၄ ခုနှစ် အရှေ့အလယ်ပိုင်းဒေသ ဆီးရီးယား ပြည်တွင်းစစ်ပွဲများကြားမှ ထွက်ပေါ်လာခဲ့သည့် အစ္စလာမ် မစ်နိုင်ငံတော် (IS) ကြောင့် ဥရောပ၌ အဆိုး ရွားဆုံးအကြမ်းဖက်ဝါဒထိုးနှက်ခံရသည့် နိုင်ငံက ပြင်သစ်ဖြစ် သည်။ ၂၀၁၅ ခုနှစ်က လူပေါင်းရာချီသေဆုံး ခဲ့ရသကဲ့သို့ ၂၀၂၀ ပြည့်နှစ်အထိလည်း ပြင်သစ်၌ အကြမ်းဖက် ဝါဒ အမြစ်မပြတ်သေးပေ။ တမန်တော်မိုဟာမက်ပုံကို ရုပ်ပြောင်ကာတွန်းရေးဆွဲခဲ့သည့် ချာလီဟတ်ဘ်ဒိုး သတင်းစာမှအစပြုကာ ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပြီး နောက်ဆက်တွဲ အကြမ်းဖက်မှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ရေဆိုးရေညစ်နှင့် ရေကောင်းရေသန့်တို့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများ

မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ ကျေးရွာတွေမှာ ရေပြတ်လပ်မှု၊ ရေပြန်လည်ရရှိမှု နည်းပါးခြင်း၊ ဖုံးအုပ်ကာရံထားခြင်းမရှိတဲ့ ရေတွင်း၊ ရေကန်၊ စမ်းချောင်းများနဲ့ ရေများ မူလရှိနေတဲ့ ရေအရင်းအမြစ်တွေဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ခန်းခြောက်လာခြင်း၊ ရေရရှိဖို့အတွက် အချိန်ကြာကြာ သွားရောက်ရခြင်းနှင့် မိုးရာသီပြီးဆုံးချိန်

မတူညီသော အနာဂတ်များ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်တွင် ဒေသစာရီလှည့်လည်ရင်း သာလရွာသို့ ရောက်တော်မူ၏။ သာလရွာသားများက မြတ်စွာဘုရားရှင်ကို မေးလျှောက်ကြသည်။

ဂျိုးဘိုင်ဒင်လက်ထက်တွင် အရှေ့ဗဟိုပြုဝါဒ ပြန်လည်အသက်ဝင်လာနိုင်သည့် အာရှဒေသ

နိုဝင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ  ထိပ်သီးအစည်း အဝေး၌ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ်အိုဘရီယန်က အမေရိကန် နှင့်အာဆီယံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရေးပါလာပြီဖြစ်ကြောင်းနှင့် အကောင်း ဆုံးအခြေ အနေရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ကာ အာဆီယံဘက်သို့  ယခုမှ  ခြေဦး လှည့်လာသည့်  အမေရိကန်၏ နိုင်ငံခြား ရေးမူဝါဒဖြစ်သည်။