အားကစား

၂၀၂၂ ခုနှစ်၏ laureus ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံးအားကစား အသင်းဆုကို ယူရို ၂၀၂၀ ချန်ပီယံဆု ရရှိသည့် အီတလီအသင်း ဆွတ်ခူးရရှိ

၂၀၂၂ ခုနှစ် Laureus တစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲတွင် ကမ္ဘာ့တစ်နှစ်တာ အကောင်းဆုံး အားကစားအသင်းဆုကို ယူရို ၂၀၂၀ ချန်ပီယံဆုရရှိသည့် အီတလီအသင်းက ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အမှားကျူးလွန်မှု အများဆုံးကစားသမား စာရင်းတွင် မန်ယူအသင်းမှ မက်ဂွိုင်ယာ ထိပ်ဆုံးမှပါဝင်

Opta.com က စစ်တမ်းကောက်ယူ ဖော်ပြခဲ့သည့် ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ အမှားကျူးလွန်မှု အများဆုံး ကစားသမားစာရင်းတွင် မန်ယူအသင်းခံစစ်ကစားသမား  မက်ဂွိုင်ယာက ထိပ်ဆုံးမှပါဝင်နေပြီး  မန်ယူအသင်းမှ  ကစားသမားအများဆုံး ပါဝင်လာကြောင်း သိရသည်။

အိမ်ကွင်း၌ ဒေါ့မွန်အသင်းကို အနိုင်ရရှိပြီးနောက် ဘိုင်ယန်မြူးနစ်အသင်း ဂျာမန်ဘွန်ဒက်စ်လီဂါဆုဖလားကို ၁၀ နှစ်ဆက်စံချိန်တင်ဆွတ်ခူးနိုင်ခဲ့

ဂျာမန်ဘွန်ဒက်စ်လီဂါပြိုင်ပွဲ  ပွဲစဉ်  (၃၁) အဖြစ် ကစားသည့်     ဘိုင်ယန်မြူးနစ်အသင်းနှင့် ဒေါ့မွန်အသင်းတို့ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ်အသင်းက  အိမ် ကွင်း၌ အနိုင်ရရှိပြီးနောက် ပြိုင်ပွဲမပြီးမီ ၁၀ နှစ်ဆက် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။

ဥရောပထိပ်တန်းလိဂ်နှစ်ခုတွင် သွင်းဂိုး ၁၀၀ နှင့်အထက် သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် မန်ယူအသင်း ကစားသမားစီရော်နယ်ဒို မှတ်တမ်းဝင်

မန်ယူအသင်းတိုက်စစ်မှူး   စီရော်နယ်ဒိုသည် အာဆင်နယ်အသင်းနှင့်    မန်ယူအသင်းတို့ ကစားသည့်ပွဲစဉ်တွင် အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ပြီးနောက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀၀ ပြည့် မြောက်ခဲ့ပြီး ဥရောပထိပ်တန်းလိဂ် နှစ်ခုတွင် သွင်းဂိုး ၁၀၀ နှင့် အထက်သွင်းယူနိုင်သည့် ပထမဆုံးကစား သမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

(၃၁)ကြိမ်မြောက် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၏ အပြီးသတ် ကစားသမား စာရင်းကို မေ ၅ ရက်တွင် အတည်ပြုကြေညာမည်

(၃၁)ကြိမ်မြောက် ဆီးဂိမ်းဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း၏ အပြီးသတ် ကစားသမား စာရင်းကို မေ ၅ ရက်တွင် အတည်ပြုကြေညာမည်

ရန်ကုန်၊ အားကစား

မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း နည်းပြ ပိုပေါ့က (၃၁)ကြိမ်မြောက်ဆီးဂိမ်း ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ့လက် ရွေးစင် ယူ-၂၃ အသင်း၏ အပြီးသတ်ကစားသမား စာရင်းကို မေ ၅ ရက်တွင် အတည်ပြုကြေညာမည်ဖြစ်ကြောင်း သိရသည်။

လာမည့်ဘောလုံးရာသီ ဥရောပ အဆင့်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းအထိ ပါဝင်ခွင့် ရရှိဖွယ်ရှိနေ

လာမည့်ဘောလုံးရာသီ ဥရောပ အဆင့်ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ပြိုင်ပွဲဝင်အသင်း ကိုးသင်းအထိ ပါဝင်ခွင့် ရရှိဖွယ်ရှိနေ

လာမည့်ဘောလုံးရာသီ ဥရောပအဆင့် ပြိုင်ပွဲများတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှ စံချိန်တင်အဖြစ် ပြိုင်ပွဲဝင်အသင်းကိုးသင်းအထိ ပါဝင်ခွင့် ရရှိဖွယ်ရှိနေကြောင်း သိရသည်။

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ်အတွက် Hall of  Fame စာရင်းတွင် အီရန်ရိုဒ် ရှမိုက်ကယ် ပေါလ်စခိုး ဒရော့ဘာ ကွန်ပနီနှင့် အဂူရိုတို့ ထပ်မံပါဝင်လာ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ်အတွက် Hall of  Fame စာရင်းတွင် အီရန်ရိုဒ် ရှမိုက်ကယ် ပေါလ်စခိုး ဒရော့ဘာ ကွန်ပနီနှင့် အဂူရိုတို့ ထပ်မံပါဝင်လာ

ပရီးမီးယားလိဂ်ဘောလုံး အဖွဲ့ချုပ်၏ ၂၀၂၂ ခုနှစ် အတွက် Hall of  Fame စာရင်းတွင် အာဆင်နယ်အသင်း ကစားသမားဟောင်း အီရန်ရိုဒ်၊ မန်ယူအသင်း ကစားသမားဟောင်းများဖြစ်သည့် ရှမိုက်ကယ်၊ ပေါလ်စခိုး၊ ချယ်လ်ဆီးအသင်း ကစားသမားဟောင်း ဒရော့ဘာ၊ မန်စီးတီးအသင်း ကစားသမားဟောင်း အဂူရိုနှင့် ကွန်ပနီတို့ပါဝင်ခဲ့ကြကြောင်း သိရသည်။

လီဝန်ဒေါစကီးကို အသင်း၌ ဆက်လက်ရှိစေမည် ဖြစ်ပြီး မဖြစ်မနေရောင်းချရပါက ယူရို သန်း ၄၀ ရရှိမှသာ လက်ခံစဉ်းစားမည် ဖြစ်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းထုတ်ပြန်

ဘိုင်ယန်မြူးနစ် အသင်းက အသင်းမှတိုက်စစ်မှူး လီဝန်ဒေါစကီးကို   သက်တမ်းတိုးစာချုပ်ချုပ်ဆိုပြီး အသင်း၌ ဆက်လက်ရှိစေမည် ဖြစ်သော်လည်း မဖြစ်မနေရောင်းချရမည် ဆိုပါက ပြောင်းရွှေ့ကြေး  ယူရို သန်း ၄၀ ရရှိမှသာ လက်ခံစဉ်းစားမည် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဘရာဇီးအသင်းနှင့် အာဂျင်တီးနား အသင်းတို့ ဇွန် ၁၁ ရက်တွင် သြစတြေးလျနိုင်ငံ၌ ခြေစမ်းပွဲကစားမည်ဖြစ်ပြီး လက်မှတ်အစောင်ရေ ၉၅၀၀၀ အထိရောင်းချခဲ့ရ

တောင်အမေရိက   ထိပ်သီးအသင်း နှစ်သင်းဖြစ်သည့် ဘရာဇီးအသင်းနှင့်  အာဂျင်တီးနားအသင်း တို့သည်  ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်  အသိအမှတ်ပြု နိုင်ငံတကာခြေစမ်းပွဲကာလဖြစ်သည့် ဇွန် ၁၁ ရက်တွင် သြစတြေးလျ နိုင်ငံ၌ ခြေစမ်းပွဲကစားမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အတွက် လက်မှတ်အစောင်ရေ  ၉၅၀၀၀ အထိရောင်းချ ခဲ့ရကြောင်း သိရသည်။

(၃၁) ကြိမ်မြောက်ဆီးဂိမ်းအတွက် မြန်မာ့လက်ရွေးစင် ယူ-၂၃ အသင်း ယူအေအီးနိုင်ငံ၌ စခန်းသွင်း လေ့ကျင့်လျက်ရှိ

ဗီယက်နမ်နိုင်ငံက   အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့်  (၃၁)  ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ (ဆီးဂိမ်း)အတွက်  မြန်မာ့လက်ရွေးစင် ယူ- ၂၃ အသင်းသည်  ဧပြီ  ၁၇  ရက်က ယူအေအီးနိုင်ငံသို့ထွက်ခွာခဲ့ပြီး ယူအေအီးနိုင်ငံ၌ စခန်းသွင်းလေ့ကျင့်လျက် ရှိကြောင်း သိရသည်။