အယ်အီတီဟက်အသင်းက အပြောင်းအရွှေ့ကာလမပြီးဆုံးမီ တိုက်စစ်မှူးဘင်ဇီမာကို ပြန်လည်ရောင်းချပြီး ဆာလက်ချ်ကိုခေါ်ယူရန်ကမ်းလှမ်းထား
အယ်အီတီဟက်အသင်းက အပြောင်းအရွှေ့ကာလမပြီးဆုံးမီ တိုက်စစ်မှူးဘင်ဇီမာကို ပြန်လည်ရောင်းချပြီး ဆာလက်ချ်ကိုခေါ်ယူရန်ကမ်းလှမ်းထား
အယ်အီတီဟက်အသင်းက အပြောင်းအရွှေ့ကာလမပြီးဆုံးမီ တိုက်စစ်မှူးဘင်ဇီမာကို ပြန်လည်ရောင်းချပြီး ဆာလက်ချ်ကိုခေါ်ယူရန်ကမ်းလှမ်းထား
(၁၁) ကြိမ်မြောက် အာရှသက်ငယ်တန်း ဝူရှူးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့ ငွေတံဆိပ်ဆုတစ်ခုနှင့် ကြေးတံဆိပ်ဆု လေးခုဆွတ်ခူး
တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၉ အမျိုးသမီး ဘောလုံးပြိုင်ပွဲ တောင်ကြီးမြို့၌ ကျင်းပ
၂၀၂၃ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် ယူ-၁၉ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ ရှမ်း ပြည်နယ် အားကစားကွင်း၌ သြဂုတ် ၂၃ ရက်တွင် ကျင်းပသည်။
ယခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ဘောလုံးကစားသမား စာရင်းတွင် တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် ဘင်ဇီမာတို့ ပူးတွဲရပ်တည်နေ
ယခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး ကစားသမား စာရင်းတွင် အယ်နာဆာအသင်း တိုက်စစ်မှူး စီရော် နယ်ဒိုနှင့် အယ်အီတီဟက်အသင်း တိုက်စစ်မှူး ဘင်ဇီမာတို့က ထိပ်ဆုံး၌ ပူးတွဲရပ်တည်နေကြောင်း သိရသည်။
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာ ခွဲစိတ်ကုသမှု ခံယူရသည့်အတွက် နိုင်ငံတကာ ပွဲစဉ်များပြီးမှသာ မန်စီးတီးအသင်းကို တာဝန်ယူ ကိုင်တွယ်နိုင်မည်
မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာသည် ခါးခွဲစိတ် ကုသမှုခံယူရသည့်အတွက် အသင်းကို နိုင်ငံတကာပွဲစဉ်များ ပြီးဆုံးချိန်မှသာ ပြန်လည်တာဝန်ယူ ကိုင်တွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
U-12 Junior Soccer World Challenge 2023ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာ ယူ-၁၂ အသင်း ဂျပန်နိုင်ငံသို့ ထွက်ခွာ
ရန်ကုန် သြဂုတ် ၂၂
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းသည် (၁၁)ကြိမ်မြောက် U-12 Junior Soccer World Challenge 2023 ပြိုင်ပွဲယှဉ်ပြိုင်ရန် ယနေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ ချီဘားမြို့သို့ ထွက်ခွာခဲ့သည်။
မြန်မာ့လက်ရွေးစင် ယူ-၁၂ အသင်းတွင် အုပ်ချုပ်/နည်းပြ ခုနစ်ဦး၊ ကစားသမား ၁၇ ဦး စုစုပေါင်း ၂၄ ဦး လိုက်ပါသွားသည်။
စပိန်အမျိုးသမီးအသင်း တိုက်စစ်မှူး ပါရယ်အူအီလို သက်တမ်းအလိုက် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာ
စပိန်အမျိုးသမီးအသင်း တိုက်စစ်မှူး ပါရယ်အူအီလိုသည် သက်တမ်းအလိုက် အမျိုးသမီးကမ္ဘာ့ဖလား ပြိုင်ပွဲများတွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်သည့် ပထမဆုံး ကစားသမားဖြစ်လာကြောင်း သိရသည်။
ကွင်းလယ်ကစားသမား ဘယ်လင်ဟမ် ရီးယဲလ်မက်ဒရစ်အသင်း သမိုင်းတစ်လျှောက် အဖွင့်ပွဲစဉ် နှစ်ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်
ရီးယဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ဘယ်လင်ဟမ်သည် အယ်မာရီယာအသင်းနှင့် ပွဲစဉ်တွင် နှစ်ဂိုးသွင်းယူနိုင်ပြီးနောက် ရီးယဲလ်မက်ဒရစ် အသင်းတွင် စီရော်နယ်ဒိုနောက်ပိုင်း အဖွင့်ပွဲစဉ်နှစ်ပွဲ ဆက်ဂိုး သွင်းယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ ဝူရှူး အားကစားနည်းမှ ဆုတံဆိပ်ရရှိရေး စခန်းသွင်းလေ့ကျင့်
ရန်ကုန် သြဂုတ် ၂၁
တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် (၁၉)ကြိမ်မြောက် အာရှအားကစား ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ဝူရှူးအားကစား အဖွဲ့သည် အောင်မြင်မှု ဆုတံဆိပ်ရရှိရေး ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ဝူရှူးလေ့ကျင့်ရေးခန်းမ၌ စခန်းသွင်း လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
အေအက်ဖ်စီဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် PSM Makassar အသင်းတို့ သြဂုတ် ၂၃ ရက်တွင် ယှဉ်ပြိုင်ကစားမည်
အာရှဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသည့် အေအက်ဖ်စီဖလားပြိုင်ပွဲ ရှုံးထွက်အဆင့် ပွဲစဉ်အဖြစ် ရန်ကုန်ယူနိုက်တက် အသင်းနှင့် အင်ဒိုနီးရှားကလပ် PSM Makassar အသင်းတို့ သြဂုတ် ၂၃ ရက် မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲတွင် အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင်ကစားမည် ဖြစ်ကြောင်း သိရသည်။