ဆောင်းပါးများ

အာဖဂန်၌ အယ်လ်ကိုင်ဒါတို့ အမြစ်ပြတ်သွားပြီဟုယုံကြည်နေသည့် အမေရိကန်

ကမ္ဘာပေါ်၌ စစ်ဘေးဒဏ်ကို အဆိုးရွားဆုံးခံစားရပြီး ကမ္ဘာ့အဆင်းရဲဆုံးစာရင်းတွင် နံပါတ်တစ်နေရာ၌ ရှိနေသည့်နိုင်ငံမှာ အာဖဂန်နစ္စတန်ဖြစ်သည်။ ၂၀၀၁ ခုနှစ် အာဖဂန်သို့ အမေရိကန်တို့ စတင်ကျူးကျော်ချိန်မှ ၂၀၂၀ ပြည့်နှစ်အထိ ပြည်တွင်းစစ်သက်တမ်း ၁၉ နှစ်တာကာလမျှ ကြာမြင့်ခဲ့ပြီဖြစ်ပြီး ထိုကာလအတွင်း အာဖဂန်၌  အကောင်းဆုံးတည်ငြိမ်မှုများ မရှိခဲ့ပေ။ အမေရိကန်၏ ထောက်ပံ့မှုများ အမြဲမပြတ်ရှိနေပြီး တာလီဘန်တို့၏ ထိုးစစ်များကလည်း အမေရိကန်တို့ ချေမှုန်းနေသည့်ကြားမှပင် မြင့်တက်လာနေပြန်သည်။

တတိယမြောက် COVID-19 ရောဂါကာကွယ်ဆေးထုတ်လုပ်ရန် ကြိုးပမ်းလာသည့် ရုရှား

ရုရှားနိုင်ငံသည် COVID-19 ရောဂါကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်သည့် တတိယမြောက် ကာကွယ်ဆေး တစ်မျိုးကို ဆက်လက်ထုတ်လုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ လက်ရှိတွင် ရုရှားကျန်းမာရေး အာဏာပိုင် အဖွဲ့သည် တတိယမြောက် ပြည်တွင်းဖြစ်ကာကွယ် ဆေးထုတ်လုပ်မှုနှင့် ပတ်သက်၍ သုတေသနလုပ်ငန်း များ ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ၎င်းတို့လုပ်ဆောင်နေသည့် သုတေသနရလဒ်များကို ဒီဇင်ဘာလ လယ်ခန့်တွင် ထုတ်ပြန်နိုင်ရန် မျှော်မှန်းလျက်ရှိသည်ဟု ကျန်းမာရေးဝန်ကြီး မီခေးမူရက်ကိုက အောက်တို ဘာ ၁၅ ရက်တွင် ထုတ်ဖော်ပြောကြားသည်။

လောက၏ဖန်တီးရှင်အစစ်

ဘဝအမျိုးမျိုးနှင့် လောကအမျိုးမျိုးကို ဖန်တီးပေးနေသူမှာ “စိတ်” သာလျှင်ဖြစ်၏။ လောကနှင့် သတ္တဝါ တို့ကို ဖန်တီးနိုင်သည့် အနန္တတန်ခိုးရှင်၊ ဖန်တီးရှင်ဆိုသည်မရှိပေ။ တကယ်ရှိသော အခြေခံအကျဆုံး တရားများမှာ “စိတ်စေတသိက်၊ ပရမတ်ရုပ်” တရားသာရှိ၏။ စိတ်နှင့် စေတသိက်တို့ကို ပေါင်းပြီး နာမ်ဟု ခေါ်သည်။ ဒြပ်နှင့်စွမ်းအင်တို့ကို ပေါင်းစပ်ပြီး ရုပ်ဟုခေါ်သည်။ ထို့ကြောင့် နာမ်ရုပ်နှစ်ပါးသာရှိ၏။ ထိုနာမ် ရုပ်နှစ်ပါးသည် ခဏမစဲဖြစ်ပြီး ပျက်နေကြ၏။ မတည်မြဲကြ။ ထိုနာမ်ရုပ်တို့ကို ပေါင်းစုပြီး ပြုပြင်စီရင် ထားသော သက်ရှိသက်မဲ့ အရာအားလုံးသည် မတည်မြဲကြပေ။ ခဏမစဲလျင်မြန်စွာဖြစ်ပြီး ပျက်နေကြ၏။ တိပိဋကဓရအဘိဓဇမဟာရ

ငါးစားခြင်းဖြင့်ရရှိနိုင်သောအကျိုးကျေးဇူးများ(ငါးသလဲထိုး)

“ငါးသန်သေးနုပ်၊ ရေလုံပြုတ်ကို၊ တစ်လုတ်ကယ်၀၀၊ စားလိုက်ရလျှင်ဖြင့်၊ အာဂပါးစပ်၊ လူဖြစ်ကျိုး နပ်ပဟဲ့”(စလေဦးပုည၏ ရေသည်ပြဇာတ်မှ)

စာရေးသူတို့ငယ်စဉ်က နယ်မြို့ကလေးတစ်မြို့ဖြစ်သော တိုက်ကြီးမြို့နယ် ဥက္ကံမြို့တွင် နေထိုင်ခဲ့သည်။ ထိုမြို့တွင် ချောင်းငယ်တစ်ခုဖြတ်၍ စီးဆင်းလျက်ရှိသည်။ မိုးရာသီတွင် ပဲခူးရိုးမမှ စီးဆင်းလာသော တောင်ကျချောင်းဖြစ်သဖြင့် အလွန်ရေစီးသန်သည်။

စားနပ်ရိက္ခာဖူလုံရေး ဝိုင်းဝန်းပူးပေါင်း ဖော်ဆောင်ပေး

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၆ ရက်သည် “ကမ္ဘာ့စားနပ်ရိက္ခာနေ့” ဖြစ်သည်။ ၁၉၄၅ ခုနှစ် အောက်တိုဘာ ၁၆ ရက်က ကမ္ဘာ့ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO)ကို စတင်ဖွဲ့စည်းရာ ဖွဲ့စည်းသည့်နေ့ဖြစ်၍ ကမ္ဘာ့စားနပ် ရိက္ခာနေ့အဖြစ် သတ်မှတ်ပြီး ၁၉၈၁ ခုနှစ်မှစ၍ ကမ္ဘာ့စားနပ်ရိက္ခာနေ့ အခမ်းအနားကို ကမ္ဘာ့နိုင်ငံများအလိုက် က

၄ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းမည့် ကမ္ဘာ့စီးပွားရေးနှင့် အငြင်းပွားနေဆဲ Brexit အရေး

၂၀၂၀ ပြည့်နှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်း အနုတ်လက္ခဏာဖြင့် ကမ္ဘာ့ စီးပွားရေးကျဆင်းမည်ဟု  အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ခန့်မှန်းထားခဲ့ပြီး ယင်းခန့်မှန်းချက်ကို အောက်တိုဘာ ၁၄ ရက်တွင် ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်သတ်မှတ်ကာ ကမ္ဘာ့အဆိုးရွားဆုံးနှင့်   ရှည်ကြာဦးမည့် ကပ်ဘေးတစ်ခုဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြန်သည်။

ကျန်းမာသက်ရှည်ဖို့ စားသုံးဖွယ်ရာများ ဆင်ခြင်စို့

အရသာရှိသော အစားအစာများကို လူသားတိုင်းခုံမင်စွဲလမ်းကြသည်။ ချို ချဉ်ဖန်ခါးအရသာရှိသော အစားအစာများကို မိမိအကြိုက် အပေါ့အလေးမြည်းစမ်းပြီး စားသုံးကြတာများပါသည်။ မိမိစားသုံးသော အစားအစာများသည် ကျန်းမာသန်စွမ်းရေးအတွက် အဓိကဖြစ်သည်။ အစာအာဟာရဖြစ်ထွန်းမှ ကျန်းမာသန်စွမ်းသော ကိုယ်ခန္ဓာကိုရရှိမည် ဖြစ်သည်။ ကိုယ်ကျန်းမာမှ စိတ်ခ

အပြောစကားပြေအစဉ်အလာ( )

ကုန်းဘောင်ခေတ်ကစာတွေမှာရော အပြောမှာ သုံးတဲ့စကားတွေ ပိုများမလာဘူးလား

အင်း...ကုန်းဘောင်ခေတ်ဟာ စာမျိုးစုံထွန်းကားတဲ့ခေတ်ဆိုတော့ စကားပြေတွေ အရင်ကထက်ပိုများပါတယ်။ ကဗျာတွေကတော့ ဒါ့ထက်ပိုများတာပေါ့ဗျာ။ ဒါပေမဲ့ ညောင်ရမ်းခေတ်တုန်းကလိုပဲ စကားပြေထဲမှာ အပြောစကားသိပ်မပါသေးဘူး။ ပြဇာတ်မှာတော့ တော်တော်ပါနေပြီ။ ကဗျာဆိုရင်လည်း ခံ့ခံ့ညားညားရေးတဲ့ပျို့၊ မော်ကွန်း၊ ဧချင်း၊ ရတု စတဲ့ကဗျာတွေမှာ အပြောစကားမပါဘူးဗျ။ သာမန်ပြည်သူတွေအကြောင်း ရေးတဲ့လွမ်းချင်းတို့၊ ဗုံကြီးသံတို့၊ ကောက်စိုက်သီချင်းတို့လို ကဗျာတွေမှာ အပြောစကားတွေတော်တော်ပါနေပါပြီ