ဆောင်းပါးများ

ဆေးဖက်ဝင်သော လိုက်ချီးသီးအကြောင်း သိမှတ်ဖွယ်ရာ အဖြာဖြာ

လိုက်ချီးရာဇဝင်

အင်္ဂလိပ်အမည် Litchi  သို့မဟုတ် Lychee ဟုခေါ်သည်။ ရုက္ခဗေဒအခေါ် Litchi chinensis ဖြစ်၍ Sapindaceae မျိုးရင်းဖြစ်သည်။ မြန်မာပြည်တွင် လိုက်ချီးသီး၊ လိုင်ချီးသီး၊ လေချူသီး၊ တရုတ်ဆီးသီး ဟု ခေါ်ကြသည်။ လိုက်ချီးပင်တို့ ပေါက်ရောက်ရာ

ပန်းနာရင်ကျပ်နှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်နည်း

တရွှီရွှီမြည်ကာ ချွေးသီးချွေးပေါက်ကျ၍ အသက်ကို မနည်းရှူနေရသော ရင်ကျပ်ဝေဒနာသည်များကို မကြာခဏတွေ့ဖူးကြပါလိမ့်မည်။ ''ပန်းနာသည်''၊ ''ရင်ကျပ်သည်''ဆိုလျှင် ပိန်ပိန်ကပ်ကပ်၊ ရှူနာရှိုက်ကုန်း ကလေးများဟု စာဖတ်သူတို့၏ အာရုံထဲတွင် ချက်ချင်း မြင်လာပေလိမ့်မည်။ ဤသို့သော နာတာရှည်ရောဂါဆိုး တစ်ခုနှင့် ပျော်ရွှင်ချမ်းသာစွာ နေထိုင်၍ဖြစ်သည်ဆိုလျှင် သင်ယုံကြည်နိုင်ပါမည်လား။ မယုံမရှိပါနှင့်။

ပန်းနာရင်ကျပ်ရောဂါနှင့် ပျော်ရွှင်ချမ်းသာစွာ လူ့ဘဝ၏ အရည်အသွေး ပြည့်ပြည့်ဝဝဖြင့်    သက်တမ်းစေ့နေထိုင်ရန် ကာကွယ်ကုသနိုင်ပါသည်။

ပေါလ်စခိုးပေးတဲ့ဥပမာ

အသင့်ထုတ်မော်ကျူး အစိတ်အပိုင်းများဖြင့် တည်ဆောက်မည့် အနာဂတ် မိုးမျှော်တိုက်များ

အသင့်ထုတ်  အစိတ်အပိုင်းများကို အသုံးပြု၍  ပေပေါင်း ၆၃၀  အထိမြင့်သော  ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ နှစ်ခုကို စင်ကာပူနိုင်ငံ၌ ဆောက်လုပ်နေပြီး ယင်းစီမံကိန်းကို Avenue South Residences    ဟု  အမည်ပေးထားကာ  ADDP ခေါ် ဗိသုကာပညာရှင်များက တာဝန်ယူဆောင်ရွက်နေခြင်း ဖြစ်သည်။

ADDP မှ  ဒီဇိုင်းဆွဲဆောက်လုပ်ခဲ့သည့် အသင့်ထုတ်ပစ္စည်း အစိတ်အပိုင်းများကို အသုံးပြုသော  အဆောက်အအုံ များထဲတွင်  Clement Canopy မှာ အမြင့်  ၄၅၉  ပေဖြင့်  ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံအဖြစ် စင်ကာပူနိုင်ငံ၌ တည်ရှိနေသည်။

ဘယ်လို တိရစ္ဆာန်တွေက လိင်နှစ်မျိုးပိုင်ဆိုင်ပြီး လိင်အမျိုးအစားကို ပြောင်းလဲနိုင်တာလဲ

ဒါဝင်ရဲ့ ဆင့်ကဲပြောင်းလဲမှု သီအိုရီအရဆိုရင် သားရဲတွေဟာ သူတို့ရဲ့ကမ္ဘာမှာ အသက်ရှင် သန်ရပ်တည်နိုင်ဖို့နဲ့ အောင်မြင်စွာ မျိုးပွားနိုင်ဖို့အတွက် ဇီဝရုပ်တွေကို ပတ်ဝန်းကျင် အခြေအနေနဲ့ လိုက်လျောညီထွေမှုရှိစွာ ပြောင်းလဲရလေ့ရှိတယ်လို့ ဆိုပါတယ်။

အမဲလိုက်ဖို့နဲ့ ထွက်ပြေးဖို့အတွက် ပုံဖျက်ဖုံးကွယ်မှုကို အသုံးပြုတဲ့ တောရိုင်းတိရစ္ဆာန်များမှသည် သစ်ပင်တွေမှာထက် အဆောက်အအုံတွေမှာ အသိုက်ဖွဲ့ရတဲ့ မြို့ပေါ်ရှိငှက်တွေအထိ သူတို့အားလုံးရဲ့ အသက်ရှင်သန် ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေ ပြောင်းလဲနိုင်မှုက အရေးပါ ပါတယ်။

ရောဂါပိုး ကူးစက်မှု ထိန်းချုပ်နိုင်ရေး အတွက် ချဉ်းကပ်မှုပုံစံအသစ် လုပ်ဆောင်လာသည့် သြစတြေးလျ

သြစတြေးလျနိုင်ငံရှိ ဒုတိယမြောက် လူဦးရေ အထူထပ်ဆုံးသော ပြည်နယ်ဖြစ်သည့်  ဗစ်တိုးရီးယား ပြည်နယ်၌ နိုဗယ်ကိုရိုနာဗိုင်းရပ်ပိုးကူးစက်မှု မြင့်တက်နေစဉ် အစိုးရက ရောဂါပိုးကူးစက်မှု ထိန်းချုပ် နိုင်ရေးအတွက် ချဉ်းကပ်မှုပုံစံအသစ်တစ်မျိုး လုပ်ဆောင်ရန်  စီစဉ်ခဲ့သည်။ အဆိုပါ လုပ်ဆောင်မှုမှာ ပြည်သူများ ရောဂါပိုးကူးစက်ခံထားရခြင်း ရှိ၊ မရှိကို စောင့်ကြည့်သည့် စင်တာများ၌ လက်နက်ကိုင် တပ်ဖွဲ့မှ စစ်သည်များအား ဖြန့်ကြက်ရန်စီစဉ်ခြင်း ဖြစ်သည်။

မြစ်တို့၏ သဘော

ယမန်နေ့မှအဆက်

''ညီမရယ်။ အစ်မမှားပါတယ်ကွယ်။ အစ်မ တောင်းပန်ပါတယ်ကွယ်။ အစ်မပြောတာဆိုတာတွေကို ခွင့်လွှတ်ပါ''ဒေါ်လှမြတ်မင်းသည် ဆန့်ကျင်ဘက် အနေအထားသို့ ချက်ချင်းလျှောကျသွားလေ၏။ သူသည် အထက်စီးမှပြောစဉ်က မတရားပြောခဲ့၊ မညှာမတာပြောခဲ့သလောက် ခယတောင်းပန်ရမယ့် အနေအထားသို့ရောက်ပြန်တော့လည်း မျက်ရည်စမ်းစမ်းနှင့် ဒူးတုပ်တောင်းပန်တော့မလို ဖြစ်နေလေ ၏။

အနတ္တ လက္ခဏသုတ် ဟောကြားရာ ဝါဆိုလပြည့်ကျော် ၅ ရက်

''ရုပ်ကားဓာတ်မျှ၊ အနတ္တတည်း၊ သတ္တစနစ်၊ အတ္တဖြစ်လျှင်၊ အစဉ်ဖြစ်ပျက်၊ နှိပ်စက်ဖို့သာ၊ မဖြစ်ရာ တည်း။ငါ၏ရုပ်မှာ၊ ဤပုံသာလျှင်၊ ဖြစ်ပါစေသား၊ ဤပုံအားဖြင့်၊ ဆိုးဝါးယွင်းယို၊ မဖြစ်လိုဟု၊ ဆိုတ တိုင်းသာ၊ ဖြစ်ခဲ့ရာ၏။ ခုမှာသက်သက်၊ အပျက်ပျက်ဖြင့်၊ နှိပ်စက်ခြင်းငှာ၊ ဖြစ်ခဲ့ပါ၏။ လိုရာရုပ်ကောင်း၊ သူပန်တောင်းလည်း၊တောင်းတိုင်းမရ၊ အဆိုးရခဲ့၊ တွက်ဆသေချာ၊ ဤခြင်းရာကြောင့်၊ ရုပ်မှာအတ္တ၊ ရှာမရဘဲ။ အနတ္တစစ်၊ တကယ်ဖြစ်ဟု၊ ရှင်ချစ်ဒေသနာ၊ အဟောလာ၏။''

ကော်ဖီ ကဖင်းဓာတ်နှင့် ကျန်းမာရေး

အပိုင်း(၁)

ကော်ဖီနှင့် လက်ဖက်ရည်မှာ   ကမ္ဘာ့လူသားတို့ နှစ်သက်စွာ သောက်သုံးကြသည့်  သောက်သုံးဖွယ် တစ်မျိုးဖြစ်သည်။ကမ္ဘာပေါ်တွင် ရေပြီးလျှင် အများဆုံး သောက်သုံးကြသည့် အရည်တစ်မျိုးမှာ ကော်ဖီ ဖြစ်သည်။ကော်ဖီ၊ လက်ဖက်ရည် နှစ်မျိုးစလုံးမှာ ကဖင်းဓာတ်ပါဝင်သည်။ ကဖင်းဓာတ်သည် ခန္ဓာကိုယ် လန်းဆန်းတက်ကြွနေစေဖို့ အားပေးသည်။   ကဖင်းဓာတ်၏ အကျိုးအာနိသင်ကို  လိုလားခြင်းကြောင့် ကော်ဖီနှင့်လက်ဖက်ရည်ကို   မှီဝဲသောက်သုံး နေကြသူတွေလည်း ရှိသည်။

ကဖင်းဓာတ်ကို အပင်အတော်များများ၏ အစေ့အဆန်၊ သစ်သီးနှင့် အရွက်တွေထဲတွင် တွေ့နိုင်သည်။

တရုတ်တိုင်ပေသို့ ဆယ်စုနှစ်အတွင်း ပထမဆုံး သွားရောက်မည့် အမေရိကန် ကျန်းမာရေးဝန်ကြီး

ကုန်သွယ်ရေး၊ ကိုရိုနာဗိုင်းရပ်အရေး၊ သံတမန်ရေးနှင့် နယ်မြေပိုင်ဆိုင်ရေးအတွက် စစ်ရေးတို့အဘက် ဘက်၌ တင်းမာမှု မြင့်တက်နေချိန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့  တရုတ်တိုင်ပေနှင့် ဆက်ဆံရေးကို ပြန်လည် အသက်သွင်းရန် တရားဝင် စတင်ကြိုးစားလာပြီ ဖြစ်သည်။

မကြာမီရက်များအတွင်း ထရမ့်ကိုယ်စား အမေရိကန် ကျန်းမာရေးဝန်ကြီး  အလက်ဇ်အေဇာ တရုတ်တိုင်ပေသို့  သွားမည့်ခရီးစဉ်ရှိပြီး အကြောင်းပြချက်သည် ဗိုင်းရပ်အရေးကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ခြင်းနှင့် အမေရိကန်သို့ ရောဂါနှင့်ဆေးဝါးဆိုင်ရာ အချက်အလက်များ မျှဝေခဲ့ခြင်းကြောင့် အမေရိကန်၏ ထောက်ခံမှုကိုပြသခြင်းဟု ပြောသည်။