SJ WorldNews - шаблон joomla Авто

လှိုင်သာယာ စက်မှုဇုန်များ၌ လုပ်ကိုင်သော ပြည်ပနိုင်ငံသားများကို ကျန်းမာရေး စစ်ဆေးပေးရန် တောင်းဆိုထား

Thursday, 06 February 2020 10:32 font size decrease font size decrease font size increase font size increase font size

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ စက်မှုဇုန်များ၌ လုပ်ကိုင်နေကြသော ပြည်ပနိုင်ငံသားများကို ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများထံ တောင်းဆိုထားကြောင်း လှိုင်သာယာမဲဆန္ဒနယ် အမှတ်(၂)မှ  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်  ဦးမြတ်မင်းသူ၏ ပြောဆိုချက်အရ သိရသည်။

““ရန်ကုန်မြို့မှာက လှိုင်သာယာစက်မှုဇုန်က ကြီးမားတဲ့အပြင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်ကိုင်နေတဲ့  ကုမ္ပဏီတွေလည်း ရှိပါတယ်။ ဒီလိုစစ်ဆေးပေးဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်တွေမှာ ပါထားတယ်။ ဒါကြောင့်  ရောဂါကာကွယ် တားဆီးရေးအတွက် မြို့နယ်ထဲမှာ  သေသေချာချာ   ကြပ်ကြပ် မတ်မတ်ဆောင်ရွက်နိုင်ဖို့  မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနဲ့  ကျန်းမာရေး ဦးစီးဌာနကို ပြောထားတယ်။  ရောဂါဖြစ်နေတယ်လို့  သံသယ ရှိတယ်ဆိုရင်လည်း ကျန်းမာရေး ဦးစီးဌာနက  ညွှန်ကြားချက်တွေ အတိုင်း လုပ်ဆောင်ဖို့ မှာကြားထားပါတယ်။  ရောဂါကာကွယ် တားဆီးရေးဆိုင်ရာ အသိပညာ ပေးမှုတွေကိုလည်း စနစ်တကျ လုပ်ဆောင်ကြမှာပါဟု ဦးမြတ်မင်းသူ ကပြောသည်။

အဆိုပါမြို့နယ်အတွင်း၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ကူးစက်ရောဂါဆိုင်ရာ ပညာပေးမှုများကို  အဝေးပြေးကားဂိတ်များ၊ စက်မှုဇုန်များ စသည်ဖြင့် သွားလာမှု များပြားသည့် နေရာများ၌ လုပ်ဆောင်နိုင်ရန်လည်း ဆွေးနွေးလျက်ရှိကြောင်း   သိရသည်။

Read 83 times Last modified on Thursday, 06 February 2020 10:33