ဆောင်းပါးများ

ဗြိတိန်နိုင်ငံလည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းဖို့စီစဉ် လေပြီ

ဗြိတိန်နိုင်ငံလည်း အမျိုးသားစစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းဖို့စီစဉ် လေပြီ

 

နိုင်ငံတိုင်းမှာ လူငယ်များရှိသည်။ သို့သော် လူငယ်တိုင်းမှာတော့ မျိုးချစ်စိတ်ဆိုတာ မရှိနိုင်။ အမျိုးသားရေးစိတ်ဓာတ်လည်း မကိန်းအောင်းနိုင်။ နိုင်ငံအတွက် စစ်မှုထမ်း ပေးချင်လိုသည့်စိတ်လည်းမရှိနိုင်။ ထို့အတွက်ကြောင့် အမျိုးသားစစ်မှုထမ်းဥပဒေ ဆိုတာ ပေါ်လာရခြင်းဖြစ်သည်ဟု စာရေးသူကတော့ယုံကြည်သည်။

ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နှံရေး မိဘပြည်သူအားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး

ကျောင်းနေအရွယ်ကလေးများကျောင်းအပ်နှံရေး မိဘပြည်သူအားလုံး ဝိုင်းဝန်း ကူညီဆောင်ရွက်ပေး

မိုးဖြိုင်ဖြိုင်ရွာသွန်းသော အေးမြလှသည့် ဇွန်လ မိုးရာသီနှင့်အတူ ကျောင်းသား၊ ကျောင်းသူများ  မျှော်လင့်စောင့်စားနေသော အချိန်ကာလဆီသို့ အသစ်တစ်ဖန် ပြန်လည်ရောက်ရှိခဲ့လေပြီ။ ထိုအချိန်ကား“မိုးဦးကာလ ကျောင်းဖွင့်ချိန်”ပေတည်း။

ရေချိုကိုတန်ဖိုးထားကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထားကမ္ဘာကြီးကိုစောင့်ရှောက်

သားထွေး (မန္တလေး)

ယမန်နေ့မှအဆက်

ဖွံ့ဖြိုးပြီးနိုင်ငံကြီးများသည် ဖွံ့ဖြိုးဆဲနှင့်ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံများ  အပေါ် ကိုယ်ချင်း စာတရားထားစေလိုသည်။ စိုက်ပျိုးရေးအပေါ် အခြေပြု နေရသည့် စက်မှုမဖွံ့ဖြိုး သောနိုင်ငံငယ်များ၊ အထူးသဖြင့် နှစ်စဉ်ပူပြင်း ခြောက်သွေ့မှုဒဏ်ကို လပေါင်းများ စွာခံစားကြရပြီး စိုက်ပျိုးရေးနှင့် သောက်သုံးရေရှားပါးနေသောနိုင်ငံများမှ ပြည်သူ များ၏ဘဝကို စာနာစိတ်ထားသင့်ကြသည်။

လွန်စွာအကျိုးကြီးမား ရေတွင်းရေကန်တူးဖော်ပြုပြင်လှူဒါန်းမှု ကုသိုလ်တရား

လွန်စွာအကျိုးကြီးမား ရေတွင်းရေကန်တူးဖော်ပြုပြင်လှူဒါန်းမှု ကုသိုလ်တရား

မြန်မာတို့တွင် ရှေးအစဉ်အဆက်ကတည်းမှသည် ယနေ့ထိတိုင်ပြောလာကြသည့် ဆိုရိုးစကားတစ်ခုရှိ သည်။ ထိုဆိုရိုးစကားမှာကား “ထမင်းအသက် ခုနစ်ရက်၊ ရေအသက် တစ်မနက်” ဟူ၍ဖြစ်သည်။

ဆိုရိုးစကား၏ အဓိပ္ပာယ်မှာ လူ့ခန္ဓာကိုယ်၌ ထမင်းတစ်နပ်၏ သြဇာဓာတ်က ခုနစ် ရက်ကြာမှ ကုန်ခန်းသော်လည်း ရေတစ်ခွက်၏ သြဇာဓာတ်မှာမူ တစ်မနက်ခင်းမှာပင် ကုန်ခန်းသည့် သဘောကို ဆိုလိုခြင်း ဖြစ်သည်။

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ရေချိုကိုတန်ဖိုးထား ကမ္ဘာကြီးကိုစောင့်ရှောက်

ယမန်နေ့မှအဆက်

နိုင်းမြစ်ပေါ်မှာ Aswan တမံတည်ဆောက်ခဲ့သောအချိန်သည် စစ်အေးကာလ၊ ဆိုဗီယက်ရုရှား အရှေ့အုပ်စုနှင့် အမေရိကန်အနောက် အုပ်စုအားပြိုင်မှု အပြင်းထန်ဆုံးကာလဖြစ်ခဲ့သည်။ ဤကာလ များ မတိုင်မီ ကတည်းက အမေရိကန်ရော ဆိုဗီယက်ရုရှားပါ တမံကြီးပေါင်း မြောက်မြားစွာ တည်ဆောက်ပြီး ရေအားလျှပ်စစ်၊ စိုက်ပျိုးရေး၊ သောက်သုံးရေ ရရှိရေးနှင့် ရေကြီးရေလျှံမှု ကာကွယ်ရေးကို အပြိုင်လုပ်နေခဲ့ကြသည်။