နိုင်ငံတကာသတင်း

အီလွန်မတ်၏ တက်စလာ တစ်ညတည်းနှင့် ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံး

အီလွန်မတ်၏ တက်စလာ တစ်ညတည်းနှင့် ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံး

 

    အမေရိကန်     ဘီလျံနာသူဌေးကြီး အီလွန်မတ်၏ တက်စလာကုမ္ပဏီ၏ ရှယ်ယာတန်ဖိုးသည် ၉ ရာခိုင်နှုန်းကျော် ကျဆင်းသွားသောကြောင့် တစ်ညတည်းနှင့်ဒေါ်လာ ၁၆ ဘီလီယံ ဆုံးရှုံးသွားကြောင်း သိရသည်။

ပြီးခဲ့သည့်   သုံးလပတ်ကာလအတွင်း တက်စလာကုမ္ပဏီ၏    အစုရှယ်ယာသည် ၁ ဒသမ ၈ ဆ ကျဆင်းသွားကြောင်း ထုတ်ပြန်ချက်ထွက်လာပြီးနောက်    အစုရှယ်ယာတန်ဖိုးက တစ်စုလျှင် ဒေါ်လာ ၂၂၀ အထိ ၉ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခြင်းဖြစ်သည်။

အစ္စရေးတို့၏ မြေပြင်စစ်ဆင်ရေးကို အမေရိကန်က ပုံဖော်ပေးနေ

အစ္စရေးတို့၏ မြေပြင်စစ်ဆင်ရေးကို အမေရိကန်က ပုံဖော်ပေးနေ

 

    အစ္စရေးက ဟားမတ်တို့အပေါ် ပစ်မှတ်ထား လုပ်ဆောင်နေသည့် မြေပြင်စစ်ဆင်ရေးကို  အမေရိကန်က ပုံဖော်ပေးနေကြောင်း Bloomberg သတင်းဌာနက ထုတ်ပြန်ထားသည်။

ထိုကဲ့သို့  အမေရိကန်က ပုံဖော်ပေးမှုကြောင့်    တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး ဒေသတွင်းမှအခြားသော နိုင်ငံများကလည်း ပဋိပက္ခတွင် ပါဝင်လာနိုင်ကြောင်း သတင်းဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ကို မြောက်ကိုရီးယားက ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်ခွင့်ရှိဟုဆို

တောင်ကိုရီးယားရှိ အမေရိကန်တပ်ဖွဲ့ကို မြောက်ကိုရီးယားက ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်ခွင့်ရှိဟုဆို

 

    တောင်ကိုရီးယားသို့ရောက်ရှိလာသော အမေရိကန်၏ မဟာဗျူဟာမြောက်တပ်ဖွဲ့ကို မြောက်ကိုရီးယားက ကြိုတင်လက်ဦးမှုယူ တိုက်ခိုက်ခွင့်ရှိသည်ဟု မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက အောက်တိုဘာလ ၂၀ ရက်တွင်  ထုတ်ပြန်ထားသည်။

ပြင်သစ်နိုင်ငံရှိ လေဆိပ်များတွင် ဗုံးခြိမ်းခြောက်မှုများ ဖြစ်ပွား

ပြင်သစ်နိုင်ငံရှိ လေဆိပ်များတွင် ဗုံးခြိမ်းခြောက်မှုများ ဖြစ်ပွား

 

    ပြင်သစ်နိုင်ငံရှိ လေဆိပ်များတွင် ဗုံးခြိမ်းခြောက်မှုများကြောင့်  တာဝန်ရှိသူများက ပြည်သူများအား အောက်တိုဘာလ ၁၈ ရက်တွင် ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရ ကြောင်း BFMTV  ရုပ်သံသတင်းဌာနက ထုတ်ပြန်သည်။

ယူကရိန်းမောင်းသူမဲ့လေယာဉ် ၂၈ စင်းကို ရုရှားကြားဖြတ်တိုက်ခိုက်

ယူကရိန်းမောင်းသူမဲ့လေယာဉ် ၂၈ စင်းကို ရုရှားကြားဖြတ်တိုက်ခိုက်

 

     ရုရှားတပ်များသည် ယူကရိန်းမောင်းသူမဲ့လေယာဉ်  ၂၈ စင်းကို  ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက အောက်တိုဘာလ ၁၈ ရက်တွင် ထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံတွင် မီးရထားတစ်စင်း လမ်းချော်မှုဖြစ်ပွား ၃၂ ဦးဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံတွင် မီးရထားတစ်စင်း လမ်းချော်မှုဖြစ်ပွား ၃၂ ဦးဒဏ်ရာရ

 

    အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာအထူး ဒေသကြီးတွင် အောက်တိုဘာလ ၁၇ ရက်တွင်     မီးရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားရာ အနည်းဆုံးလူ ၃၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး အဖွဲ့က ထုတ်ပြန်သည်။

အီဂျစ်တို့က နှစ်ပေါင်း ၃၄၀၀ သက်တမ်းရှိ သင်္ချိုင်းတစ်ခုကို မင်းယာဒေသ၌ တွေ့ရှိ

အီဂျစ်တို့က နှစ်ပေါင်း ၃၄၀၀ သက်တမ်းရှိ သင်္ချိုင်းတစ်ခုကို မင်းယာဒေသ၌ တွေ့ရှိ

 

    နှစ်ပေါင်း ၃၄၀၀ သက်တမ်းရှိပြီဖြစ်သည့် သင်္ချိုင်းတစ်ခုကို အီဂျစ်နိုင်ငံ မင်းယာ ဒေသ၌တွေ့ရှိကြောင်း  အီဂျစ်ခရီးသွား လုပ်ငန်းနှင့် ရှေးဟောင်းပစ္စည်း ဝန်ကြီးဌာန က အောက်တိုဘာလ ၁၅ ရက်တွင် ထုတ်ပြန် သည်။

အဆိုပါသချုႋင်းသည် ဘုရင့်နိုင်ငံတော်သစ်အဖြစ် သတ်မှတ်နိုင်သော ရှေးခေတ် အီဂျစ်တို့၏ တာဝန်ရှိသူများ၊ ဘာသာရေး ဆရာများနှင့် ဆက်စပ်ပတ်သက်သူများကို  သင်္ဂြုဟ်ရာနေရာဖြစ်သည်။

အင်ဒိုနီးရှားအနေဖြင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ဟုဆို

အင်ဒိုနီးရှားအနေဖြင့် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ဟုဆို

 

    အင်ဒိုနီးရှားနိုင်ငံအနေဖြင့် ယခုနှစ်ကုန်တွင် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရနိုင်ဖွယ် ရှိကြောင်းနှင့်  ထိုအခြေအနေသည် နိုင်ငံ၏ သမိုင်းတစ်လျှောက်   အဆိုးဝါးဆုံးဖြစ်မည်ဟု ခန့်မှန်းရကြောင်း၊  အကြောင်းရင်းမှာ အယ်နီညိုရာသီဥတု

ဖြစ်စဉ်ကြောင့်ဖြစ်ကြောင်း  အင်ဒိုနီးရှား စာရင်းအင်းရုံးက အောက်တိုဘာလ ၁၆ ရက်တွင် ထုတ်ပြန်ထားသည်။

အမေရိကန်က INF ကိုချိုးဖောက်လျှင် ရုရှားက ကြေးမုံပြင်ကဲ့သို့ တုံ့ပြန်မည်

အမေရိကန်က INF ကိုချိုးဖောက်လျှင် ရုရှားက ကြေးမုံပြင်ကဲ့သို့ တုံ့ပြန်မည်

 

    အမေရိကန်နိုင်ငံအနေဖြင့် တာလတ်ပစ် နျူကလီးယားတပ်ဖွဲ့ (INF) စာချုပ်ကို ချိုးဖောက်ကာ တားမြစ်လက်နက်များကို ဥရောပ၌ ဖြန့်ကြက်ပါက ရုရှားနိုင်ငံကလည်း  ကြေးမုံပြင်ကဲ့သို့ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိဟု အီရန်ပြော

အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိဟု အီရန်ပြော

 

    အစ္စရေးတို့က ပါလက်စတိုင်းတို့အပေါ် ကျူးလွန်သည့်  ရာဇဝတ်မှုများအတွက် အမေရိကန်တွင် တာဝန်ရှိမည်ဖြစ်ကြောင်း အီရန်အစိုးရက အောက်တိုဘာလ ၁၆ ရက်တွင်ပြောသည်။