နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၂)
နှလုံးမှာ ဖြူစင်ကြယ်နဲ့ (၂)
၀မ်းသာပီတိစကား
“ကျွန်တော့်အသက် ၇၀ ကျော်ပြီ၊ ဒီရေကန်တွေကို တစ်ခါမှပြန်မဆယ်ခဲ့ဘူး၊ အခုလို နိုင်ငံတော်က ဆောင်ရွက်ပေးတော့ ရွာသားတွေ တအားဝမ်းသာတယ်၊ ရွာသားတွေရော၊ နွားတွေရော ရေမငတ်တော့ဘူး၊ စိုက်ရေပျိုးရေလည်း လုံလောက်ပြီ”
ဤစကားရပ်မှာ နယ်စပ်ရေးရာ ဝန်ကြီးဌာနက တူးဖော်ပေးနေသည့် ဖျောက်ဆိပ်ပင်ကျေးရွာ ရေကန်များ အခြေအနေကို ကွင်းဆင်းစစ်ဆေးသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံအား ပုဂံဒေသသား ဖျောက်ဆိပ်ပင်ကျေးရွာမှ ဦးမှတ်ကြီး ပြောခဲ့သည့် ဝမ်းသာပီတိစကား ဖြစ်သည်။