နိုင်ငံတကာသတင်း

အာရှအားကစားပွဲတော်တွင် တရုတ်လေသေနတ်သမားက ကမ္ဘာ့စံချိန်အသစ်တင်နိုင်

အာရှအားကစားပွဲတော်တွင် တရုတ်လေသေနတ်သမားက ကမ္ဘာ့စံချိန်အသစ်တင်နိုင်

ဟန်ကျိုး၊ အားကစား

တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ကျင်းပနေသည့် အာရှအားကစားပွဲတော်တွင် တရုတ်နိုင်ငံမှ လေသေနတ် အားကစားသမားတစ်ဦးက ကမ္ဘာ့စံချိန်အသစ်ကို တင်လိုက်နိုင်ကြောင်း သိရသည်။

အဆိုပါ ကစားသမား၏အမည်မှာ ရှန်းလီဟောင်းဖြစ်ပြီး အမျိုးသား ၁၀ မီတာ လေသေနတ်ပစ်ပြိုင်ပွဲ တွင် ရမှတ် ၂၅၃ ဒသမ ၃ မှတ်ဖြင့် ကမ္ဘာ့စံချိန်အသစ်ကို တင်လိုက်နိုင်ခြင်း ဖြစ်သည်။

တောင်ကိုရီးယားက ရှီကျင့်ဖျင်၏ ခရီးစဉ်အတွက်ဆွေးနွေးမည်

တောင်ကိုရီးယားက ရှီကျင့်ဖျင်၏ ခရီးစဉ်အတွက်ဆွေးနွေးမည်

ဆိုး၊ သံတမန်ရေး

တောင်ကိုရီးယားသမ္မတရုံးက တရုတ်သမ္မတရှီကျင့်ဖျင်၏ တောင်ကိုရီးယားနိုင်ငံ ခရီးစဉ်အတွက် တရုတ်နိုင်ငံနှင့် ဆွေးနွေးမှုများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန် သည်။

ယွမ် ၁၇၁ ဘီလီယံတန်ဖိုးရှိ စာချုပ်များချုပ်ဆိုနိုင်ခဲ့တဲ့ တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ

ယွမ် ၁၇၁ ဘီလီယံတန်ဖိုးရှိ စာချုပ်များချုပ်ဆိုနိုင်ခဲ့တဲ့ တရုတ်-အာရပ်နိုင်ငံများ ကုန်စည်ပြပွဲ

တရုတ်နိုင်ငံနဲ့ အာရပ်နိုင်ငံများကြား ပိုမိုရင်းနှီးတဲ့ဆက်ဆံရေးကို တည်ဆောက်နိုင်ရေးအတွက် ရည်ရွယ် ကျင်းပတဲ့ ကုန်စည်ပြပွဲကတော့ စက်တင်ဘာ ၂၄ ရက်မှာပြီးဆုံးခဲ့ပါပြီ။ ဒီပြပွဲမှာ တရုတ်နိုင်ငံမှ ကုမ္ပဏီများနဲ့ အာရပ်ကမ္ဘာမှ ကုမ္ပဏီများကြား ယွမ် ၁၇၁ ဘီလီယံတန်ဖိုးရှိတဲ့ သဘောတူ စာချုပ်များကို ချုပ်ဆိုနိုင်ခဲ့ပါတယ်။

(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ကို ဟန်ကျိုးမြို့၌ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်

(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ကို ဟန်ကျိုးမြို့၌ စည်ကားသိုက်မြိုက်စွာဖွင့်လှစ်

ဟန်ကျိုး  စက်တင်ဘာ ၂၃

(၁၉)ကြိမ်မြောက် အာရှအားကစားပွဲတော်ကို ဟန်ကျိုးမြို့၌ ယနေ့တွင် စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အားကစားပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဟန်ကျိုးအိုလံပစ် အားကစားစင်တာ အားကစားကွင်း ကြီး၌ ကျင်းပခြင်းဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် တက်ရောက်ချီးမြှင့်သည်။

ရုရှားမှ ရေနံစိမ်းများ တရုတ်ကတင်သွင်းမှု ပိုမိုမြင့်တက်လာ

ရုရှားမှ ရေနံစိမ်းများ တရုတ်ကတင်သွင်းမှု ပိုမိုမြင့်တက်လာ

ဖွံ့ဖြိုးပြီးနိုင်ငံများအနက် ဗြိတိန်က အဆိုးဆုံးသော ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရ

ဖွံ့ဖြိုးပြီးနိုင်ငံများအနက် ဗြိတိန်က အဆိုးဆုံးသော ငွေကြေးဖောင်းပွမှုနှင့်ရင်ဆိုင်နေရ

ထင်မှတ်မထားလောက်အောင် လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်လာနေတဲ့ တရုတ်ရဲ့ စစ်ဘက်အဆင့် မြှင့်တင်မှု

ထင်မှတ်မထားလောက်အောင် လျင်မြန်တဲ့နှုန်းနဲ့ တိုးတက်လာနေတဲ့ တရုတ်ရဲ့ စစ်ဘက်အဆင့် မြှင့်တင်မှု

တရုတ်နိုင်ငံကတော့ စီးပွားရေးအင်အား တစ်နေ့တခြား ခိုင်မာတောင့်တင်းလာတာနဲ့အမျှ စစ်ဘက် အဆင့်မြှင့်တင်မှုကို လည်းတစ်ဟုန်ထိုး တိုးတက်အောင်လုပ်ဆောင်နေသည်။

ဒီလိုအဆင့်မြှင့်တင်မှုဆိုတာ တစ်ရက်၊ နှစ်ရက်တည်းနဲ့ လုပ်လို့ရတာမျိုးမဟုတ်။ ရေရှည်စီမံကိန်းရေး ဆွဲချမှတ်ပြီး စနစ်တကျ အကောင်အထည်ဖော်ရတာမျိုး ဖြစ်သည်။

ဗြိတိန်အတွက် ဘက်စုံအသုံးဝင်လာမယ့် တစ်ခါသုံးဥရောပကျီးကန်း

ဗြိတိန်အတွက် ဘက်စုံအသုံးဝင်လာမယ့် တစ်ခါသုံးဥရောပကျီးကန်း

Jackdaw ဆိုတာ ဥရောပကျီးကန်းတစ်မျိုးကို ခေါ်တာပါ။ ဒါကြောင့် ဒီနေရာမှာ Jackdaw အစား ဥရောပ ကျီးကန်းလို့သာ သုံးနှုန်းသွားပါမယ်။

အခုတင်ပြချင်တဲ့ ဥရောပကျီးကန်းဆိုတာက တိရစ္ဆာန်တစ်ကောင်အကြောင်း မဟုတ်ပါဘူး။ ဥရောပ ကျီးကန်းလို့ အမည်ပေးထားတဲ့ မောင်းသူမဲ့လေယာဉ်တစ်မျိုးအကြောင်းပါ။

အာဆီယံအဖွဲ့က ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်

အာဆီယံအဖွဲ့က ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်ခန်းပြုလုပ်

ဘာတမ်၊ စစ်ရေးလေ့ကျင့်မှု

အာဆီယံအဖွဲ့က ၎င်းတို့၏ ပထမဆုံးသော ပူးတွဲစစ်ရေးလေ့ကျင့်ခန်းကို စက်တင်ဘာ ၁၉ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၌ စတင်ပြုလုပ်ကြောင်း သိရသည်။

တိုက်ခိုက်ရေး လေ့ကျင့်ခန်းမပါဝင်သော အဆိုပါ ငါးရက်ကြာစစ်ရေးလေ့ကျင့်ခန်းကို အင်ဒိုနီးရှားနိုင်ငံ တောင်နာတူနာပင်လယ်၌ ပြုလုပ်ခြင်းဖြစ်သည်။