ကျေးဇူးဆပ်ခွင့်ရရှိခဲ့ပါသည်
ရန်ကုန်တက္ကသိုလ်နှစ်(၁၀၀)၊ ရာပြည့်အထိမ်းအမှတ်အနေဖြင့် သတင်းစာများတွင် ရန်ကုန်တက္ကသိုလ် ကျောင်းသား/ကျောင်းသူဟောင်းများမှ တက္ကသိုလ်ကျောင်းတော်ကြီးအား လွမ်းဆွတ်တမ်းတ သတိတရ ရေးသားထားသည့် ဆောင်းပါးများကို ကျွန်တော်ဖတ်ရှုရပါသည်။ ရန်ကုန်တက္ကသိုလ်တွင် ပညာသင်ကြား ခဲ့ကြဖူးသော ယခုလက်ရှိ အသက် ၆၀ ကျော် ၈၀ နီးပါး ကျောင်းသား၊ ကျောင်းသူဟောင်းကြီးများ ၏ဆောင်းပါးများကို ဖတ်ရှုရသည့်အတွက် ခေတ်အဆက်ဆက်နှင့် စပ်လျဉ်းသော ဗဟုသုတများစွာကို ကျွန်တော်ရရှိခဲ့ပါသည်။ နောင်လာနောက်သားများအတွက် တန်ဖိုးရှိလှသော သမိုင်းအထောက်အထားများ လည်းဖြစ်ပါသည်။
![](http://myawady.net.mm/sites/default/files/styles/medium/public/fdsfgsehgfgd4.jpg?itok=hsErWdhs)
![](http://myawady.net.mm/sites/default/files/styles/medium/public/fdsfgsehgfgd5.jpg?itok=C3eyYbjX)
![](http://myawady.net.mm/sites/default/files/styles/medium/public/fdsfgsehgfgd6.jpg?itok=hknVIykf)
![](http://myawady.net.mm/sites/default/files/styles/medium/public/fdsfgsehgfgd7.jpg?itok=UmogA9TM)