အခန်းဆက်ဝတ္ထုရှည်

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    ကိုလတ်သည် အောင့်ကို ကမန်းကတန်း ဆွဲထူပြီးရယ်လျက်   လှမ်းဖက်လိုက်လေ သည်။

အောင်သည် ကိုလတ်၏ကျောပြင်ကို ဖြန်းခနဲရိုက်လိုက်ပြီး...

“ကိုလတ် တော်တော်ဆိုးပါလား”

ကိုလတ်သည်    တသောသောနှင့် ရယ်မောနေမိပြီး အောင့်ကို ဒုတိယအကြိမ် နမ်းလိုက်ပြန်သည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အောင်သည်  ရှိုက်သံတစ်ချက်နှင့်  စာအုပ်ကို လက်ကမလွှတ်ဘဲ အတင်းဆုပ်ကိုင်လျက် စာအုပ်ကို မျက်နှာရှေ့တွင် ဇွတ်အတင်းကပ်ကာ ထောင်ထားလေသည်။

အောင့်လက်တွေမှာ  တုန်နေကာ  ကိုယ်မှာလှုပ်နေသည်။

“အောင်...အောင်လေး”

“သြော်...အောင် အောင်လေး”

ကိုလတ်ကညည်းကာ အောင့်နားတိုးထိုင်ကာ...

အောင် ရဲ့‌ အောင်

 

အောင် ရဲ့‌ အောင်

 

ယမန်နေ့မှအဆက်

“ကိုင်း...ဒီလိုဆိုရင် အဲဒီနောက်တစ်ခုကို ဖတ်ပြီး အောင့်ကိုပြန်ပေးမယ်”

“ကိုလတ်  သိပ်ဆိုးတာပဲ၊  တကယ်မတရားဘူး၊ ကျွန်တော့်ကို သိပ်နိုင်တာပဲ၊ ပေး ပြန်ပေး”

စာအုပ်ကို ပြန်လုသော အောင်၏လက်ကို ကိုလတ် သည် ဆွဲဖယ်ပစ်လိုက်ပြီး...

“ဘာဖြစ်လဲ အောင်ရဲ့၊ ဖတ်လို့ကောင်းပါတယ်”

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

မမစံက  ရယ်လျက် ချောစု၊ အောင်နှင့် ဆန်းဆန်းမြင့်တို့၏ ခေါင်းတွေကို တိုက်ပေးလိုက်ကာ...

“ပြောကြ ပြောကြ၊  လွတ်လပ်စွာအတင်းပြောနိုင်တဲ့   ဒီမိုကရေစီ မိန်းမတိုင်းမှာရှိတယ်”

“မမစံကလည်း ဒါ အတင်းမဟုတ်ပါဘူး၊ အမှန်ကိုပြောတာပဲ၊ လိပ်ကို လိပ်လို့ပြောတာ၊ ကြမ်းပိုးကို ကြမ်းပိုးလို့ပြောတာ အပြစ်ရှိသလား”

အောင်က ရုတ်ခြည်းချေပလိုက်သည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

    အောင်ကဖြေတော့ အားလုံး တသောသောရယ်မောကြကာ  ဆန်းဆန်းမြင့်သည် ချောစုနှင့်အောင်တို့ အပြောနှင့် ရင်းနှီးနေသော ဒေဝကို လှမ်း၍...

“ကိုဒေဝတော့   မလွယ်တော့ဘူး၊  ထူမလိုလိုနဲ့ တကယ် အတယ်၊ ဒီကောင်မလေး သက်သက် အမှတ် ယူနေတာ၊   အောင်   ဒီလောက်စွံမယ်များ ထင်နေသလား”

“ခွေးမလေးတွေ”

ဒေဝက ဆဲရေးလိုက်လေသည်။

အောင် ရဲ့ အောင်

 

အောင် ရဲ့ အောင်

 

ယမန်နေ့မှအဆက်

လက်တွဲအတူတူ ကျောင်းကန်ဂူဘုရား ...မငြူစူသွားမယ်ဆိုရင်...မျက်နှာငယ်ရမှာက      မောင့်အချစ်ဦးကြင်သူ သက်မှူးခင်...။

တိုက်တော့   တိုက်ဆိုင်နေလွန်းလှည်။

အောင်သည်    သီချင်းဆိုကောင်းနေတုန်း    ကိုအောင်သည်   လွယ်အိတ်ကြီး တကားကားလွယ်လျက် ဖတ်သီဖတ်သီနှင့် ရောက်လာတာပဲ။

အောင်ရဲ့အောင်

အောင်ရဲ့အောင်

ယမန်နေ့မှအဆက်

အောင့်လက်တွေမှာ တုန်နေသဖြင့် တံခါးသော့ကို တော်တော်နှင့်ဖွင့်လို့မရ။ အောင်ဆိုတာ သိပ်စိတ် လှုပ်ရှားတတ်တာပဲ။

အဆောင်တွင် ပဲခူးသို့ မကြာခဏပြန်တတ်သော ချောစုကလည်း မရှိပြန်၊ တစ်ယောက်တည်း အတွေးပေါင်းစုံရဟတ်ချားတွင် ရစ်ပတ်ဖွဲ့နှောင်ပေတော့မည်။