SJ WorldNews - шаблон joomla Авто

ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်၏အရှိန်ကြောင့် နောက်နှစ်ရက်အတွင်း စစ်ကိုင်း၊ မန္တလေး၊ မကွေး တိုင်းဒေသကြီးတို့နှင့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင် ၂၅ မိုင်မှ မိုင် ၃ဝ အထိ လေပြင်းတိုက်ခတ်နိုင်

Wednesday, 20 May 2020 09:19 Written by  font size decrease font size decrease font size increase font size increase font size

ယနေ့ည ၉ နာရီခွဲအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသောအလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)သည် မြောက်ဘက်သို့ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းသို့ရောက်ရှိခဲ့ကာ အိန္ဒိယနိုင်ငံ ပါရာဒစ်ပ် မြို့ သြရိဿ၏တောင်ဘက်ရေမိုင် ၁၇၅ မိုင်ခန့်၊   ဒီဂါမြို့၏တောင်ဘက် ရေမိုင် ၂၅၅ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်ပူပါရာမြို့၏အနောက်တောင်ဘက် ရေမိုင် ၃၃ဝ မိုင်ခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်နှင့် စစ်တွေမြို့၏အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၇ဝ မိုင်ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။

 

အလွန့်အလွန်အားကောင်းသော  ဆိုင်ကလုန်းမုန်တိုင်း  အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု      သတ်မှတ်သည်။

အလွန့်အလွန်အားကောင်းသောဆိုင် ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)၏ တည်နေရာ၊ ဗဟို ချက်လေဖိအားနှင့် လေတိုက်နှုန်းအနေဖြင့် အဆိုပါအလွန့် အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း တည်နေရာ၊ ဗဟိုချက် လေဖိအားနှင့် လေတိုက်နှုန်းအနေဖြင့် အဆိုပါအလွန့် အလွန်အား ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန် (AMPHAN)သည် ည ၆ နာရီခွဲအချိန်တွင် မြောက် လတ္တီတွဒ် ၁၇ ဒသမသုည ဒီဂရီနှင့် အရှေ့လောင်ဂျီတွဒ် ၈၇ ဒသမသုည ဒီဂရီတွင်ရှိပြီး ဗဟိုချက် လေဖိအား၉၅ဝ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၁၂ဝ နှုန်း ဖြစ် သည်။ မုန်တိုင်း၏လက်ရှိရွေ့လျားနှုန်းမှာ တစ်နာရီလျှင် ၁၁ မိုင်နှုန်းဖြစ်သည်။

နောက် ၄၈ နာရီအတွင်း ခန့်မှန်းချက်အနေဖြင့် အဆိုပါအလွန့်အလွန်အားကောင်းသော   ဆိုင်က လုန်းမုန်တိုင်း  အမ်ဖန်(AMPHAN)သည် မြောက်-အရှေ့မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံကမ်းခြေဒေသများကို ဖြတ်ကျော် ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။

မိုးရွာသွန်းမှု အခြေအနေခန့်မှန်းချက်အနေဖြင့် အဆိုပါအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်း မုန်တိုင်း အမ်ဖန်(AMPHAN) ၏ အရှိန်ကြောင့် ၁၉-၅-၂ဝ၂ဝ မှ ၂၁-၅-၂ဝ၂ဝ ရက်အတွင်း နေပြည် တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား နှင့် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာပြီး မန္တလေးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊  ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

မြေပြင်လေတိုက်ခတ်မှုအခြေအနေခန့်မှန်းချက်အနေဖြင့် အဆိုပါအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအမ်ဖန်(AMPHAN)၏ အရှိန်ကြောင့် ၁၉-၅-၂ဝ၂ဝ မှ ၂၁-၅-၂ဝ၂ဝ ရက်အတွင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် တစ်နာရီလျှင်၂၅ မိုင်မှ မိုင် ၃ဝ အထိ တိုက်ခတ်နိုင်သည်။

မြန်မာ့ပင်လယ်ပြင်အခြအနေခန့်မှန်းချက်အနေဖြင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်ကြီးရာမှ လှိုင်း အလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင် အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ၁ဝ ပေမှ၁၆ ပေခန့်ရှိနိုင်သည်။ မုတ္တမကွေ့၊ မွန်တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံမိုးသက်လေပြင်းများကျရောက်ပြီး လှိုင်း အသင့်အတင့်မှ လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄ဝ အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုး တန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်၈ ပေမှ ၁ဝ ပေခန့်ရှိနိုင်သည်။

သတိပေးနှိုးဆော်ချက်အနေဖြင့် အဆိုပါအလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)၏အရှိန်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည့်အခြေအနေများကို မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ကမ်းဝေးသွားလာနေကြသော ငါးဖမ်းရေ

ယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်းကောင်း၊ ဆိုးရွားသည့် မိုးလေဝသအခြေအနေများကို လေကြောင်းပျံသန်းရေးအနေဖြင့်လည်းကောင်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ် ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်ထားသည်။

Read 35 times
Rate this item
(0 votes)
Last modified on Wednesday, 20 May 2020 09:21