နိုင်ငံတကာသတင်း

မတ်လအတွင်း ကုန်ဈေးနှုန်းများ စံချိန်တင်ထပ်မံမြင့်တက်

ယူကရိန်းပဋိပက္ခဖြစ်ပွားနေစဉ် မတ်လအတွင်း ကမ္ဘာ့စားသောက်ကုန်ဈေးနှုန်းများ စံချိန်တင်ထပ်မံ မြင့်တက်လာကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့(FAO)က ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည်။

ဂျပန်က ပြည်ပမှ အနားယူ အပန်းဖြေသူများအတွက် နိုင်ငံကို ဖွင့်လှစ်ပေးဦးမည် မဟုတ်ဟု ဝန်ကြီးချုပ်ပြော

ဂျပန်နိုင်ငံအနေဖြင့် ပြည်ပမှလာရောက်မည့် အနားယူ အပန်းဖြေသူခရီးသွားများအတွက် နိုင်ငံကို ဖွင့်လှစ်ပေးဦးမည် မဟုတ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ဧပြီ ၈ ရက်တွင်ပြောသည်။

တောင်ကိုရီးယားအား တစ်ပတ်အတွင်း ဒုတိယအကြိမ် ထပ်မံ သတိပေးလာသည့် မြောက်ကိုရီးယား

တောင်ကိုရီးယားအား တစ်ပတ်အတွင်း ဒုတိယအကြိမ် ထပ်မံ သတိပေးလာသည့် မြောက်ကိုရီးယား

သံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းအား တုံ့ပြန်မည်ဟု ရုရှားပြော

သံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းအား တုံ့ပြန်မည်ဟု ရုရှားပြော

အနောက်နိုင်ငံအချို့က  ရုရှားသံတမန်များအား နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းကို အချိုးကျကျပြန်လည် တုံ့ပြန်သွားမည်ဖြစ်ကြောင်း  သမ္မတဟောင်းနှင့် ရုရှားလုံခြုံရေးကောင်စီဒုတိယ အကြီးအကဲ ဒီမီထရီမက်ဗီဒက်က ပြောသည်။

ရုရှားသံတမန်များအား  နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်းသည် နှစ်နိုင်ငံ ဆက်ဆံရေးအတွက် အဟန့်အတားဖြစ်ကြောင်း မက်ဗီဒက်က ၎င်း၏ တယ်လီဂရမ် စာမျက်နှာတွင် ဧပြီ ၄ ရက်နှောင်းပိုင်း၌ ရေးသားဖော်ပြသည်။

ကွန်ဂိုအရှေ့ပိုင်း၌ အစ္စလာမ်မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့်အရပ်သား ၂၁ ဦး သေဆုံး

ကွန်ဂိုအရှေ့ပိုင်း၌ အစ္စလာမ်မစ် စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့်အရပ်သား ၂၁ ဦး သေဆုံး

    ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ  ကျေးရွာတစ်ရွာအား အစ္စလာမ်မစ်စစ်သွေးကြွများက ဝင်ရောက် တိုက်ခိုက်ရာ အနည်းဆုံး အရပ်သား ၂၁  ဦးသေဆုံးကြောင်း ဒေသတွင်း လူ့အခွင့်အရေး အဖွဲ့နှင့် မျက်မြင်သက်သေ တစ်ဦးက ဧပြီ ၄ ရက်တွင်ပြောသည်။

ဘိုကိုဟာရမ် စစ်သွေကြွ ၁၅ ဦးက နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များထံ လက်နက်ချ

ဘိုကိုဟာရမ် စစ်သွေကြွ ၁၅ ဦးက နိုင်ဂျီးရီးယား တပ်ဖွဲ့ဝင်များထံ လက်နက်ချ

နိုင်ဂျီးရီးယား မီးရထား တိုက်ခိုက်ခံရမှု ခရီးသည် ၁၆၈  ဦး ပျောက်ဆုံးလျက် ရှိနေသေး

နိုင်ဂျီးရီးယား မီးရထား တိုက်ခိုက်ခံရမှု ခရီးသည် ၁၆၈  ဦး ပျောက်ဆုံးလျက် ရှိနေသေး

    နိုင်ဂျီးရီးယားနိုင်ငံ  အနောက်မြောက်ပိုင်း၌  ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက မီးရထားတစ်စင်း ဗုံးခွဲတိုက်ခိုက် ခံရမှုဖြစ်ပွားပြီးနောက်  တစ်ပတ်ကြာသွားသော်လည်းခရီးသည် ၁၆၈ ဦးမှာ ပျောက်ဆုံးလျက်ရှိနေ သေးကြောင်း    နိုင်ဂျီးရီးယား မီးရထား ကော်ပိုရေးရှင်းအဖွဲ့က ပြောသည်။

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်မည် မဟုတ်ဟု ကယ်ရီလမ်း တရားဝင်ပြော

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ဒုတိယသက်တမ်းအတွက် ယှဉ်ပြိုင်မည် မဟုတ်ဟု ကယ်ရီလမ်း တရားဝင်ပြော

ဟောင်ကောင် အုပ်ချုပ်ရေးမှူးရာထူး ဒုတိယသက်တမ်းအတွက်  ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု  လက်ရှိ အုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ဧပြီ ၄ ရက်တွင် တရားဝင်ပြောဆိုလိုက်သည်။

ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုဖြစ်ပွား ခြောက်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

ကယ်လီဖိုးနီးယားတွင် ပစ်ခတ်မှုဖြစ်ပွား ခြောက်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရ

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်၌ ဧပြီ ၃ ရက် အစောပိုင်းတွင် ပစ်ခတ်မှုဖြစ်ပွားရာ လူခြောက်ဦး သေဆုံးပြီး အနည်းဆုံးကိုးဦး ဒဏ်ရာ ရရှိသွားကြောင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ကဘူးမြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၁၀ ဦး ဒဏ်ရာရ

ကဘူးမြို့တော်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား ၁၀ ဦး ဒဏ်ရာရ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးမြို့တော်တွင် ဧပြီ ၃ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ လူ ၁၀ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။