ဆောင်းပါးများ

လဝါခေါင်

လဝါခေါင်

    ပုဂံခေတ်ထိုးကျောက်စာများတွင် ဝါခေါင်လကို “နံကာ”လဟု သုံးလေ့ရှိသည်။ ဝါခေါင်တွင် “ဝါ”က တစ်ပုဒ် “ခေါင်”က တစ်ပုဒ်ဖြစ်သည်။ “ဝါ” ဝေါဟာရကို အများသိပြီးဖြစ်ပေသည်။  “ခေါင်”ကိုမူ ဤသို့ဖွင့်ဆိုကြပေ၏။ ခေါင်၊ အိမ်ခေါင်၊ ထွတ်ခေါင်၊ ခေါင်လူကြီး၊ ခေါင်ဖျား၊ ထိပ်ခေါင်တင်၊ ဖုရားခေါင်ကြီး စသည်ဖြင့် အထွတ်အထိပ်အစွန်အဖျား၊ အမြင့်အမြတ်၊ အကြီးအကဲဟူသော အဓိပ္ပာယ်နှင့် ဝေးကွာခြင်း အဓိပ္ပာယ်ကို ဆောင်ပေသည်။ အခြားတစ်နည်းမှာ အလယ်ခေါင်၊ နေ့လယ်ခေါင်၊ သန်းခေါင် စသည်ဖြင့် အလယ်ဗဟိုဟု ဆိုလိုပေသည်။

အဝေးမှလာ၍ဖူးမြော်ခဲ့သည် မာရဝိဇယမြတ်ဘုရားဆီ

အဝေးမှလာ၍ဖူးမြော်ခဲ့သည် မာရဝိဇယမြတ်ဘုရားဆီ

    မြဝတီသတင်းစာကို ဖတ်ရှုနေကြတဲ့ စာချစ်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေရှင့်။

    ယခုမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို    သွားရောက်ဖူးမြော်ခဲ့မှုနဲ့ပတ်သက်ပြီး မိမိကိုယ်တိုင်လည်းကြည်ညို သဒ္ဓါပွားမိသလို   စာချစ်သူအပေါင်းလည်း မိမိနဲ့ထပ်တူ   ကုသိုလ်အဖို့ရရှိစေရန် ရည်မျှော်ကာ   ဤဆောင်းပါးလေးကို ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နှင့် ကလေးများအတွက် အရေးပါသော အိုင်အိုဒင်းဓာတ်

ကိုယ်ဝန်ဆောင်နှင့် ကလေးများအတွက် အရေးပါသော အိုင်အိုဒင်းဓာတ်

    နှစ်စဉ် သြဂုတ်လသည် အာဟာရဖွံ့ဖြိုးရေးရက် သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်သည့်လဖြစ်သည်။ သြဂုတ်လ၏ ပထမပတ်သည် ကမ္ဘာ့မိခင်နို့တိုက်ကျွေး ရေး ရက်သတ္တပတ်ဖြစ်ပြီး  ဒုတိယပတ်သည်  ငါးနှစ် အောက်ကလေးများနှင့်   ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်သည်။ တတိယ ပတ်သည်   ကိုယ်ဝန်ဆောင်နှင့်   နို့တိုက်မိခင်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်ဖြစ်ပြီး စတုတ္ထပတ် သည် အိုင်အိုဒင်းချို့တဲ့မှု ပပျောက်ရေး ရက်သတ္တပတ် ဖြစ်သည်။