ရှေ့တန်းတိုက်စစ်မှူးတွေ ခြေကုန်လက်ပန်းကျသွားလို့မဖြစ်တဲ့ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး
သက်ရှိရယ်လို့ ဖြစ်လာပြီဆိုရင် အကြောက်ရဆုံးအရာက အသက်ဆုံးရှုံးရမယ့်အရေးပါပဲ။ လူသားတွေဆိုတာ အသိဉာဏ်ရှိတဲ့ အဆင့်မြင့်သတ္တဝါများ ဖြစ်တဲ့အလျောက် အသက်ဆုံးရှုံး ရမှာကို ပိုကြောက်ကြသလို အသက်မဆုံးရှုံးရအောင်လည်း အသက်ကယ်နိုင်မယ့်ပညာ တွေကို တွေးတောကြံဆ ရှာဖွေသင်ယူလာကြပါတယ်။