နိုင်ငံတကာသတင်း

တောင်ကိုရီးယား လေတပ်  စစ်လေယာဉ်နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွား

တောင်ကိုရီးယား လေတပ်  စစ်လေယာဉ်နှစ်စင်း ခေါင်းချင်းဆိုင် တိုက်မှုဖြစ်ပွား

တောင်ကိုရီးယားနိုင်ငံ၌  ဧပြီ ၁ ရက်တွင်  လေတပ်စစ်လေယာဉ် နှစ်စင်း  ခေါင်းချင်းဆိုင်တိုက်မှု ဖြစ်ပွားရာ လေယာဉ်များပေါ်တွင် လိုက်ပါလာသူ လေးဦးစလုံး သေဆုံးသွားကြောင်း လေတပ်က ထုတ်ပြန်သည်။

ဗီယက်နမ်တွင် တစ်ရက်တည်းလူ ၇၂၅၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရ

ဗီယက်နမ်တွင် တစ်ရက်တည်းလူ ၇၂၅၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံကူးစက်ခံရ

  ဗီယက်နမ်နိုင်ငံတွင် ဧပြီ ၁ ရက်၌ လူ ၇၂၅၅၆ ဦး ကိုဗစ်-၁၉ ရောဂါပိုး  ထပ်မံကူးစက် ခံရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက  ထုတ်ပြန်သည်။

အဆိုပါ ကူးစက်မှုပမာဏသည် ပြီးခဲ့သည့် မတ် ၃၁ ရက်တွင် ရောဂါပိုးကူးစက်ခံရသူ ဦးရေနှင့် နှိုင်းယှဉ်ပါက ကျဆင်းလာခြင်းဖြစ်ပြီး ရောဂါပိုး ကူးစက်ခံရသူများအနက် တစ်ဦးသာ ပြည်ပနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယီမင်စစ်ပွဲအဆုံးသတ်ရန် ဆော်ဒီအာရေဗျ ကတိကဝတ်ပြု

ယီမင်စစ်ပွဲအဆုံးသတ်ရန် ဆော်ဒီအာရေဗျ ကတိကဝတ်ပြု

ဆော်ဒီအာရေဗျနိုင်ငံ အနေဖြင့် ယီမင်နိုင်ငံတွင် ဆင်နွှဲနေသည့်စစ်ပွဲကို အဆုံးသတ်ရန် ကတိကဝတ်ပြုထားကြောင်း  ယင်းနိုင်ငံက ဧပြီ ၁ ရက်တွင် ထုတ်ပြန်သည်။

ယီမင်နိုင်ငံတွင် ဆင်နွှဲနေသည့်စစ်ပွဲကို အဆုံးသတ်နိုင်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ကျင်းပပြီး သုံးရက်မြောက်နေ့တွင် ဆော်ဒီအာရေဗျက စစ်ပွဲကို အဆုံးသတ်ရန် ကတိပေးလိုက်ခြင်းဖြစ်သည်။

ယူကရိန်းအရေးတွင် ဘက်လိုက်မှုမရှိဘဲ ကြားနေခြင်းအပေါ် ရုရှားက အိန္ဒိယအား ချီးကျူး

ယူကရိန်းအရေးတွင် ဘက်လိုက်မှုမရှိဘဲ ကြားနေခြင်းအပေါ် ရုရှားက အိန္ဒိယအား ချီးကျူး

ယူကရိန်းအရေးတွင်   ဘက်လိုက်မှုမရှိဘဲ ကြားနေခြင်းအပေါ် ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က  အိန္ဒိယအစိုးရအား ချီးကျူး ပြောဆိုလိုက်ကြောင်းသိရသည်။

အိန္ဒိယနိုင်ငံသည် တစ်ဖက်သတ်အမြင်ဖြင့် ရှုမြင်ခြင်းမရှိဘဲ ကြားနေခြင်းအပေါ် ရုရှားနိုင်ငံက ချီးကျူးကြောင်း   အိန္ဒိယပြည်ပရေးရာ ဝန်ကြီး အက်ဂျာအီရှန်ကာနှင့် ဧပြီ ၁ ရက်တွင်တွေ့ဆုံ၍ ယူကရိန်းအရေးဆွေးနွေးစဉ်   ပြောကြားခြင်းဖြစ်သည်။

နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ထားဟု တရုတ်နှင့် ရုရှားပြော

နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ထားဟု တရုတ်နှင့် ရုရှားပြော

တရုတ်နှင့်   ရုရှားနိုင်ငံတို့ အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီကပြောသည်။

IS စစ်သွေးကြွ အဖွဲ့ဝင်ခုနစ်ဦးကို တူရကီဖမ်းဆီး

IS စစ်သွေးကြွ အဖွဲ့ဝင်ခုနစ်ဦးကို တူရကီဖမ်းဆီး

တူရကီရဲတပ်ဖွဲ့သည် နိုင်ငံတောင်ပိုင်းတွင် IS စစ်သွေးကြွအဖွဲ့ဝင်ဟု ယူဆရသူခုနစ်ဦးကို မတ် ၃၁ ရက်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အမေရိကန်က အီရန်ပြည်သူများအပေါ် တမင်ရန်လိုခြင်းဖြစ်ဟု အီရန်ပြော

အမေရိကန်က အီရန်ပြည်သူများအပေါ် တမင်ရန်လိုခြင်းဖြစ်ဟု အီရန်ပြော

နိုင်ငံအပေါ်ပိတ်ဆို့မှုအသစ်များ ထပ်မံချမှတ်ရန် အမေရိကန်အစိုးရက ဆုံးဖြတ်ခဲ့မှုအပေါ် အီရန်က မတ် ၃၁ရက်တွင် ပြစ်တင်ဝေဖန်လိုက်ပြီး  အမေရိကန်သည်  အီရန်ပြည်သူများအပေါ် တမင်ကြံရွယ်၍ ရန်လိုခြင်းဖြစ်ကြောင်း အီရန်အစိုးရက ပြောကြားသည်။

ပြည်တွင်းရေးတွင် ဆက်လက်ဝင်ရောက် စွက်ဖက်နေပါက တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည်ဟု သြစတြေးလျအား တရုတ်သတိပေး

ပြည်တွင်းရေးတွင် ဆက်လက်ဝင်ရောက် စွက်ဖက်နေပါက တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည်ဟု သြစတြေးလျအား တရုတ်သတိပေး

တရုတ်နိုင်ငံ၏  ပြည်တွင်းရေးတွင် ဆက်လက်ဝင်ရောက် စွက်ဖက်နေမည်ဆိုပါက သြစတြေးလျအနေဖြင့်  တန်ဖိုးကြီးမားစွာ ပေးဆပ်ရမည်ဖြစ်ကြောင်း တရုတ်စစ်ဘက်မှပြောရေးဆိုခွင့်ရှိသူ ဝူချန်းက မတ် ၃၁ ရက်တွင် ပြောကြားသည်။

စပိန်၌ စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်

စပိန်၌ စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ငွေကြေးဖောင်းပွမှု စံချိန်တင်မြင့်တက်

စပိန်နိုင်ငံ၌ စွမ်းအင်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ငွေကြေးဖောင်းပွမှုသည် ၃၇ နှစ်အတွင်း အမြင့်ဆုံးအဖြစ်  စံချိန်တင်မြင့် တက်လာကြောင်း အစိုးရ၏ မတ် ၃၀ ရက်ထုတ် စာရင်းဇယားတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားက လောင်စာခဲသုံး ဒုံးပျံကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်

တောင်ကိုရီးယားက လောင်စာခဲသုံး ဒုံးပျံကို ပထမဆုံးအကြိမ် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်

တောင်ကိုရီးယားနိုင်ငံက  လောင်စာခဲသုံး ဒုံးပျံကို ပထမဆုံးအကြိမ်အဖြစ် မတ်၃၀ ရက်တွင် အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ကြောင်း စစ်ဘက်က ထုတ်ပြန်ထားသည်။

ယခုကဲ့သို့  လောင်စာခဲအသုံးပြု အာကာသဒုံးပျံကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်မှုသည် ခြိမ်းခြောက်မှုများကို ပိုမိုကောင်းမွန်စွာ စောင့်ကြည့်နိုင်ရေးအတွက် ဂြိုဟ်တုများကိုပိုမို လွှတ်တင်သွားနိုင်စေမည် ဖြစ်ကြောင်း စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။