နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၁)
နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၁)
“အလှအချော ဖွားစော”
“အလှအယဉ် ဖျောက်ဆိပ်ပင်” ဟူသောစကားစုကို ပြုံးရွှင်စွာ ရွတ်ဆိုပြသူက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းငယ်တစ်ဦး။ ထိုဝန်ထမ်းငယ်သည် မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဖြစ်လေ၏။ နေရာကား ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ရှေးဟောင်းရေကန်များကို ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းခွင်၌ ဖြစ်ပါသည်။