ဥရောပ၌ ရိုက်ခတ်မှုပြင်းထန်လာသော ဗိုင်းရပ်ဒုတိယလှိုင်းနှင့် အမေရိကန်ကို ကျော် တက်လာနိုင်သည့် အိန္ဒိယ
ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်ကူးစက်မှု အရှိန်လျော့မသွားဘဲ ကူးစက်မှု စုစုပေါင်း သန်း ၃၀ ကျော်လာသည်အထိ ဒုတိယလှိုင်း က ပိုမိုအားကောင်းလာခဲ့သည်။ ဗိုင်းရပ် ကူးစက်မှု ပထမလှိုင်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်မှာ သုံးလသာရှိသေးသော ဥရောပနိုင်ငံ များ၌ ယခု ကူးစက်မှုစံချိန်များက နေ့စဉ် ထပ်တိုးလာနေသောကြောင့် ကန့်သတ် ပိတ်ပင်မှု များကို ပိုမိုတင်းကျပ်စွာ ချမှတ်ရန် ပြင်ဆင်နေရပြီဖြစ်သည်။