အားကစား

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် ကချင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ်နိုင်ပွဲရရှိ

 

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(B)တွင် ရှမ်းယူနိုက်တက် အသင်းနှင့် ကချင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ်နိုင်ပွဲရရှိ

 

ရန်ကုန်  မေ  ၂

    မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ် ကော်မတီက ကြီးမှူးကျင်းပလျက်ရှိသည့်   MNL League Cup 2024   ပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်များကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ရာ ရှမ်းယူနိုက်တက် အသင်းနှင့်  ကချင်ယူနိုက်တက် အသင်းတို့ ဂိုးပြတ် နိုင်ပွဲကိုယ်စီရရှိခဲ့ကြကြောင်း သိရသည်။

လက်စတာအသင်းက ဝါရင့် တိုက်စစ်ကစားသမား ဂျေမီဗာဒီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ်

 

လက်စတာအသင်းက ဝါရင့် တိုက်စစ်ကစားသမား ဂျေမီဗာဒီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများပြုလုပ်

 

    လက်စတာအသင်းက  ဝါရင့်တိုက်စစ်ကစားသမား ဂျေမီဗာဒီကို သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အသက် ၃၇ နှစ်အရွယ် ဂျေမီဗာဒီသည် ၂၀၁၂ ခုနှစ်က ဖလက်ဝုဒ်အသင်းမှ လက်စတာအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကာ အသင်းနှင့်အတူ ဆယ်စုနှစ် တစ်ခုကျော်ကြာ ကစားခဲ့ပြီး လက်ရှိအချိန်ထိ အဓိက ကစားသမားအဖြစ် ပါဝင်နေသူဖြစ်သည်။

ချယ်လ်ဆီးအသင်းက စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အမိုရင်ကို နည်းပြသစ် ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

 

ချယ်လ်ဆီးအသင်းက စပို့တင်းလစ္စဘွန်း အသင်းနည်းပြ အမိုရင်ကို နည်းပြသစ် ခန့်အပ်ရန်  ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိ

 

    ချယ်လ်ဆီးအသင်းပိုင်ရှင်   တော့ဘိုလီက  ယခု ဘောလုံးရာသီအကုန်တွင်    နည်းပြအပြောင်းအလဲ ပြုလုပ်ရန် ပြင်ဆင်လျက်ရှိပြီး လက်ရှိ နည်းပြ ပိုချက်တီနိုနှင့် လမ်းခွဲကာ  နည်းပြသစ်အဖြစ်  စပို့တင်းလစ္စဘွန်း အသင်းနည်းပြ  အမိုရင်ကို   ခန့်အပ်ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)တွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ နိုင်ပွဲကိုယ်စီရရှိ

ရန်ကုန်  မေ  ၁

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာနေရှင်နယ်လိဂ်ကော်မတီက ကြီးမှူးကျင်းပူလျက်ရှိသည့် MNL League Cup 2024 ပြိုင်ပွဲ အုပ်စု(A)ပွဲစဉ်များကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၌ကျင်းပခဲ့ရာ ရန်ကုန် ယူနိုက်တက်အသင်းနှင့် ရွှေပြည်သာ ယူနိုက်တက်အသင်းတို့ ပြိုင်ဘက်အသင်းများကို အသီးသီး အနိုင် ရရှိခဲ့ကြောင်း သိရသည်။

လီဗာပူးအသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဆာလက်ချ်ကို ရောင်းချမည် မဟုတ်ဘဲ အသင်း၌ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်

 

လီဗာပူးအသင်းက နွေရာသီကစားသမား အပြောင်းအရွှေ့ကာလတွင် ဆာလက်ချ်ကို ရောင်းချမည် မဟုတ်ဘဲ အသင်း၌ ဆက်လက်ထိန်းထားရန် ဆုံးဖြတ်

 

    လီဗာပူးအသင်းက   အသင်းမှ အဓိကတိုက်စစ် ကစားသမားတစ်ဦးဖြစ်သည့် ဆာလက်ချ်ကို လာမည့်နွေရာသီ   ကစားသမား အပြောင်းအရွှေ့ကာလတွင် ရောင်းချမည်မဟုတ်ဘဲ   အသင်း၌    ဆက်လက်ထိန်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန် စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက် စပို့တင်းလစ္စဘွန်း အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ပရီးမီးယားလိဂ်အသင်းကြီးများက ခေါ်ယူရန် စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက် စပို့တင်းလစ္စဘွန်း အသင်းက ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်

 

ပေါ်တူဂီထိပ်တန်းကလပ် စပို့တင်းလစ္စဘွန်းအသင်းသည် ပရီးမီးယားလိဂ်ထိပ်တန်း ကလပ်အသင်းကြီးများ က ခေါ်ယူရန်စောင့်ကြည့်နေသည့် တိုက်စစ်မှူး ယိုကီးရက်ရှ်အတွက်     ပြောင်းရွှေ့ကြေး   စတာလင်ပေါင် သန်း ၁၀၀ သတ်မှတ်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး တက်ရောက်

 

နေပြည်တော်  ဧပြီ  ၂၉

အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအမျိုးသမီး အသင်းကို အနိုင်ရရှိပြီး ဘာစီလိုနာ အမျိုးသမီးအသင်း လေးကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်

 

အမျိုးသမီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချယ်လ်ဆီးအမျိုးသမီး အသင်းကို အနိုင်ရရှိပြီး ဘာစီလိုနာ အမျိုးသမီးအသင်း လေးကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်

 

    ၂၀၂၃-၂၀၂၄ ဘောလုံးရာသီ အမျိုးသမီးချန်ပီယံ လိဂ်ပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် ဒုတိယအကျော့ပွဲစဉ် အဖြစ်  ချယ်လ်ဆီး အမျိုးသမီးအသင်းနှင့် ဘာစီလိုနာ အမျိုးသမီးအသင်းတို့ ပွဲစဉ်တွင်  ဘာစီလိုနာ အမျိုးသမီးအသင်းက   ၂  ဂိုး-ဂိုးမရှိဖြင့်   အနိုင်ရရှိပြီး  လေးကြိမ်ဆက် ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

နယူးကာဆယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရှက်ဖီးလ်ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ တန်းဆင်းခဲ့ရ

 

နယူးကာဆယ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ရှက်ဖီးလ်ယူနိုက်တက် အသင်း ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ တန်းဆင်းခဲ့ရ

 

   ပရီးမီးယားလိဂ်ပွဲစဉ်(၃၅)အဖြစ် ကစားသည့် နယူးကာဆယ်အသင်းနှင့် ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့ ပွဲစဉ်တွင် ရှက်ဖီးလ်ယူနိုက်တက် အသင်းက ၅ ဂိုး-  ၁  ဂိုးဖြင့်  ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်  ယခုဘောလုံးရာသီ   ပရီးမီးယားလိဂ်ပြိုင်ပွဲ မပြီးဆုံးမီ  ပထမဆုံး တန်းဆင်းခဲ့ရသည့် အသင်းအဖြစ်   မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

UFC 302 ပြိုင်ပွဲတွင် တရုတ်ဖိုက်တာနှင့် ပွဲပျက်ခဲ့ပြီးနောက် ဂျပန်ဖိုက်တာနှင့် ဂျိုရှုအာဗန် ထိုးသတ်ရန် နီးစပ်နေ

UFC 302   ပြိုင်ပွဲတွင် တရုတ်ဖိုက်တာနှင့် ပွဲပျက်ခဲ့ပြီးနောက် ဂျပန်ဖိုက်တာနှင့် ဂျိုရှုအာဗန် ထိုးသတ်ရန် နီးစပ်နေ

ရန်ကုန်  ဧပြီ  ၂၇

UFC က ကြီးမှူးကျင်းပမည့် UFC 302 ပြိုင်ပွဲတွင် ချင်းဖိုက်တာဂျိုရှုအာဗန်သည် အစောပိုင်းက တရုတ်ဖိုက်တာ ဆူမူဒါအာဂျီနှင့် ထိုးသတ်ရန်ကြေညာထားသော်လည်း ၎င်းင်းနှင့်ပွဲပျက်ခဲ့သည့်အတွက် ဂျပန်ဖိုက်တာ တက်ဆူရိုတာရီယာနှင့် ထိုးသတ်ရန်အတွက် နီးစပ်လျက်ရှိနေကြောင်း သိရသည်။