မိခင်နို့တိုက်ကျွေးခြင်းဖြင့် ကျန်းမာသောအနာဂတ်ဆီလျှောက်လှမ်းကြစို့
၁၉၉၂ ခုနှစ်မှစ၍ သြဂုတ်လပထမပတ်ကို World Breastfeeding Week (မိခင်နို့ချို တိုက်ကျွေးခြင်းဆိုင်ရာရက်သတ္တပတ်)အဖြစ် သတ်မှတ်ခဲ့သည်။ ယင်းသို့သတ်မှတ်ခဲ့သော ရည်ရွယ်ချက်မှာ မိခင်နို့တိုက်ကျွေးခြင်း၏ အကျိုးကျေးဇူးများကို ပိုမိုသိရှိလာစေရန်နှင့် မိခင်နို့တိုက်ကျွေးခြင်း အလေ့အထများကို ပိုပြီးအားကောင်းလာစေရန် ရည်ရွယ်ပါသည်။