ဆောင်းပါးများ

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်(၂)

ရန်ကုန်တက္ကသိုလ် နှစ်(၁ဝဝ)ပြည့် ဂုဏ်ပြုဆောင်းပါး

ဤဆောင်းပါးကို တောင်းပန်ခြင်းဖြင့် အစပြုလိုသည်။ ပထမဆောင်းပါးတွင် တို့တိတို့တိရေးသားရာမှ အာစရိယဆရာသခင်များကို   စုံစုံလင်လင်ဖော်ပြရန် လစ်ဟင်းသွားခဲ့မိပါသည်။

အာစရိယဆရာများ

ပထမနှစ်တွင် မြန်မာစာကို ဦးဟုန်ဝမ်က လည်းကောင်း၊ အင်္ဂလိပ်စာကို ဦးကျော်ဝင်းကလည်းကောင်း၊ သင်္ချာကို ဒေါ်သိန်းတင့်က လည်းကောင်း၊ ရူပဗေဒကို ဦးမြင့်ကြည်ကလည်းကောင်း၊ ဓာတုဗေဒကို ဒေါ်သန်းသန်းက လည်းကောင်း၊ ဘူမိဗေဒကို ဦးရွှေဝင်းကလည်းကောင်း   သင်ကြားပေးပါသည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်အထိမ်းအမှတ်ဂုဏ်ပြုဆောင်းပါး

နှစ်ပေါင်းတစ်ရာ တက္ကသိုလ်နှင့် ရင်ထဲကမြန်မာစာနှစ်ပေါင်းတစ်ရာ ကြာညောင်းသော်လည်း ကမ္ဘာတည် သရွေ့ ဘယ်ခါမမေ့.....

                      (မောင်ပန်းမွှေး)

ဦးရှင်ကလေးနှင့် ရာဇဝင်ညွန့်

ရတနာပုံခေတ်၌ ထွက်ပေါ်ခဲ့သော ရာဇဝင်ကျမ်းများတွင် ထင်ရှားသည့် ရာဇဝင်ကျမ်းတစ်စောင်သည် အမှာတော်ရေး ဦးရှင်ကလေးပြုစုထားသော ရာဇဝင်ညွန့် ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ပစ်မှတ်ထားခံလာနေရသည့် အီရန်နျူကလီးယားသိပ္ပံပညာရှင်များ

အရှေ့အလယ်ပိုင်း အီရန်ဆိုသည်မှာ တစ်ချိန်က အမျိုးသမီးသိပ္ပံပညာရှင်များစွာမွေးထုတ်ပေးခဲ့သည့်  နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လွတ်လပ်ခွင့်အပြည့်ရှိသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ခဲ့သည်။ သို့သော် ဘာသာရေးကို  နိုင်ငံရေးနှင့်ရောယှက်လိုက်သည့် အစိုးရများ ၁၉၅၃ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ထွက်လာခဲ့သော အခါ အီရန်တို့ အဓိကရည်ရွယ်ချက်က နျူကလီးယား လက်နက်တည်ဆောက်ရေးဆိုသည့်ဘက်သို့ ရောက် သွားသည်။

မြန်မာ့ ၁၂ လရာသီပွဲတော်များနှင့် ရာသီပန်းများ

မြန်မာ့ဆိုရိုးတွင် အရိုးကိုအရွက်မဖုံး စေနှင့်ဟူ၍ရှိသည်။ ရိုးတံကို အရွက်မဖုံးနိုင်၊ ဖုံးလျှင်လည်း မကြာမီရင့် ရော်ကြွေကျရပြီး ရိုးတံမှာမူ ဟောင်း၍ ကြွေကျရိုးထုံးစံမရှိပေ။ ထုံးစံရှိ၍လည်းမရ၊ ထိုသို့ဖြစ်လာလျှင် အပင်သေမည်။  မြန်မာ့ရိုးရာအစဉ်အလာ၊ ဓလေ့ထုံးတမ်း၊ ကျင့်ဝတ်စည်းကမ်းတို့ မပျောက်ပျက် မတိမ်ကော ရအောင်၊ အရိုးကိုအရွက်မဖုံးရအောင် ထိန်းသိမ်းကြမှသာ ကိုယ်ပိုင်ယဉ်ကျေးမှုအဓွန့်ရှည် တည်မြဲကာ   မြန်မာ့ ဂုဏ်ရည်ထွန်းလင်း တောက်ပနေမည်ဖြစ်သည်။

တပ်မတော်နှင့် အမျိုးသားနိုင်ငံရေး

ယနေ့အချိန်အခါသည်   ကမ္ဘာတစ်ဝန်းလုံး COVID-19 ရောဂါဘေး ကြုံတွေ့လျက်ရှိရာ မြန်မာနိုင်ငံသည်လည်း ထိုရောဂါဘေးဒဏ်ကို ခံစားနေရသည်။ COVID-19ရောဂါကာလဖြစ်၍ ရောဂါကာကွယ်ရေး အထောက်အကူပြု ကိရိယာများ၊ ဝတ်စုံများ၊ လက်သန့်ဆေးရည်များ ဝေငှခြင်း၊ အခြားဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း စသည်ဖြင့် ပြည်သူလူထုအတွက် လိုအပ်သော အကူအညီ အခက်အခဲမှန်သမျှကို တတ်စွမ်းသရွေ့ ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းတစ်ခုသည်လည်း မြန်မာနိုင်ငံတွင် ရှိနေသည်။ ထိုအဖွဲ့အစည်းမှာ အခြားမဟုတ်ပါ။ တပ်မတော်ပင်ဖြစ်သည်။ မြန်မာ့တပ်မတော်သည် နိုင်ငံတော်နှင့် နိုင်ငံသားတို့အတွက် လိုအပ်ချိန်တိုင်းတွင် ရှေ့ဆုံးမှအမြဲ  မားမားမတ်မတ် ရပ်တည်ပေးလျက်ရှ

ဝစီသုစရိုက် ကုသိုလ်ရစေလို

နံနက်ခင်း အရုဏ်ကျင်းလင်းလုလုအချိန် ထွက်ပေါ်လာစ နေမင်းသူရိန်ကြီးရဲ့ အလင်းရောင်တွေက နေခြည်မှာ ရွှေရည်လောင်းဆိုသလို ဝါရွှေရွှေအလင်းနဲ့ လှပလွန်းနေပါတယ်။  ကျေးငှက်သာရကာလေးတွေက အော်မြူးဟစ်ကြွေး တေးသံတွေပေးလို့ပါ။ ဒီလိုနဲ့ တစ်နေ့တာကုန်ဆုံးလုလု ဆည်းဆာချုပ်စ ညနေခင်းအလှကလည်း ရုပ်မချောတဲ့ သူတွေတောင် အလှဆုံးလို့ ဆိုရစာဖွဲ

မဲဇလီဖူးသုပ်နှင့် ကျန်းမာရေး

ကျွန်တော်တို့    မြန်မာလူမျိုးများဟာ တန်ဆောင်မုန်းလပြည့်ညမှာ မဲဇလီဖူးသုပ် စားလေ့ရှိပါတယ်။ ကျီးမနိုးပွဲမှာ ဖမ်းဖို့လား၊ ဆေးပေါင်းခဖို့လား၊    နှစ်မျိုးစလုံးအကျိုးရစေဖို့လားပေါ့။ ဒါပေမဲ့ ရှေးအယူကတော့ တန်ဆောင်မုန်း လပြည့်ညဟာ ဆေးပေါင်းခတယ်လို့ ဆိုပါတယ်။ ကြတ္တိကာနက္ခတ်နဲ့ စန်းယှဉ်တဲ့ တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပင

စကားပြေ အလေ့အလာ(၂)

စကားဆက်ရရင် ဆရာကြီးဦးဖေမောင်တင်ဟာ မြန်မာစာပေမှာ လိုအပ်ချက်တစ်ခုဖြစ်နေတဲ့ စကားပြေထွန်းကားရေးကို ဦးတည်ပြီး အဲဒီ အထက်တန်းစကားပြေ ကောက်နုတ်ချက်များ ဆိုတဲ့ စာအုပ်ကိုပြုစုတာပါ။ ခေတ်အဆက်ဆက် ပေါ်ပေါက်တဲ့ကောင်းနိုးရာရာ စကားပြေတွေကို ရွေးချယ်ပြီး အဲဒီစာအုပ်ထဲမှာ ထည့်ထားတာလေ