ဆောင်းပါးများ

ရာသီဥတုကူးပြောင်းချိန်တွင်ဖြစ်တတ်သော အာဂန္တုအဖျား

 

ရာသီဥတုကူးပြောင်းချိန်တွင်ဖြစ်တတ်သော အာဂန္တုအဖျား

 

      ယခုအခါ     ရာသီဥတု အကူးအပြောင်းကြောင့် နှာစေး၊   ချောင်းဆိုးနှင့် အဖျားရောဂါဖြစ်သူများကြသည်။    လူတချို့က တုပ်ကွေးဖျားသည်။  တစ်ဦးမှ တစ်ဦးကူးလွယ်သဖြင့်   တုပ်ကွေးဖြစ်သည်။   ဥတုတုပ်ကွေး၊   ရာသီတုပ်ကွေး   စသည်ဖြင့်  အမျိုးမျိုး ခေါ်ဝေါ်ကြသည်။

နိုင်ငံ့ရထား ပြည်သူ့အား

 

နိုင်ငံ့ရထား ပြည်သူ့အား

 

      မြန်မာနိုင်ငံတွင် ၁၈၇၇ ခုနှစ် မေလ ၁ ရက်မှစ၍ ရန်ကုန်-ပြည်ရထားလမ်း စတင်ဖောက်လုပ်ပြေးဆွဲခြင်းနှင့် အတူ ရထားလုပ်ငန်း ပေါ်ထွန်းလာခဲ့သည်မှာ  ယခုဆိုလျှင်  (၁၄၇)နှစ်မြောက်ရှိပြီဖြစ်သည်။

သမိုင်းကြောင်းရှည်လျားခဲ့သည့် ကာလအတွင်း ရထားပြေးဆွဲခြင်း လုပ်ငန်းဖြင့် ပြည်သူတို့အား ဝန်ဆောင်မှုပေးလျက်ရှိသည့် ရင့်ကျက်နေပြီဖြစ်သော ဌာနကြီးတစ်ခုဖြစ်သည်ဟုလည်း တင်စားလိုက်ရသည်။

သိမှတ်စရာအသွယ်သွယ် မီးဘေးအန္တရာယ်နှင့် မီးသတ်ဆေးဘူးများ အကြောင်း

 

သိမှတ်စရာအသွယ်သွယ် မီးဘေးအန္တရာယ်နှင့် မီးသတ်ဆေးဘူးများ အကြောင်း

 

(မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ ဂုဏ်ပြုဆောင်းပါး)

လေပြင်းဘေးသတိရှိကြစေချင်

 

လေပြင်းဘေးသတိရှိကြစေချင် 

 

    မန္တလေးမြို့၌  ဧပြီလ ၇ ရက် ည ၇ နာရီ မိနစ် ၂၀ ခန့်က လေပြင်းတိုက်ခတ်စဉ် အောင်မြေသာစံမြို့နယ် ၂၆ လမ်းနှင့် ၇၃ လမ်းကြား၌ လမ်းဖြတ်မုခ်ဦးတစ်ခုပြိုကျ၍ လူနှစ်ဦးထိခိုက်ဒဏ်ရာ ရခဲ့ပြီး အိမ်စီးကား နှစ်စီးပျက်စီးခဲ့သည်။ အလားတူ အဆိုပါနေ့တွင် မတ္တရာမြို့နယ် မင်းကန်ကျေးရွာတွင်လည်း လေပြင်းတိုက်ခတ်မှုကြောင့် အမြင့်ပေ ၄၀၊ အနံ ၁၀ ပေခန့်ရှိ လက်ပံပင်တစ်ပင်လဲပြိုခဲ့ရာ အသက် ၆၅ နှစ်အရွယ်အမျိုးသမီးတစ်ဦး  သေဆုံးသွားခဲ့သည်။  ထို့ပြင် ယင်းလက်ပံပင်အနီးရှိ တဲသုံးလုံးပြိုကျရာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

အမှောင်ခွင်း၍ အလင်းဆောင်မည့် ပညာဘဏ္ဍာတိုက်ကြီးများ

အမှောင်ခွင်း၍ အလင်းဆောင်မည့် ပညာဘဏ္ဍာတိုက်ကြီးများ

လူသားမျိုးနွယ်စုကြီးက ခေတ်အဆက်ဆက်ကို ဖြတ်သန်းခဲ့ကြရတယ်။ သမိုင်းကြောင်းအရဆိုရင် ရေခဲခေတ်၊ ကျောက်ခေတ်၊ အလယ်ခေတ်၊ မျက်မှောက်ခေတ် အစရှိတဲ့ခေတ်အသီးသီးကို ကျော်ဖြတ် လာခဲ့ကြတာပါ။ ခေတ်တွေသာ အမည်ပြောင်းသွားသော်ငြား ထိုခေတ်များနဲ့အတူ မပြောင်းလဲဘဲ အမြဲတည်ရှိနေတဲ့ခေတ်က ပညာခေတ်ပါပဲ။