နိုင်ငံတကာသတင်း

တရုတ်က ရုရှားမှကျောက်မီးသွေးတင်သွင်းမှု တစ်ဟုန်ထိုးမြင့်တက်

တရုတ်နိုင်ငံအနေဖြင့် မတ်လတွင် ရုရှားနိုင်ငံမှကျောက်မီးသွေးတန်ချိန် ၁ ဒသမ ၄ သန်းအထိ တင်သွင်းခဲ့ကြောင်းနှင့်  ယင်းပမာဏသည်    ပြီးခဲ့သည့်နှစ်မတ်လက တင်သွင်းသည့် တန်ချိန် ၅၉၀၀၀၀ နှင့် ဖေဖော်ဝါရီလက တင်သွင်းသည့်တန်ချိန် ၁ ဒသမ ၁ သန်းတို့နှင့်နှိုင်းယှဉ်ပါက ရုရှားနိုင်ငံမှဝယ်ယူတင်သွင်းမှု   တစ်ဟုန်ထိုး မြင့်တက်လာခြင်းဖြစ်ကြေ

သီရိလင်္ကာ၌ စက်သုံးဆီကုမ္ပဏီတစ်ခုက ဈေးကို ၃၅ ရာခိုင်နှုန်းအထိမြှင့်တင်

သီရိလင်္ကာနိုင်ငံရှိ အထင်ကရစက်သုံးဆီ ကုမ္ပဏီတစ်ခုက ဧပြီ ၁၈ ရက်မှာ သူတို့ရဲ့ စက်သုံးဆီဈေးနှုန်းများကို ၃၅ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်တာတွေ့ရပါတယ်။

ရုရှားက နျူကလီးယားလက်နက် အသုံးပြုနိုင်သည်ဟူသော စွပ်စွဲချက်များကို နိုင်ငံခြားရေးဝန်ကြီးပယ်ချ

ရုရှားအနေဖြင့် နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို အသုံးပြုနိုင်သည်ဟူသော   စွပ်စွဲချက်များကို နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ရော့က ပယ်ချလိုက်ကြောင်း သိရသည်။

အိန္ဒိယက ရုရှားမှစွမ်းအင်များကို တိုးမြှင့်တင်သွင်းရန် စီစဉ်ထား

အိန္ဒိယသွင်းကုန်လုပ်ငန်းရှင်များအနေဖြင့် လျှော့ဈေးဖြင့်ရရှိသည့်  ရုရှားနိုင်ငံမှ စွမ်းအင်များကို တိုးမြှင့်တင်သွင်းရန်စီစဉ်ထားကြောင်း  သတင်းဌာနများက ဖော်ပြထားသည်။

ဒါဘီအသင်း လိဂ်-၁ ပြိုင်ပွဲသို့ တန်းဆင်းရသော်လည်း ဒါဘီအသင်းပရိသတ်များက နည်းပြရွန်းနီကို သူရဲကောင်းသဖွယ် အားပေးထောက်ခံမှုများပြုလုပ်

ဒါဘီအသင်းအနေဖြင့် ကျူပီအာအသင်းကို ရှုံးနိမ့်ပြီးနောက် ပြိုင်ပွဲမပြီးဆုံးမီ အင်္ဂလန်ချန်ပီယံရှစ်ပြိုင်ပွဲ မှ လိဂ်-၁ ပြိုင်ပွဲသို့ တန်းဆင်းခဲ့ရသော်လည်း အသင်းပရိသတ်များက နည်းပြရွန်းနီကို သူရဲကောင်းသဖွယ် အားပေးထောက်ခံမှုများပြုလုပ်ခဲ့ကြကြောင်း   သိရသည်။

မန်ယူအသင်းက အေဂျက်အသင်းနည်းပြ တန်ဟတ်ကိုခန့်အပ်ရန် သဘောတူညီမှုရရှိ၍ ယခုရက်ပိုင်းအတွင်း အတည်ပြုကြေညာမည်

မန်ယူအသင်းက ယခုဘောလုံးရာသီအကုန်တွင် အမြဲတမ်းနည်းပြအဖြစ်   အေဂျက်အသင်းနည်းပြ တန်ဟတ်ကို ခန့်အပ်ရန် အပြီးသတ်သဘောတူညီမှုရရှိ၍  ယခုရက်ပိုင်းအတွင်း  အတည်ပြုထုတ်ပြန် ကြေညာမည် ဖြစ်ကြောင်း သိရသည်။

ဖိလစ်ပိုင်၌ မီဂျီအပူပိုင်း မုန်တိုင်းတိုက်ခတ်၊ ၂၄ ဦးသေဆုံး

ဖိလစ်ပိုင်၌ မီဂျီအပူပိုင်း မုန်တိုင်းတိုက်ခတ်၊ ၂၄ ဦးသေဆုံး

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းပြည်နယ်၌ ဧပြီ ၁၀ ရက်နံနက်ပိုင်းတွင် မီဂျီအပူပိုင်း မုန်တိုင်းတိုက်ခတ်မှုကြောင့် ရေလွှမ်းမိုးမှုများနှင့် မြေပြိုမှုများဖြစ်ပွားရာ အနည်းဆုံး၂၄ ဦးသေဆုံးပြီး  တစ်ဦးပျောက်ဆုံးနေကြောင်း  အစိုးရက ဧပြီ ၁၁ ရက်တွင် ထုတ်ပြန်သည်။ 

လော့အိန်ဂျလိ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

လော့အိန်ဂျလိ၌ သေနတ်ပစ်ခတ်မှု ဖြစ်ပွား နှစ်ဦးသေ၊ လေးဦးဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု လော့အိန်ဂျလိမြို့၌  သေနတ်ပစ်ခတ်မှုဖြစ်ပွားရာ နှစ်ဦးသေဆုံးပြီး   လေးဦးဒဏ်ရာ ရရှိကြောင်း   ဒေသတွင်း တာဝန်ရှိသူများက ပြောသည်။

သေနတ်ပစ်ခတ်မှုသည် ဘလက်ကလေ ရိပ်သာလမ်း၌  ဧပြီ ၁၀ ရက် ဒေသစံတော်ချိန် ညနေ ၄ နာရီ  ၁၃ မိနစ်တွင် ဖြစ်ပွားခြင်းဖြစ်ကြောင်း    လော့အိန်ဂျလိ ခရိုင်ရဲတပ်ဖွဲ့က  သတိပေးချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၌ ဓာတုစက်ရုံပေါက်ကွဲ၊  ခြောက်ဦး သေဆုံး

အိန္ဒိယနိုင်ငံ အနောက်ပိုင်း၌ ဓာတုစက်ရုံပေါက်ကွဲ၊  ခြောက်ဦး သေဆုံး

အိန္ဒိယနိုင်ငံအနောက်ပိုင်း  ဂူဂျာရတ်ပြည်နယ်တွင်  ဓာတုစက်ရုံတစ်ရုံ အတွင်း၌ ပေါက်ကွဲမှုဖြစ်ပွားရာ ခြောက်ဦး သေဆုံးကြောင်း  ဧပြီ ၁၁ ရက်တွင် ရဲတပ်ဖွဲ့ကပြောသည်။

အဆိုပါပေါက်ကွဲမှုသည်   ဂူဂျာရတ်ပြည်နယ်မြို့တော် ဂန်ဟီနာဂါတောင်ဘက် ၂၅၅ ကီလိုမီတာအကွာ ဘာရတ်ခရိုင်ရှိ အာဟတ်စက်ရုံ၌ဖြစ်ပွားခြင်းဖြစ်သည်။

မြို့အတွင်းရှိ အချို့ဒေသတွင် ချမှတ်ထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်ကို ရှန်ဟိုင်းပြန်လည် ဖယ်ရှား

မြို့အတွင်းရှိ အချို့ဒေသတွင် ချမှတ်ထားသည့် ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်ကို ရှန်ဟိုင်းပြန်လည် ဖယ်ရှား

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ အာဏာပိုင် အဖွဲ့သည် မြို့အတွင်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း ဧပြီ ၁၁ ရက်မှစ၍  မြို့တော်၏ အချို့ဒေသများတွင်   ချမှတ်ထားသော ကန့်သတ်ချက်များကို ပြန်လည်ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။