နာတာရှည်အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်း ရောဂါ(COPD)
ကမ္ဘာပေါ်မှာ နာတာရှည်အဆုတ်ပွ အသက်ရှူ လမ်းကြောင်းကျဉ်းရောဂါ ခံစားနေရသူ သန်း ၂၅ဝရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာ ဆေးလိပ်သောက်သုံးမှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အသက်ကြီးမှု အရေအတွက် မြင့်မားလာမှု၊ လေထုညစ်ညမ်းမှုတွေကြောင့် လာမယ့်နှစ် ၃ဝ မှာ အဆုတ်ပွလေပြွန်ကျဉ်း ရောဂါကြောင့် သေဆုံးသူပိုလာနိုင်တယ်။ နှစ်စဉ်လူဦးရေ သုံးသန်း ယင်းရောဂါနဲ့ သေဆုံးနေကြရပါတယ်။ ၂ဝ၃ဝ ပြည့်နှစ်မှာ ၄ ဒသမ ၅ သန်း သေဆုံးနိုင်တယ်။
၂ဝ၃ဝ ပြည့်နှစ် လူသားတို့ သေဆုံးရတဲ့ တတိယမြောက် အများဆုံးရောဂါ ဖြစ်လာနိုင်တယ်။ နိုဝင်ဘာ ၂၁ ရက်ဟာ ကမ္ဘာ့နာတာရှည် အဆုတ်ပွအသက်ရှူ လမ်းကြောင်းကျဉ်းရောဂါနေ့ (World COPD Day)ဖြစ်တယ်။